Monday, November 19, 2012

C ( စီ ) မဟုတ်တဲ့ င နောက်မှာ ကျွန်တော်က





Love မရှိတဲ့နေ့ Luck မရှိဘူး။ ကြံကြီးစည်ရာ ဥပါဒါန်ကြီးပါကွယ်
အခုတော့လည်း မထူးဇာတ်ခင်း ။ ရောရောယောင်ယောင် မိစ္ဆာကောင် အဖြစ်
အဆင်ပြေ ပြေ မပြေ ပြေ။ မိုးခါးရေတွေ ပြုံးပြုံးရွှင်ရွှင် သောက်သုံး
ညစ်စရာတွေက ဖျစ်ညှစ်တွေးစရာ မလိုဘဲ လမ်းကြောင်းထဲ ဘရိတ်ပေါက် ၀င်
ဘယ်က ၀င် ၀င် ညာက ၀င် ၀င် ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စိတ်ကို ညာထားတယ်
ဘယ်ကမ္ဘာမှာ ဖြစ်ဖြစ် ကျွန်တော်က ငနီ။ ရောက်တဲ့ အရပ် မိုးခေါင်
ရင်းနှီးသူတွေ လက်ဆွဲနှုတ်ဆက်တိုင်း ပြဿဒါးတွေ ကူးစက်သွား
နက္ခတ်တွေ ဂြိုဟ်ခွင်တွေ တွက်နေစရာမလိုဘူး။. ကျွန်တော်က ငနီ။
ကြာလာတော့ ကြောင်လာသလိုလို။ ကိုယ်တိုင်ရေး ငြိမ်းချမ်းရေး သီချင်းတွေ
ငနီကနေ ငတေ ဖြစ်သွားမလား။ အခုတော့လည်း မထူးဇာတ်ခင်း။
အနာအကျင်မရှိတဲ့ ဗီဇက ခပ်ကောင်းကောင်း ။ တောသားကြီးတွေလည်း မရိုးသားတော့ဘူး။
ဘ၀ တစ်ဆစ်ချိုး။ နှစ်ဆစ်ချိုး။ ကွေ့ရင်းတက်ရတဲ့ အတက်။ တက်ရင်းကွေ့ရတဲ့ အကွေ့။
ဂီယာကြီးတွေပဲ စိတ်သွန်ကိုယ်မှောက် ထိုး။ ညတွေ ကြယ်စုံ မစုံ မစစ်ဆေးဖြစ်တာကြာ။
Love မရှိတဲ့ နေ့ Luck မရှိဘူး။ Money မရှိတဲ့နေ့ Sunny မဖြစ်ဘူး။
Sad မရှိတဲ့နေ့ဟာ Dead နေ့ပဲ။ သဝေထိုး လုံးကြီးတင် ဆံခတ် ၀စ်စ နှစ်လုံး ပူး။
ဘာလဲမသိဘူး။
အဲဒီလို အဓိပ္ပာယ်မဲ့တဲ့ နေ့တွေမှာ လေပြင်းအတိုက်ခံရလို့ နှုတ်ခမ်းကွဲရှ။
အ , နေတဲ့ အကြောင်း ခပ်ဟဟ မပြောနိုင်တော့ဘူး.။
ကျွန်တော်က ငနီ။ ငတေ။ ငအ။ ငန။ ထို့အတူ ငဘ မဟုတ်ခဲ့ပြန်ဘူး။



မိုးအိမ်လူ
၁ မတ် ၂၀၁၂

No comments:

Post a Comment