Monday, October 31, 2011

ကောင်းကင်မဲ့သူများအကြောင်းနှင့် နောက်ဆက်တွဲ လမင်းပျောက်ဆုံးခြင်း




ထူးဆန်းစွာပဲ အခန်းနံရံပေါ်မှာ ကြယ်တွေ တောက်နေတယ်။ နံရံများ ပျောက်ဆုံးသွားပြီလားလို့ လက်နဲ့ ကိုင်ကြည့်လိုက်သေးတယ်။
မပျောက်ဘူး။ နံရံရဲ့ ဂုဏ်သတ္တိအပြည့်နဲ့ ထိတွေ့မှုကို ခံစားရတယ်။ ခက်တာက ကြယ်တွေပဲ။ ခက်တာက ကိုယ်က ကြယ်တွေအကြောင်း
ဘာမှ နားမလည်။ ကိုယ် သိတာဆိုလို့ ခုနှစ်စဉ်ကြယ်နဲ့ ဓူဝံကြယ်ပဲ သိတာ။ ရှာကြည့်လိုက်တော့ အမယ် သူတို့လည်း ရှိပါသကော။
ဒါဟာ ပြဿနာလား။ ဟုတ်တယ် ဒါဟာ ပြဿနာပဲ။ ကိုယ့် အခန်းနံရံမှာ ကြယ်တွေ တောက်နေတာ တစ်နည်းအားဖြင့် ကောင်းကင်
ရောက်နေတာ။ ကိုယ် ဘယ်လို လုပ်ရမလဲ။ မဖြစ်သေးဘူး။ ဒီကိစ္စကို လူတွေကို အသိပေးမှ။ အဲဒါလည်း မဖြစ်သေးဘူး။ တော်ကြာ
ထူးဆန်းအံ့ဖွယ်ဆိုပြီး လူတွေ ၀ိုင်းလာကြည့် သတင်းသမားတွေ လာကြည့် နဲ့ ကိုယ့်အခန်းတစ်ခုလုံး ရစရာမရှိဖြစ်သွားလိမ့်မယ်။
အရင်ဆုံး သူငယ်ချင်းတွေကို ခေါ်ပြရမလား။ အင်း ဟုတ်တယ် သူတို့နဲ့ တိုင်ပင်သင့်တယ်။ အရင်ဆုံးသတိရလိုက်တာက ပေါက်တတ်ကရ
တွေ အရမ်းတွေးတတ်တဲ့ ရင်နင့်အောင်ကြီး။ ဟုတ်တယ် ။ ရင်နင့်အောင်ကြီးက ခေါ်ပြရမယ်။ သူက ကိုယ့်ထက် အသက်ကော  အတွေး
အခေါ်ကော ကြီးတဲ့သူဆိုတော့ အဲ ကျန်တာတွေလည်း ကြီးချင်ကြီးမှာပေါ့နော် ။ ဟုတ်တယ် သူ့ကို ခေါ်ပြရမယ်။ ရင်နင့်အောင်ကြီးကို
ပြောပြတော့ သူက မယုံဘူး။ မဖြစ်နိုင်တာကွာ တဲ့။ လိုက်ကြည့်ဗျာဆိုပြီး အခန်းကို ခေါ်ပြီး ပြလိုက်တော့ သူ လည်း အံ့သြသွားတယ်။
ဟာ အမိုက်စားပဲ ငမိုးအိမ်ရာ ။ အာဗျာ ကျုပ်ကို အဲ့လို မခေါ်စမ်းပါနဲ့။ ဟုတ်တယ်လေ သူက အဲ့လိုခေါ်လိုက်တိုင်း ကိုယ့်နားထဲမှာ ငမိုးရိပ် ပဲ
ပြေးပြေး မြင်နေတာ။ အဲ့ဒါ ဘယ်လိုလုပ်မလဲ ဟေ့လူကြီး လို့ ကိုယ်က မေးတော့။ သူက မေးစေ့ကြီး ပွတ်ပြီး အင်း ကုန်ကြမ်းပဲ ကုန်ကြမ်း
ပဲ ဆိုပြီး နံရံ အဲ ကောင်းကင် နံရံပေါ့ဗျာ အဲဒီကြီးကို တွေတွေကြီး ရပ်ကြည့်နေလေရဲ့။ ခက်ပြီ ။ ဘယ်လိုလုပ်မလဲ ပြောဦးလေဗျာ လို့
ကိုယ်က အတင်းမေးတော့ အာ နေစမ်းပါ ငမိုးအိမ်ရာ ။ ဒီလို အံ့သြထူးဆန်းတဲ့ အဖြစ်မျိုးနဲ့ ကြုံတုန်း ၀တ္ထုကောင်းတစ်ပုဒ်ရအောင်
ကြိုးစားရမယ်ကွ။ ဟာဗျာ ခင်ဗျားကြီးကလည်း။ ဘယ်လိုပြောပြော ရမယ့်ပုံမပေါ်တော့ ကိုယ်လည်း စိတ်လေသွားတယ်။ ဒါဆိုလည်း နောက်တစ်ယောက် ရှာတာပေါ့။ စ တွေ့တာပဲ။ နေ့ခင်းကမှ နေလင်းထွန်းကြီးနဲ့ တွေ့ထားတာ။ အဲဒီလူကြီးကို မေးရမယ်။
သိပ်တော့မထူးပါဘူး။ သူကလည်း ထူးဆန်းအံ့သြပြီး ရင်နင့်အောင်ကြီးဘေးမှာ ထိုင်ချလိုက်တယ်။ အေးကွာ အမိုက်စားပဲ တဲ့။
ဟိတ်ကောင် မင်း အတုလုပ်ထားတာတော့ မဟုတ်ပါဘူးနော် တဲ့ သူက သံသယနဲ့ ပြန်မေးသေးတာ။ ဟာဗျာ ကျုပ်က အဲ့လောက်
အလုပ်ရှုပ်ခံ ပါ့မလားလို့ ကိုယ်က ပြန်ပြောလိုက်တယ်။ ဟုတ်တယ်လေ။ ဒီလောက် ကြယ်ပေါင်းသောင်းခြောက်ထောင် ရှိနေတဲ့
ကောင်းကင်ကြီးကို ကိုယ်က ဘယ်လို အတုလုပ်ရမလဲ။ လုပ်ရင်လည်း အတော်လက်ဝင်မှာ။ ကိုယ်က အဲ့လောက် ၀ီရိယ ကောင်းတဲ့သူ
ဇွဲရှိတဲ့သူလည်း မဟုတ်။ ခက်ပြီ။ ဒီလိုနဲ့ ကိုယ်လည်း ရှိသမျှ သူငယ်ချင်းတွေ အကုန်ခေါ်ပြတယ်။ မထူးပါဘူး။ အကုန်လုံး အမိုက်စားနဲ့
လွတ်လပ်လိုက်တာ လှလိုက်တာ နဲ့ စုံနေတာပဲ မှတ်ချက်တွေပေးပြီး တွေတွေကြီး ထိုင်နေကြတယ်။ ခက်တာက ကိုယ့်မှာ သူတို့
ခေါ်ထားတော့ ကိုယ့်အခန်းက ပျောက်နေပြီ။ အရေးထဲ ကောင်းကင်ကြီးက တစ်ခါတစ်ခါ တိမ်တွေ ဖြတ်ပြေးသွားလိုက် ကြယ်တွေ
ကြွေပြလိုက်နဲ့။ သူတို့ကို ဖမ်းစားထားသလို ဖြစ်နေတယ်လေ။ ဒီကဗျာဆရာ စာရေးဆရာတွေများ ထူးဆန်းတဲ့ ကိစ္စတောင်
ထူးဆန်းသလိုမနေဘဲ ခံစားချင်ရတာနဲ့ ဖွဲ့နွဲ့ချင်ရတာနဲ့။ နောက်ဆုံး ကိုယ်လည်း မတတ်နိုင်တဲ့ အဆုံး သက်ဆိုင်ရာကို အကြောင်းကြား
ရတယ်။ သိုသိုသိပ်သိပ် လုပ်ပေးဖို့လည်း ပြောရတယ်။ သူတို့တွေ ရောက်လာပြီး ပညာရှင်တွေ အကြောင်းကြား ပညာရှင်တွေကလည်း
ဟုတ်တိပတ်တိ မှတ်ချက် မပေးနိုင်ပါဘူး။ နောက်ဆုံး အသားမည်းမည်း ၀၀ ပုပုနဲ့ လူကြီးက ဒါကို အမျိုးသား ပြတိုက် ပို့သင့်တယ်လို့
ဆုံးဖြတ်ချက်ချလိုက်တယ်။ သေတာပဲ။ ၀န်ထမ်းတွေက နံရံကြီးကို အချပ်လိုက် ခွာပြီး မ သွားရော။ နံရံခွာချတာတောင် ကောင်းကင်
ပုံရိပ်က မပျောက်ဘူးဗျာ။ ဘယ်လို ကျိန်စာလဲ မသိပါဘူး။ ကြယ်တွေလည်း လင်းတုန်း တိမ်တွေလည်း ပြေးတုန်း။ တော်သေးတယ်
ညကောင်းကင်မို့သာပဲ။ နေ့ကောင်းကင်သာဆို အသားလွတ်ပူနေဦးမယ်။ အခုတော့ ကိုယ့်မှာ တစ်ဖက်လပ် အခန်းကြီးနဲ့ ပွင့်ပွင့်
လင်းလင်းကြီး ကျန်နေခဲ့တော့တယ်။ ဟိုစာရေးဆရာအုပ်စုကတော့ မိုက်တယ် ခိုက်တယ် ဒီလို အနီးကပ် မြင်ရတာ ဒါပထမဦးဆုံးပဲတွေ
ဘာတွေနဲ့ အိမ်ပြန်သွားကြလေရဲ့။ ကိုယ့်မှာတော့ လပ်နေတဲ့ နံရံကို လောလောလတ်လတ်ပိတ်ဖို့ ထရံတစ်ချပ် အမြန်သွားဝယ်လိုက်ရ
တယ်။ အဲဒီညမှာတော့ ကောင်းကင်မှာ ဘာကြယ်မှာ မရှိတော့ဘူး။ ပကတိ အနက်ကြီးနဲ့ ။ နောက် ညပေါင်းများစွာအထိ။ လူတွေမှာတော့
ညကောင်းကင်ကြယ်စုံစုံ ကို ကြည့်ချင်ရင် ပြတိုက်ကို သွားသွားကြည့်ကြရတယ်။ လူတွေကတော့ ကိုယ့်ကို မြင်ရင် မကောင်းဆိုးဝါး
ကောင်လိုလို ကြည့်ပြီး ရှောင်ရှောင်သွားကြလေရဲ့။ တစ်ခု ထူးဆန်းတာက လမင်းဟာ ပြတိုက်ထဲက ကောင်းကင်မှာလည်း မရှိဘူး
အပြင်ဘက်က ကောင်းကင်မှာလည်း မရှိဘူး။ ဘယ်ပျောက်နေလဲတော့ အခုထိ ဘယ်သူမှ မသိခဲ့ကြဘူး။



