Monday, November 19, 2012

Death





နိဂုံးအကြောင်း တွေးနေဆဲ
တစ်ခဏ
အများအဆို မိုးတိမ်မည်းကြီးက
ကောင်းကင်မှာ
ဖြူဖြူစင်စင်ကြီး မည်းတက်လာတယ်

ခြောက်အိပ်မက်တွေ မက်ရတော့မှာလား
ယူစရာ ပေးစရာ တွေ စီစစ်ရတော့မှာလား
မှာစရာ စကားလုံးတွေ ပြင်ဆင်ထားရတော့မှာလား

သိပ်တော့လည်း ရေးကြီးခွင်ကျယ် မ၇ှိလှပါဘူး

ဒီအကန့်ပိတ်ပြီး
နောက်အကန့်ထဲ သွား၇မယ့် ကိစ္စ
ဒီအမှောင်ထဲကနေ
ဟိုဘက် အမိုက်ထဲ သွားရမယ့် ကိစ္စ

သိပ်တော့လည်း ရေးကြီးခွင်ကျယ် မရှိလှပါဘူး

နိဂုံး ပြီးတော့လည်း နိဒါန်းဆီသို့ပေါ့။

မိုးအိမ်လူ
၂၈ ဖေဖော်ဝါရီ ၂၀၁၂

No comments:

Post a Comment