မိုးအိမ်လူ

ကိုရင်နင့်ကြီးနဲ့ ကိုနေလင်းထွန်းကြီးအား ချစ်ခင်စိတ်ဖြင့် ကြယ်စီထားသော ညီလေးအား ခွင့်လွှတ်တော်မူ။ ကျန်သော သူငယ်ချင်းများက
လည်း သူတို့ မပါဝင်၍ မချစ်ခင်ဘူးဟု ထင်မှာစိုးသောကြောင့် စာရေးဆရာအုပ်စုတွင် မိုဘာမှ စာရေးသူများ အားလုံးပါဝင်ကုန်မူ။
ဤကား စကားချပ်တည်း။

Sunday, October 30, 2011

မြိုင်ထဲမှာ ဂနိုင်ထဲမှာ




မမြင်နိုင်ခြင်း မြူခိုးများ ဖြင့် ကျွန်တော် / တို့ မျက်စိလည်နေခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။ စစ်မှန်မှု သစ္စာတရားဟု
ကျွန်တော် စိတ်ဝယ် တမ်းတ ရေရွတ်ရင်း ရှာဖွေ နေမိခြင်း သည် မှန်ကန်ပါ၏လော။ မညည်းညူချင်တော့ပါ။ မြူခိုးတို့သာ တငွေ့ငွေ့ ဝေ
လျက်။ နေခြည်နွေးတို့ ဖြာကျမလိုလို နှင့် ပြန်လည် ရုတ်သိမ်းသွားသည်မှာလည်း ခဏခဏ ။ ကျွန်တော့်မှာ ပျော်ရတော့ မလိုလို ငိုရတော့
မလိုလိုနှင့် အိပ်မက်တွေ ရှည်လျားလျက်။ ဆရာ့ဆရာတို့လည်း ကျွန်တော်အရင် ဦးစွာ ဤသီချင်းကို ဟစ်ကြွေးဖူးခဲ့ပြီ။ အခုထိ သူတို့ ဟစ်
ကြွေးလို့ မပြီးနိုင်သေးသလို ကျွန်တော်လည်း ဆက်လက် ဟစ်ကြွေးနေရဆဲ။ ကျွန်တော်၏ ရှာဖွေမှုသည် မှန်ကန်ပါ၏လော။

@ @ @ @ @ @

ကဗျာသည်တို့ ပန်းလှေကို  လှော်ခတ်၍ မြစ်ကို ဆန်တက်နေကြသည်။ ကဗျာပန်းများ ရောင်စုံ သင်းပျံ့လျက်။ စကားလုံးများ မြစ်ရေထဲသို့
ဖိတ်စင်လျက်။ အိပ်မက်တို့ သွေးမဆုံးကြသေး။ သီချင်းသည်တို့ အင်္ကျီဒီဇိုင်း မျိုးစုံ ၀တ်ဆင်လျက် ပွဲတော်အနှံ့ လှည့်ပတ်နေကြသည်။
ပန်းချီသည်တို့သည်လည်း ထိုနည်းလည်းကောင်း။ ရနံ့ မလှသော မုန်တိုင်းများလည်း အခါခါ အလီလီ။ မမျှော်သော မိုးတို့ ရွာတတ်သည်
မှာလည်း အလေ့အထ တစ်ခုလို။ မီးတောက်တို့ ဟုန်းခနဲ ဟုန်းခနဲ ။ လက်ခုပ်သံတို့ အဝေးမှာ ကျန်ခဲ့ပြီ။ ကံကော်တောမှ ထွက်ခွာခဲ့သော
ရစ်မူးတတ်သူတို့ အိမ်ပြန်လမ်း ပျောက်ရှလျက်။ အိမ်သူတို့ တံစက်မြိတ်မှ အိမ်မြှောင်ကို တံမြက်စည်းဖြင့် အသေရိုက်နေကြသည်။
မဆုံဆည်းနိုင်ခြင်း အမှတ်တစ်ခုကို အလည်မှာထားလျက် ပခုံးချင်းတိုက် လွဲချော်မှုများ အထပ်ထပ်ဖြင့် အလင်းပွင့်တို့ မြုံနေခဲ့ကြသည်။

@ @ @ @ @

လွန်ကျူးမှု စကားလုံးများဖြင့် အနုပညာ ကို ကျွန်တော် ပုတ်ခတ်လိုက်သည်။ ဘယ်သူတွေ စစ်သွေးကြွ ကြမလဲ။ ဆရာသမားတို့ ပြောသ
လို ဘာမှမရှိလည်း ဘာမှမရှိရုံပဲ ရှိမည်။ ဘာမှ ထူးခြားသွားမည်မဟုတ်။ ပန်းတွေထဲမှာတော့ စိန်ပန်းနီ ကို ကျွန်တော် နှစ်သက်သည်။
ကျွန်တော်တို့ မြို့လေးသည် စိန်ပန်းနီများ လှိုင်လှိုင်ပွင့်တတ်သော မြို့ပျိုမလေး ဖြစ်သည်။ စိန်ပန်းနီများ လှိုင်လှိုင်ပွင့်ပြီ ဆိုလျှင်
ကျွန်တော်၏ အသွေးအသားများ ဆူပွက် လာတတ်သည်။ ဘာအတွက်လဲ ဆိုသည်ကိုတော့ ကျွန်တော်ကိုယ်တိုင် ရှာဖွေ၍ မရခဲ့။
အဖြေ ပျောက်ဆုံးနေသော ပုစ္ဆာများ တစ်ရက်ထက် တစ်ရက် ပိုမိုများပြားလာသည်မှာ လောကကြီးအတွက် မကောင်းလှပါ။
ကမ္ဘာကြီးနှင့် အတူ ကျွန်တော် လည်း နာမကျန်းဖြစ်နေသည်မှာ ယခုထိ နလံ မထူနိုင်သေး။

 @ @ @ @ @

ခေါင်းစဉ်ကွဲများ ။ တံဆိပ်ကွဲများ။ ၀ါဒကွဲများ။ ဗေဒကွဲများ။ စသည်အကွဲများစွာဖြင့် ကျွန်တော်အပါအ၀င် ခေတ်လူငယ်အချို့ အိပ်မက်
တွေ ကွဲနေခဲ့ကြသည်။ ဆေးမကွဲအောင်တော့ ကျွန်တော် ကြိုးစားနေထိုင်ပါသည်။ ဘယ်ကြယ်စင်ဟာ လမ်းပြကြယ်လဲ။ ဘယ်အရပ် ဒေသ
မှာ စစ်မှန်သော အလင်း ဖြာမှာလဲ။ ဘယ်ကမ်းစပ်မှာ နောဧမဟုတ်သော နောဧထက် ပိုမို ကြီးမားခိုင်ခံ့သော သဘောင်္ကြီး ဆိုက်ကပ်မှာလဲ။
မျှော်လင့်ချက်များ ရင်ဝတွင် တန်းလန်းထိုးစိုက်လျက် ကစဥ့်ကလျား ရှင်သန်မှုထဲတွင် ကျွန်တော်တို့ ခေတ်သစ် နည်းပညာဖြင့် မွန်းမံ
ထားသော ခေတ်သစ်လောကဓံများဖြင့် အကွဲကွဲ အပြဲပြဲ ဖြစ်လျက်။ လမ်းတူသော်လည်း လူချင်းမတွေ့နိုင်ခဲ့ကြ။ ကျွန်တော်တို့ မောဟ
များ၏ ပိတ်ဖုံးမှုကို ခံနေကြရသည်။ ရင်ဘတ်ချင်းတူသော်လည်း ဂျပ်ပင်မထိုးနိုင်ကြ။ ကျွန်တော်တို့ အတ္တများ ၏ မြှောက်ပင့်မှုကို ခံနေ
ကြရသည်။

ပန်းတိုင်သည် ရှိသည်လား။ မရှိဘူးလား။ မရေမရာ ။ေ၀၀ါး ။ ကျွန်တော်ကတော့ ရူးသွပ်ခြင်းများ သည်းသည်း လှုပ်လျက်။

 @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @ @@ @ @ @@ @ @ @


မိုးအိမ်လူ

30 October 2011
PM;9:16

Saturday, October 29, 2011

ငှက်ကလေး နဲ့ လမင်းပြာ



ငှက်ကလေး ဟာ အတောင်ကို တချက် တဖြန်းဖြန်း ရိုက်ခတ်ပြီး ထ ပျံသွားလေရဲ့။ ဟိုး အနက်ရောင် ပင်လယ်ကြီးဆီ..။
မမျှော်လင့်သော အိပ်မက်များ တနင့်တပိုး ထမ်းပိုးရင်း ကျွန်တော် လျှောက်လာခဲ့သော ခရီးလမ်းသည် မှန်ကန်ပါရဲ့လား။ မမျှော်လင့်ဘူး လို့
ပြောခဲ့ပြီးပြီလေ။
ကိုယ် မြတ်နိုးရာ မြတ်နိုးကြောင်း ပန်းတစ်ပွင့်အတွက်နဲ့ ကျွန်တော် တစ်ယောက်တည်း အပူတောက်ရမယ့် သုံးရာသီ များ။
ရနံ့တွေဟာ သေနှင့် ခဲ့ကြပြီ။ အရောင်အသွေးတွေဟာ သွေးဆုံးခဲ့ကြပြီ။ စီးဆင်းဆဲ မြစ်ရေတို့  အားအင်းကုန်ခမ်းခဲ့ကြပြီ။
အခုတော့ ဒက္ခိဏယဉ်စွန်းတန်းကနေ ပြန်လာမည့် လေညှင်းလေးကို ပဲ ကျွန်တော့်မှာ တောင့် တ တတ။

* ** *****

အမြင့်ပျံ အိပ်မက်တို့ အလင်း မတွေ့ကြသေး။ မြင်တွေ့သမျှဟာ အပျက်အစီးတွေ ချည်း။ မှားယွင်းမှုတွေ သားမွေးနှုန်းတက်လို့။
ကျွန်တော်ဆိုတဲ့ သီချင်းကို လိပ်ပြာလေးတွေ မနှစ်သက်ကြဘူး။ ဒီလိုနဲ့သူတို့ရဲ့ အတောင်ပံခတ်သံတွေဟာ ကျွန်တော်နဲ့ ဝေး ဝေး သွား။
ဘာတွေမှားခဲ့လို့လဲ ...လမင်းပြာ။ တိမ်တစ်အုပ်ရဲ့ ပြုစားမှုနဲ့ ကျွန်တော်က မှောင်မိုက်နေခဲ့ရတာပါ။ သံစဉ်တွေ မချိုမြခဲ့ဘူးဆိုလည်း......
ကျိန်စာတွေတော့ ချန်မထားသင့်ဘူးပေါ့။ ဝေးခဲ့ပါပြီ..လမင်းပြာရယ်။ ယုံကြည်မှုတွေဟာ ကျောက်စွန်းထက်မှာ ပွင့်ခဲ့တဲ့ ပန်းတွေ..။
ရနံ့တွေဟာ အရိုင်းဆန်ခဲ့ပြီ။ ရနံ့တွေဟာ မလှပခဲ့တော့ဘူး။ တကယ်ပါ...။ သီဆိုမိတာ ကဗျာ လေးတစ်ပုဒ်ရယ်ပါ။
ဘာအတွက်နဲ့ မိုးကြိုးတွေ ဆင်ချင်နေရတာလဲ ...လမင်းပြာရယ်။

***** ***** ****

စိတ်တွေထဲမှာ စိတ်ကို ပြန်ရှာရင်း ကျွန်တော်တစ်ယောက်တည်း ပိုင်ဆိုင်ခဲ့တဲ့ နွေရာသီက နံပါတ် ( ၁၃ )။
အမှားတရားတွေတဲ့လား။ မမှားပါဘူး လမင်းပြာ။ ကျွန်တော် မမှားခဲ့ပါဘူး။ သို့သော ကံကြမ္မာလည်း မမှားခဲ့ပါဘူး။
ကျွန်တော်တို့ သံစဉ်အ၀င်အထွက်လေးပဲ လွဲခဲ့ကြတာပါ။ လွဲချော်မှုနဲ့ မှားယွင်းမှုဟာ တူပါသလား လမင်းပြာ။ တူတယ်ဆိုရင်တော့
ကျွန်တော် မှားခဲ့တာပေါ့ ဗျာ။ ကျောက်သား အချွန်အထက်တွေ အပြည့်နဲ့ ... အဆိပ်သင့် လေထုနဲ့... အက်ဆစ်မိုးနဲ့... မလိုလားတဲ့
မျက်လုံးတွေနဲ့... စကားမြားတွေ အထပ်ထပ်နဲ့...။ ကျွန်တော့်နေ့စွဲတွေ စံပယ်ရနံ့ သင်းခဲ့တယ်လို့ ခင်ဗျားထင်နေသလား။

** **** **** ***

မောတယ် လမင်းပြာ.။ ကျွန်တော် တကယ် မောတယ်။ ကျွန်တော်က နံနက်ခင်း ဂါထာကောင်းတစ်ပုဒ် ရွတ်လိုက်ရင် သူတို့က
အလိမ္မာမွှမ်းတဲ့ ဆဲဆိုခြင်းတွေ နဲ့ အလင်းပြန်ကြတယ်။ နေ့တွေ ညတွေ မသာယာပုံအကြောင်း အနုစိတ် ကျွန်တော် မခြယ်မှုန်းလိုဘူး။
ကမ္ဘာ့မြေကြော ကျုံ့ဝင်လာမှုမှာ ကျွန်တော်တို့အတွက် စစ်မှန် ကောင်းမွန်တဲ့ နေရာတစ်ခုဟာ အမှန်တကယ်ပဲ လိုအပ်တယ် မဟုတ်လား
။ လွဲခဲ့တယ် ..လမင်းပြာ။ မကြုံဆုံနိုင်ခြင်း ဇာတ်လမ်းတွေနဲ့ ကျွန်တော်တို့ အက်ဆီဒင့်တွေ ခဏခဏ ဖြစ်လို့။ ဒါဟာ လွမ်းစရာတွေလား။
အရပ်ဒေသတွေ မိုင်တိုင်တွေဟာ အခုထိ ဝေးကွာနေတုန်းပဲ။ ဒါဟာ လွမ်းစရာတွေလား။ သတင်းစကားတွေဟာ အခုထိ ရောက်ခဲတုန်းပဲ။
ဒါဟာ လွမ်းစရာတွေလား။ ကျွန်တော် တစ်ယောက်တည်း လျှောက်ခဲ့ရတဲ့ လမ်းမှာ မလင်းပွင့်နိုင်တဲ့ ကြယ်စင်တွေရဲ့ ဒဏ္ဍာရီတွေ..။
ကျွန်တော်တစ်ယောက်တည်း ကြိတ်မှိတ်ကြေကွဲ။ ကျွန်တော် တစ်ယောက်တည်း ဆက်လက် ခရီးနှင်လို့။ တွဲလက်တွေ ... တွဲလက်တွေ..။
လမင်းပြာရယ်... ကျွန်တော် လောဘမကြီးတတ်ပေမယ့် လောဘ ကင်းတဲ့သူတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။ ကျွန်တော် မှာ လောဘတွေ
ရှိတယ်။ ကျွန်တော်ရဲ့ လောဘတွေဟာ မှားယွင်းမှုတွေနဲ့ အသားကျနေခြင်းတွေလား။ မပြောပါနဲ့ လမင်းပြာ။ ခင်ဗျား နှုတ်ပိတ်နေပါ။
ကျွန်တော်တစ်ယောက်တည်း လိုရာဆွဲ အတွေးတွေနဲ့ ပိတ်လှောင် မွန်းကျပ်နေလိုက်တော့မယ်။ ခင်ဗျားရဲ့ လှပလွန်းပါတယ် ဆိုတဲ့ နှုတ်
ခမ်းလေး အလှမပျက်ပဲ နေလိုက်ပါတော့။

****************** *******************************************************************


မိုးအိမ်လူ

29 October 2011
PM ; 9:35

ဝတ္ထုလို့ ပေကပ်ပြောနေပေမယ့် ၀တ္ထုမဟုတ်ဘူးလို့ အတင်းငြင်းဆန်လိုက်တဲ့အခါ




ဘာလာရှာပါသလဲ။ ဘာမှ မ၇ှိလို့ စိတ်မကောင်းပါ။ ကြားဖူးတဲ့ သီချင်းစာသားတစ်ခု။ မရှိတဲ့အရာကို ဘာလို့ လာရှာနေတာလဲ။ ရှိမယ်ထင်လို့လား။ ဒါမှမဟုတ် ရှိလေမလားလို့ စမ်းသပ်တာလား။ မြို့ဟောင်းတစ်ခု၏ မြို့ရိုးထက်တွင် အလံဟောင်းတစ်ခု တလူလူ လွင့်နေ၏။ လိုနေသေးပါသလား။ တစ်ခုခု လိုနေသေးပါသလား။ သို့မဟုတ် ။ အများကြီး လိုနေသေးပါသလား။ လိုအပ်သည်ထင်၍  စကားတောက်ကြည့်ခြင်း ဖြစ်၏ ။ ဘာစကားသံမှ မကြားရ။ အလည်လွန် စိတ်စေတနာကောင်းများ ယခုထိ အိမ်ပြန်မလာကြ။ ဘယ်အရပ်မှာ မျက်စိလည် လမ်းမှားနေကြပြီလဲ။ မျှော်သူ မော၏။ မမျှော်သူ မမော။ မောလျက်နှင့်ပင် ဆက်လက် မျှော်နေ၏။ မမောနိုင်မပန်းနိုင်။ တလွှားလွှားပြေးနေရင်းမှ ကြယ်တံခွန်ကို လိုက်ရှာနေမိသည်။ ဘယ်အရပ်မှာ ပေါ်ထွန်းသောကြယ်တံခွန်လဲ။ သေချာ ရေရာ မသိပါ။ ဘာလာရှာပါသလဲ။ လှည်းဘီး နွံထဲ ကျွံနေသည်။ ကူ၍ တွန်းပေးကြပါ။ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်။ အားတော့ စိုက်ပေးကြပါ။ အားမစိုက်ချင်ဘူးလား။ ကလေးတုန်းက စာတွေ ပြန်ပြန် ရွတ်ပြနေရသည်။ လိုအပ်သည်ဟု ထင်သောကြောင့် လ ပြည့်ည များတွင် ဆေးလိပ်သောက်ပါသည်။ အမှန်တကယ်မှာ သိပ် မလိုအပ်လှပါ။ ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ထားခြင်း မရှိသော်လည်း တန်ဖိုး တစ်ခုခုတော့ ပေးချင်လှသည်။ စေတနာလွန်၍ ဘာဖြစ်သွားသည်မသိ။ ကီးဘုတ်ကို တချောက်ချောက်ခေါက်နေသည်။ ဦးနှောက်မှာ မီးမှိန်လျက်။ နှာခေါင်းမှာ ပူနွေးလျက်။ လိုအပ်ပါသလား။ လိုအပ်သည်ထင်၍ မီးတောက်ခြင်းသာ ဖြစ်သည်။ မလိုအပ်လျှင် မည်သူမျှ ထမင်းစားမည်မဟုတ်။ နယ်နိမိတ်များ ချဲ့ထွင် ရန် အသိဥာဏ်များအား တံခါးဖွင့်ပေးထားကြပါ။ မည်သူမျှ မပြေးလွှားကြ။ သို့သော် ရပ်နေလျှင် ကျန်ခဲ့မည်မှာ အမှန်ဖြစ်သည်။ ဆိုကရေတီး ခေါ် ဆော့ခရတ္တိ သည် မြန်မာ နိုင်ငံသားမဟုတ်ပါ။ အိုင်းစတိုင်းသည် မြန်မာနိုင်ငံသား မဟုတ်ပါ။ စတီဖင် ဟော့ပ်ကင်းသည် မြန်မာနိုင်ငံသားမဟုတ်ပါ။ သို့သော် ဆရာဇော်ဂျီသည် မြန်မာနိုင်ငံသား ဖြစ်သည်။ မြို့မငြိမ်းသည် မြန်မာနိုင်ငံသား ဖြစ်သည်။ ဗဂျီအောင်စိုး သည် မြန်မာနိုင်ငံသား ဖြစ်သည်။ ဘာလိုသေးသနည်း။ ဘာမှ မလိုအပ်ပါ။ သို့သော်လိုအပ်သည်ဟု ထင်နေကြသေးသည်။ ဤသို့ဖြင် ရှာဖွေခဲ့သူများ အကြောင်း ပုံပြင်တွေ  ဟောတိုက် ထွက်လာခဲ့သည်။ ဘာလာရှာပါသလဲ။ နေညိုချိန်မဟုတ်ပါ။ အာရုဏ်တက်ချိန်သာဖြစ်သည်ကို သတိပြုကြပါ။

*****   ****** **** **** **** ***
ကြော်ငြာ

မြန်မာလူမျိုးများသည် ခံစားမှု အားကောင်းသော လူမျိုးများဖြစ်ကြသည်။ ဟိုးရှေးရှေးကတည်းက ခံစားခဲ့ကြသည်မှာ ယနေ့အထိ ခံစားလို့ မပြီးနိုင်သေး။ ဘာတွေ ခံစားနေသလဲ။ ဒုက္ခသစ္စာများ။ ဖြစ်သည်ထက် ပို၍ ခံစားသည်။ ရှိသည်ထက် ပို၍ ခံစားသည်။ တစ်နေ့ ဒုက္ခသည် တစ်သက်မပြီး။ ကောင်းပါသလား။ ကောင်းပါသည်။ ကောင်းလို့ပဲ ယနေ့အထိ ခံစားလို့ မပြီးနိုင်ခြင်း ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် ခံစားကြပါ။ ဆက်လက် ခံစားကြပါ။ ရသ ကိုးပါးနှင့်မလောက်လျှင် နောက်ထပ် မြောက်မြားစွာသော ရသ များ ကို နိုင်ငံခြားမှ မှာယူ ပေးပါမည်။ ဆက်လက် ခံစားကြပါ။ အားပါးတရ ခံစားကြပါ။

*** **** ********** ****** ******

အာရုဏ်တက်ချိန်သာ ဖြစ်သည်ကို သတိပြုကြပါ။ နေညိုချိန်မဟုတ်ပါ။ ဘာလာရှာပါသလဲ။ ဤသို့ဖြင့် ရှာဖွေသူများအကြောင်း ပုံပြင်တွေ ဟောတိုက် ထွက်လာခဲ့သည်။ သို့သော် လိုအပ်သည်ဟု ထင်နေကြသေးသည်။ ဘာမှ မလိုအပ်ပါ။ ဘာလိုသေးသနည်း။ ဗဂျီအောင်စိုးသည် မြန်မာနိုင်ငံသားဖြစ်သည်။မြို့မငြိမ်းသည် မြန်မာနိုင်ငံသား ဖြစ်သည်။ဆရာဇော်ဂျီသည် မြန်မာနိုင်ငံသား ဖြစ်သည်။ သို့သော် စတီဖင် ဟော့ပ်ကင်းသည် မြန်မာနိုင်ငံသားမဟုတ်ပါ။ အိုင်းစတိုင်းသည် မြန်မာနိုင်ငံသား မဟုတ်ပါ။ ဆိုကရေတီး ခေါ် ဆော့ခရတ္တိ သည် မြန်မာ နိုင်ငံသားမဟုတ်ပါ။ ရပ်နေလျှင် ကျန်ခဲ့မည်မှာ အမှန်ဖြစ်သည်။ သို့သော် မည်သူမျှ မပြေးလွှားကြ။နယ်နိမိတ်များ ချဲ့ထွင် ရန် အသိဥာဏ်များအား တံခါးဖွင့်ပေးထားကြပါ။ မလိုအပ်လျှင် မည်သူမျှ ထမင်းစားမည်မဟုတ်။ လိုအပ်သည်ထင်၍ မီးတောက်ခြင်းသာ ဖြစ်သည်။ လိုအပ်ပါသလား။ နှာခေါင်းမှာ ပူနွေးလျက်။ ဦးနှောက်မှာ မီးမှိန်လျက်။ ကီးဘုတ်ကို တချောက်ချောက်ခေါက်နေသည်။ စေတနာလွန်၍ ဘာဖြစ်သွားသည်မသိ။ ဘယ်ရွေ့ဘယ်မျှ သတ်မှတ်ထားခြင်း မရှိသော်လည်း တန်ဖိုး တစ်ခုခုတော့ ပေးချင်လှသည်။ အမှန်တကယ်မှာ သိပ် မလိုအပ်လှပါ။ လိုအပ်သည်ဟု ထင်သောကြောင့် လ ပြည့်ည များတွင် ဆေးလိပ်သောက်ပါသည်။ ကလေးတုန်းက စာတွေ ပြန်ပြန် ရွတ်ပြနေရသည်။ အားမစိုက်ချင်ဘူးလား။ အားတော့ စိုက်ပေးကြပါ။ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်။ ကူ၍ တွန်းပေးကြပါ။ လှည်းဘီး နွံထဲ ကျွံနေသည်။ ဘာလာရှာပါသလဲ။ သေချာ ရေရာ မသိပါ။ ဘယ်အရပ်မှာ ပေါ်ထွန်းသောကြယ်တံခွန်လဲ။ တလွှားလွှားပြေးနေရင်းမှ ကြယ်တံခွန်ကို လိုက်ရှာနေမိသည်။ မမောနိုင်မပန်းနိုင်။ မောလျက်နှင့်ပင် ဆက်လက် မျှော်နေ၏။ မမျှော်သူ မမော။ မျှော်သူ မော၏။ ဘယ်အရပ်မှာ မျက်စိလည် လမ်းမှားနေကြပြီလဲ။ အလည်လွန် စိတ်စေတနာကောင်းများ ယခုထိ အိမ်ပြန်မလာကြ။ ဘာစကားသံမှ မကြားရ။ လိုအပ်သည်ထင်၍  စကားတောက်ကြည့်ခြင်း ဖြစ်၏ ။ အများကြီး လိုနေသေးပါသလား။ သို့မဟုတ် ။ တစ်ခုခု လိုနေသေးပါသလား။ လိုနေသေးပါသလား။ မြို့ဟောင်းတစ်ခု၏ မြို့ရိုးထက်တွင် အလံဟောင်းတစ်ခု တလူလူ လွင့်နေ၏။ ရှိလေမလားလို့ စမ်းသပ်တာလား။ ဒါမှမဟုတ် ရှိမယ်ထင်လို့လား။ မရှိတဲ့အရာကို ဘာလို့ လာရှာနေတာလဲ။ ကြားဖူးတဲ့ သီချင်းစာသားတစ်ခု။ ဘာမှ မ၇ှိလို့ စိတ်မကောင်းပါ။ ဘာလာရှာပါသလဲ။

**************************************************************************************
မိုးအိမ်လူ

ခံစားချက်တွေ အတည်တကျ မွေးမြူရတာ ပျင်းလို့ ရှိသလောက်နဲ့ပဲ ရေးလိုက်တယ်။ မကြိုက်လည်း မတတ်နိုင်ဘူး။





သစ်ရွက်ကြွေတာမြင်ရင်တောင် ရင်ခုန်တတ်တဲ့ အရွယ်တော့မဟုတ်။ သစ်ပင်ကြီးလဲမှ ရင်ခုန်တတ်တဲ့အရွယ်။
လေပြေလေးလို တိုးတိုးညှင်းညှင်းလေးပဲ အချစ်က ငါ့ နှလုံးသားထဲကို ၀င်ရောက်သွားလေရဲ့။
အံ့သြစရာပါ့။ ဘယ်လိုမျိုးပါလိမ့်။ အချစ်တဲ့။ အချစ်လား သူဖျားနေတယ် သီချင်းနာမည်လား စာအုပ်နာမည်လား မသိ ကြားဖူးတယ်။ ရောက်တတ်ရာရာ ရောက်တတ်ရာရာ ရောရော ယောင်ယောင် ထွေကာလီကာ ကွေ့ချည်ပတ်ချည် လိမ်ဖယ်လိမ်ဖယ် အဓိပ္ပာယ်ပျောက်ဆုံးခြင်း အဖြစ်အပျက်။
ဆယ့်ခြောက်နှစ်သားလည်း ချစ်တယ် ပြောတယ်။ နှစ်ဆယ်နှစ်သားလည်း ချစ်တယ် ကြွေးကြော်တယ်။ နှစ်ဆယ့်ရှစ်နှစ်သားလည်း ချစ်တယ် အော်ညည်းတယ်။ သုံးဆယ့် ငါး နှစ်သားလည်း ချစ်တယ် တောင့်တတယ်။ လေးဆယ်ကျော် ငါးနှစ် ထဲက လူကြီးကလည်း ချစ်တယ် ချစ်တယ် ချွဲချွဲနွဲ့နွဲ့ ပြောတယ်။ ငါးဆယ်ကျော် ခြောက်ဆယ်လောက် ဘဘကြီးကလည်း ချစ်နေလျက်ပါကွယ်လို့ ဝေေ၀ရီရီ ပြောတယ်။
ခက်ပြီ အချစ်။

*  * **

အိုစမာ ဘင်လာဒင် ပြီးတော့ ကဒါဖီ။ သူ့ဆီက အကြွေးတွေ ငါ မရသေးဘူး။ ဘာလဲ ..ဘာရယ်.. ဘာတဲ့။
ရူးပါပေ့ မဗေဒါရယ် ... မျက်ရည်တွေနဲ့များ က နေသေးတယ်။ ခက်ပါပေ့ မမြ၀င်းရယ်.. ကိုအောင်ဒင် ကိုအောင်ဒင် ခေါ်ခေါ်နေပြီးမှ ရည်းစားဟောင်းရင်ခွင်ထဲ ပြေးဝင်တယ်။
မက်ဒါမွန်ကတော့ အိုဘားမားကို မကြိုက်ဘူးတဲ့။ အေမီဝိုင်းဟောက် သေဆုံးခြင်းက ကိုယ်တို့ မြို့ ကွန်နက်ရှင် လေးပင်မှုနဲ့ သက်ဆိုင် နေသလား။
လွယ်သလား ခက်သလား ရာမ..။ ဆယ်နှစ် ဆယ်နှစ်။ အကြွေးတွေ။ အတိုးတော့ မပါဘူး။
ရွာတောင်ပိုင်းက ချောင်း ရေလျှံတော့ တို့ တစ်ရွာလုံး စုန်းစုန်းမြုပ်။ ကိုရင် မြဟန် တဲကြီးဆို ရေထဲ မျောလို့။
လွယ်သလား ခက်သလား ရာမ။

******

ကဗျာ သေပြီတဲ့။ နာရေးကြေငြာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အနောက်နိုင်ငံတွေမှာ ပွက်လောရိုက်ခဲ့တဲ့ သတင်း။
မောင်ချောနွယ် သေပြီတဲ့။ တာ၇ာမင်းဝေ သေပြီတဲ့။ ကြည်မောင်သန်း သေပြီတဲ့။
ကဗျာ သေပြီတဲ့။ တစ်ကြောင်းကျော်က စာကြောင်းကို ပြန်ဖတ်ပါ။
ကဗျာပြားပြီတဲ့။ လှော်တက်ကြီးကို ကြိုက်တယ်။ တဘမ်းဘမ်းနဲ့ ရိုက်ပစ်လိုက်တာ ဦးနှောက်တွေ ပိန်ရှုံ့လို့။
ဆေးလိပ်တွေလည်း တို ကုန်ပြီ။ နေတွေလည်း ညိုကုန်ပြီ။
ကမ္ဘာပြားပြီတဲ့။ မနေနိုင် မထိုင်နိုင် တစ်ကမ္ဘာလုံးလှုပ်ရွကြလို့။ေ၇ှ့ တစ်ကြောင်းကျော်က သုံးခုမြောက် ၀ါကျကို ပြန်ဖတ်ပါ။
မြန်မာနိုင်ငံမှာ ကဗျာဆရာရယ် သီချင်းအဆိုတော်ရယ် မော်ဒယ်လ်ရယ် အပေါဆုံးပဲ။ နိုင်ငံခြားတင်ပို့လို့ရရင်....။

** *** ****

လွမ်းရပါတယ် အချစ်ရယ်။ ဘယ်နေ့ ဘယ်ဝယ် ဘယ်ဆီမှန်းမသိ ကံကော်ပင်တွေ မမြင်ဖူးပေမယ့် ပိတောက်ပွင့်ရင်လည်း မလွမ်းဘဲ မနေနိုင်ခဲ့ဘူး။
အိပ်မက်တွေ ဟုတ်ခဲ့လို့လား အချစ်ရယ်။ အတိတ်တွေလည်း ပေ၀ါး ။ ဆင်ခြင်ခြင်းရဲ့ အပြင်ဘက် ရောက်ခဲ့ရင်လည်း ပျော်ပျော်ကြီးပဲ ငါ သွားမယ်။
စကားသံတွေ ဟာ ပျံတက်လာတယ်။ ငါ့ရင်ကို ထိုးစိုက် နှလုံးသားထဲက စကားသံတွေနဲ့ အထိအတွေ့မှာ ရှောခ့်တွေ ဖြစ်လို့။
ဘာ လို သေး သ လဲ... မောင်ရေခဲ။
ရေခဲပဲ လိုတယ် အချစ်၇ယ်။ ပူလောင်လွန်းလှတယ်။ မင်းကြောင်တော့မဟုတ်ပါဘူး။ ကိုယ်တို့ အညာနွေက အရမ်းပူတယ်လေ။

*** *** ** ***

အနုပညာသစ် ဟာ ဘယ်သူတွေရဲ့ လက်ထဲမှာလဲ။ ရပ်တန့် မနေဘူးလို့ ပြောပြောပြီး နေရာက မရွေ့။
ခက်တော့ခက်နေပါပြီ ဒီခေတ်လူတွေနဲ့။ ဒီခေတ်လူတွေက ခက်တယ်ဆိုတော့ ဘယ်ခေတ်လူတွေကကော လွယ်လို့တုန်း။
မဆိုနိုင်ပါဘူး ကဗျာ သီချင်းတွေ။
သေဆုံးပြီးရင် ဘယ်အချိန်ထိ ကျန်နေနိုင်မှာ မို့လို့လဲ။ ဘာမှ လွမ်းမနေနဲ့။
အသစ် မထွင်လို့ ဘယ်သူမှ သေဒဏ်လာမပေးဘူး။ မရဘူး ။ မရဘူး ။ မရဘူး။
သစ်ကြပါ ။ သစ်ကြပါ ။ သစ်ကြပါ ။
မျက်နှာတွေသစ်တိုင်း စိတ် သစ်ခဲ့သလား။
အဲဒီလိုသစ်တာကို ပြောတာမဟုတ်ဘူး။ ခေတ်သစ်မှာ အနုပညာအသစ်ကို မြင်ဖူးချင်တာ။
သစ်ကြပါ အနုပညာတွေ ။ သစ်ကြပါ ကဗျာတွေ ။ သစ်ကြပါ စကားပြေတွေ ။ သစ်ကြပါ ဝေဖန်ရေးတွေ ။ သစ်ကြပါ လက်ခုပ်သံတွေ။

** *** ****

မဆိုင်တောတွေ သိပ်ပြောတာပဲ ။ ရူးနေလားမသိဘူး။
လာမပြောနဲ့ မဆိုင်တာတွေလုပ်တတ်တာ မိုးအိမ်လူ ရဲ့ အကျင့်ပဲ ။
ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ။ အဲ အလကားပြောတာ။
မဟုတ်ဘူး တကယ် ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ။
ကြိုက်ချင်ကြိုက် ကြိုက်ချင်နေ ။ မ ဆိုတဲ့ ဗျည်းတစ်လုံး ကျန်ခဲ့တယ်လို့ မထင်စေလို။
အတည်ပြောတာ
အခု ကို ကြိုက်ချင်ကြိုက် ကြိုက်ချင်နေ နေ နေပြီ။
ကြိုက်ပြီးရင်း ကြိုက်ချင်နေပြီ။
ကြိုက်နေပြီ။
ကြိုက်သွားပြီ။
ကြိုက် ကြိုက် ကြိုက်... အဲ
ကြိုက်တယ် ဆိုတာ ဘာတုန်းဗျ။
မြန်မာစကားလုံးတွေက လွယ်မလိုလိုနဲ့ တယ် ရှုပ်သကိုး။ မယုံရင် စိတ်ထဲပေါ်တဲ့ စကားလုံးတစ်လုံးကို အကြိမ်ကြိမ်ရေးကြည့်။
အဓိပ္ပာယ်ပျောက်သွားလိမ့်မယ်။
ယုံဘူးလား။ ယုံဘူးနော်။
ယုံဖူးနော်။
ဖရုံဖူးနော်။
အမယ်လေး
ခလုတ်တိုက်
ဖားပြုတ်ကိုက်
တရုတ်ရိုက်...
စကားတွေ ကားတာမဟုတ်ဘူး
တကယ်ရိုက်သွားတာ..။

*******


မိုးအိမ်လူ

ခရီးတိုများ




( ၁ )

ပန်းကလေး တစ်ပွင့်
ဖူးငုံရာက စ
လှသွေးကြွ ပွင့်လန်း
နွမ်းကြွေသွားတဲ့ အထိ
ငါ
တစိမ့်စိမ့် ထိုင်ကြည့်နေချင်တယ်။

( ၂ )

မိုးတိမ်မည်းတွေ…တဲ့

ငါ မမုန်းရက်ပါဘူး
ကဇာတ်တစ်ခု ပြီးဆုံးသွားရင်
ပြဇာတ်ရုံကြီးဟာ
ရှင်းလင်း တိတ်ဆိတ်စွာ
တည်ရှိနေဦးမှာပဲလေ။

( ၃ )

မရိုးသားမှုက အစ
ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ အထိ
ပုံပြင်ဆိုးတွေ
ငါ မကြားနာလိုဘူး
ငါ မရေးသားလိုဘူး
ငါ ဖတ်ပြဖို့ စိတ်မရဲဘူး။




( ၄ )

ဘာဖြစ်လဲ
ပန်းကလေးကို သူ ခူးယူသွားတော့
မနာလိုစိတ်တွေ ပျိုး မကြဲလိုပါဘူး
ပန်းပင်လေး ရှိနေသေးသရွေ့
ပန်းကလေးတွေ ပွင့်နေဦးမှာပဲလေ
တစ်ပွင့်
ပြီး
တစ်ပွင့်။

( ၅ )

စကားသံတွေ
ငါ
ကြားနေရဆဲ
လေဖိအားနည်း ရပ်ဝန်းမှာ
အိပ်မက်တွေ
အိပ်မပျော်နိုင်ခဲ့ဘူး ထင်ပ။

( ၆ )

ရာသီစာ ညစ်ထေးမှုတွေပါ

ဒီတစ်ဆောင်းနိုးရင်
ကိုယ်ရေးကိုယ်တာ တံခါးတွေ
ဖွင့်လှစ်နိုင်ပါပြီ
လွတ်လွတ်လပ်လပ်
လွတ်လွတ်
လပ်လပ်။



( ၇ )

ဘာဖြစ်လဲ
ပန်းပင်လေးကို သူ ဖျက်ဆီးသွားတော့
ဒေါသ အမျက်တွေ ရေလောင်းပေးမနေတော့ပါဘူး
မြေဆီလွှာတွေ ရှိနေသေးသရွေ့
ပန်းပင်တွေ စိုက်ပျိုးလို့ ရသေးတယ်လေ
တစ်ပင်
ပြီး
တစ်ပင်။

( ၈ )

အိပ်မက်ဆိုးတွေလား

ယောင်ရမ်းသံတွေ
လန့်နိုးသံတွေ
လမင်းရဲက သီချင်းမှာ
သူတို့
မငြိမ်းချမ်းခဲ့ဘူး ထင်ပ။

( ၉ )

လျှောက်ပါလေ… သူငယ်ချင်း
ဆက်လက် လျှောက်ပါလေ
ဆူးညောင့်တွေမှာ
မွှေးတဲ့ ရနံ့ မသင်းသေးသရွေ့
ဒါဟာ ခက်ခဲနေဦးမှာပဲ
နာကျင်မှုဆိုတာကတော့
ငါတို့အတွက်
အချစ်သီချင်းတစ်ပုဒ်လောက်
ရင်ကို ထိရှနိုင်မယ် မထင်။

( ၁၀ )

ဘာဖြစ်လဲ
မြေဆီလွှာကို သူ ဖျက်ဆီးသွားတော့

မုန်းမာန်တွေ အမြစ်မတွယ်လိုပါဘူး
ကမ္ဘာမြေကြီး ရှိနေသေးသရွေ့
မြေဆီလွှာဆိုတာ ပြန်လည် ဖြည့်တင်းလာဦးမှာပဲလေ
ဒီတစ်နေရာ
မရရင်
နောက် တစ်နေရာ..။

( ၁၁ )

မုန်တိုင်းတွေ…တဲ့

ငါ မမုန်းရက်ပါဘူး
အသစ်ကို လိုလို့
အဟောင်းကို ဖျက်ပစ်တာ
သဘာဝတရား က ကို
ဒီလိုကိုး။

( ၁၂ )

ကမ္ဘာကြီးရယ်
ရဲရင့်ပါရစေ

ကမ္ဘာကြီးရယ်
မျှတပါရစေ

ကမ္ဘာကြီးရယ်
ဖြူစင်ပါရစေ။

( ၁၃ )

သဘာဝတရားကြီးရယ်
ရှင်သန်ပါရစေ

သဘာဝတရားကြီးရယ်
လန်းဆန်းပါရစေ

သဘာဝတရားကြီးရယ်
ငြိမ်းအေးပါရစေ။

( ၁၄ )

ကဗျာထဲက သံစဉ်
သံစဉ်ထဲက ကဗျာ
ဆက်ပြီး ပြောပါရစေ
ကဗျာ သံစဉ်ထဲက အနုပညာ
အနုပညာထဲက ကဗျာ သံစဉ်

မှော်ရုံတောမှာ
မြစ်ကြီးတစ်စင်း
တငြိမ့်ငြိမ့် တသွင်သွင်။


( ၁၅ )

ဖြူစင်ပါလေ … သူငယ်ချင်း
ဆက်လက် ဖြူစင်ပါလေ

သစ္စာတရားအတွက်
လက်ခုပ်တီး  အားမပေးကြဘူး
ဆိုရင်တောင်မှ
အားပေးပြုံးလေးတွေတော့
သူတို့
ဖြာသွန်းပေးကြလိမ့်မယ်။

( ၁၆ )

မှားတတ်သူတွေမို့
မှားနေကြတာပါ
ခွင့်လွှတ်ခြင်းဟာ
အေးမြတဲ့ အလင်းကို
ဆောင်ယူပေးလိမ့်မယ်။

( ၁၇ )

ရူးတတ်သူတွေမို့
ရူးနေကြတာပါ
နားလည်ပေးခြင်းဟာ
လှပတဲ့ မနက်ဖြန်တွေကို
ဆောင်ယူပေးလိမ့်မယ်။

( ၁၈ )

မခက်ထန်လေနဲ့ သူငယ်ချင်း
တည်ငြိမ်စွာပဲ သည်းခံ စောင့်စည်းလိုက်ပါ
ဆိုးယုတ်မှုတို့
လာရာလမ်းအတိုင်း
ပြန်သွားကြလိမ့်မယ်။

( ၁၉ )

ငါ့အတွက်တော့
ဆောင်းဦးရာသီဟာ
အလှပဆုံးပါပဲကွယ်

ပန်းပွင့်လေးဟာ
ရနံ့ထုပ်ကို
စ ဖြည်နေခဲ့ပြီလေ။

မိုးအိမ်လူ

မြို့လေးကနေ ထွက်ခွာတော့မယ့်အကြောင်း....ဆက်ကြောင်း များစွာဖြင့်



တစ်ယောက်တည်း ပါပဲ... ။ ဟုတ်တယ် ကိုယ် တစ်ယောက်တည်းပါပဲ...။ ကိုယ့်နောက်မှ နှင်းတွေ... ကိုယ်တို့ တိုင်းပြည်လေးမှာတော့ နှင်းတွေဟာ ကိုယ်ယောင်ဖျောက်နေလေ့ရှိကြတယ်။ အဲဒီကိုယ်ယောင်ဖျောက်နေတဲ့ နှင်းတွေပေါ့... တသဲသဲနဲ့... ကိုယ်တို့မြို့လေးပေါ်မှာ ရွာသွန်းလို့... ကိုယ် ရဲ့ မျက်လုံးထဲမှာ နှင်းစက်တွေရဲ့ ကကြိုးဟာ လှပလို့ နေလေရဲ့။ ယုံရဲ့လား။  မယုံလည်း ကိစ္စ မရှိပါဘူး။ ကိုယ့်အကြောင်းတရားနဲ့ ကိုယ် ရှင်သန်နေကြတဲ့ သူတွေချင်း ယုံကြည်မှုဟာ အဲ့ဒီလောက်တော့ အရေးမပါလှပါဘူး။
ကိုယ် တကယ်ပြောချင်တာက ကိုယ် ဒီမြို့လေးကနေ ထွက်ခွာသွားတော့မယ့် အကြောင်း ... ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ်ပေါ့။ အရင်ကတော့ ကိုယ့်ဆီမှာ ဒီမြို့လေးကနေ ထွက်ခွာသွားတော့မယ် ဆိုပြီး ရေးထားတဲ့ အချစ်ကဗျာလေး တစ်ပုဒ် ရှိဖူးတယ်။ အခုတော့ အတိတ်ဆိုတဲ့ မရေ မရာေ၀၀ါးမှုထဲမှာ အဲဒီကဗျာလေးဟာ ပျောက်ဆုံးလို့...။ ကိုယ် လွမ်းရတယ်။ ကိုယ် လွမ်းနေမိတယ်။ အများကြီးပဲ။ ဟုတ်တယ်။ ကိုယ် အခုတလော တကယ်ကြီးကို လွမ်းတတ်နေတာ.။ လွမ်းမိတာလေးတွေ စာစီရရင် အဟဲ သူငယ်ချင်းဖတ်ရတာ မောသွားမှာပဲ။ ထားပါလေ..
ကိုယ် တကယ်ပြောချင်တာပဲ ကိုယ်ပြောတော့မယ်။ ကိုယ် အခု ဒီမြို့လေးကနေ ထွက်ခွာသွားတော့မယ်။ ကိုယ့်နောက်မှာ ကိုယ်ယောင်ဖျောက် နှင်းစက်တွေ တဖွဲဖွဲနဲ့ တသဲသဲနဲ့ မစဲဘဲ ရွာလို့...။

* @ @ @ *

တစ်ယောက်တည်း ဖြစ်သည်။ တစ်ယောက်တည်း ဖြစ်သောကြောင့် နှစ်ယောက်မဟုတ်ပါ။ ထို့အတူ နှစ်ယောက်ထက်ပိုသော လူစုလူဝေးလည်းမဟုတ်ပါ။ ဘ၀ ဟူသော စကားလုံးနှင့် ထိုအရာ၏ ဆက်စပ်ရာ ဆက်စပ်ကြောင်းများ၏ လှုံဆော် သွေးထိုးမှုဖြင့်  ဤအရပ်ကို ကျွန်တော် စွန့်ခွာတော့မည် ဖြစ်သည်။ စွန့်ခွာခြင်းသည် ထွက်ခွာခြင်း ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် ထွက်ပြေးခြင်းလည်း ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် တစ်ခုခု ဖြစ်လိ့မ်မည်။ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မည်။ မြင်တွေ့မှု မြင်ကွင်း ထဲမှာ တော့မဟုတ် ခံစားမှု နှလုံးသားအရ နှင်းများ သည်းထန်စွာ ရွာသွန်းနေသည်ကို မြင်ကြားရသည်။
အမှန်တကယ်မှာ နှင်းများမှာ ကိုယ်ယောင်ဖျောက်နေသောကြောင့် မြင်လည်း မမြင်ရပါ။ ကြားလည်း မကြားရပါ။ ကြားရလောက်အောင်လည်း နှင်းခဲများ ကျနေခြင်းမဟုတ်။ သို့သော် ခံစားသူ ကျွန်တော်သည် လွန်စွာမှ အကဲပို စွာ ခံစားတတ်သူ ဖြစ်သောကြောင့် ပိုပိုသာသာ ပြောလိုက်ခြင်း ဖြစ်၏။ ပိုပိုသာသာ ပြောခြင်း ဆိုသည်မှာလည်း ကျွန်တော်၏ ခံစားမှု သိပ်သည်းဆကို မြင်နိုင်အောင် သုံးလိုက်ခြင်းသာ ဖြစ်၏။ မြင်ခြင်း မမြင်ခြင်း သည် သိပ်တော့ အရေးမပါလှပါ။ မမြင်လည်း ပြဿနာ မရှိ။
ကျွန်တော်၏ ခံစားမှု သက်သက်သာ ဖြစ်သည်။ အမှန်မှာ ဤစာပိုဒ်ကို ကျွန်တော်ရေးခဲ့ဖူးသော ရှင်သန်ခြင်းသီအိုရီ ရေးဟန်အတိုင်း ရေးဖို့ စိတ်ကူးပြီး ရေးခြင်း ဖြစ်သည်။ သို့သော် မရခဲ့ပါ။ ဖတ်ဖူးသူများသိလိမ့်မည်။ ကျွန်တော်ပြောချင်သော မြို့မှာ ထွက်ခွာခြင်း အကြောင်းသည် လိုရင်းမေ၇ာက်နိုင်သော ကိုရီးယား ဇာတ်ကားများကဲ့သို့ ရှည်လျားနေပြီဖြစ်သည်။ ယခုထိ မြို့မှာ မထွက်ခွာနိုင်သေး။ မထွက်ခွာနိုင်သေး၍ ကျွန်တော် ဤမြို့မှာ ယခုထိ ရှိနေသေးသည်။ ဆိုးပေစွ။

* @ @ @ *

 မမြင်နိုင်ခြင်း အိပ်မက်များ .. အိပ်မက်ဆိုးများလည်းဖြစ်နိုင်သည် .... ဆီသို့ ကျွန်တော် ထွက်ခွာသွားတော့မည် ဖြစ်သည်။ မုသားများ အလိမ်အညာများ မာယာများ အကြိမ်ကြိမ် ခံစားသုံးစွဲပြီး၍ ဆက်လက် ပိုမို သိပ်သည်းစွာ သုံးစွဲဖို့ရာ ကျွန်တော် မြို့လေးက ထွက်ခွာတော့မည်။ သံယောဇဉ်အနှောင်အဖွဲ့များ မိုးလွတ်ရာသို့ မပြေးဘဲ ကျွန်တော်၏ အိပ်မက်ထဲတွင် ရစ်ထုံး ဖွဲ့လျက်။ ဆွေးလှပါသည်။ အိပ်မက်တို့ ရွှေရောင် တောက်ချိန်သည် ဘယ်တော့လဲ။ ကျွန်တော် မမျှော်မှန်းရဲပါ။ မမျှော်မှန်းချင်ပါ။  နေ့တစ်နေ့ သည် နှစ်ဆယ့်လေးနာရီဖြင့် ဖွဲ့စည်းထားပါသည်။ ကျွန်တော်သည် ကိလေသာ အမှောက်အမှားတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ကျွန်တော် နေထွက်ခဲ့သည်မှာ အနှစ် နှစ်ဆယ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ နေမွန်းတည့်ပြီလား နေစောင်းပြီလား ဆိုတာ ကျွန်တော် မသိနိုင်ပါ။ မှားယွင်းမှုတို့ကို ပြန်လည် ကိုက်ဝါးရင်း နောင်တတို့ ဂုဏ်မာန်တက်လျက်ရှိသည်။ ဘ၀သည် မှောင်လွန်းလှပေစွ။ လောကတ၇ားသည် ဘယ်လိုပါလဲ။ ထိုမေးခွန်းကို မထုတ်ထိုက်သူထဲတွင် ကျွန်တော်ပါဝင်ပါသည်။ သို့သော်ကျွန်တော် ရူးရူးမိုက်မိုက် အကြိမ်ကြိမ် မေးနေမိသည်။ ဖြေသူမဲ့ ခဲ့သလို ... နားစိုက်ထောင်မည့်သူပင် မ၇ှိခဲ့ပါ။ ကျွန်တော်ကသာ ရူးရူးမိုက်မိုက်...။

တိမ်ဖွဲ့မိုးတွေ ရွာချင်ယောင်ဆောင်နေကြသည်။ ကျွန်တော် မလွမ်းချင်ပါ။ ကျွန်တော် မတမ်းတချင်ပါ။ ဖြစ်ပျက် အိပ်မက်တွင် ကျွန်တော့်ကို ကျွန်တော် ယုံကြည်စွာ မြှုပ်နှံထားခဲ့ပြီး ဖြစ်ပါသည်။ မြို့လေးကတော့  မြို့လေးအဖြစ် ဆက်လက် တည်ရှိနေလိမ့်ဦးမည်။ ကျွန်တော်ကလည်း ကျွန်တော်အဖြစ် ဆက်လက် တည်ရှိဖို့၇ာ.. ကျွန်တော် ...ထွက်ခွာပါတော့မည်။ ဥသြဆွဲမည့် ရထားများ မရှိပါ။ ကျွန်တော် ကားဖြင့် ထွက်ခွာမည် ဖြစ်သောကြောင့် ဖြစ်သည်။ လက်ပြ နှုတ်ဆက်မည့်သူ မရှိပါ။ ထိုသူတို့အား လာရောက် မနှုတ်ဆက် ကြရန် ကျွန်တော် ကြိုတင် မှာကြားထား၍ ဖြစ်သည်။ သေချာဆန်းစစ်ကြည့်တော့ ကျွန်တော် လွမ်းနေပါသည်။ လွမ်းရမှာကို ကြောက်၍ လွမ်းစရာများအား ပိတ်ပင်ထားသော်ငြား ကျွန်တော် ကတော့ ယခုကတည်းက စတင်၍ လွမ်းနေပါပြီ။ ဆိုးလေစွ...သို့မဟုတ် ကောင်းလေစွ။

*@ @ @ *

မိုးအိမ်လူ
7.10.2011
PM; 10:10

သစ္စာနှံထားတဲ့ မြစ်



(၁)

ပုံရိပ်တွေ ပျောက်ပျက်သွားလောက်အောင်
ဇွန်လက
ငါ့အပေါ် မိုးရေတွေ သွန်ချ

ပန်းကလေးဟာ
ပိုမို စိုလက်တောက်ပလာပေမယ့်
ငါကတော့
သမာဓိတွေ ယိမ်းယိုင်သွားတယ်
ပိုမို။

(၂)

မဆိုသင့်တဲ့
တေးတစ်ပုဒ်မှန်း
ငါသိတာပေါ့

နှလုံးသွေးတွေ
ခန်းခြောက်တဲ့ အထိ
ရူးရူးမိုက်မိုက်
ငါ သီဆိုခဲ့တယ်
ဆက်လက်။

(၃)

ရိုမန့်  ပုံပြင်တစ်ပုဒ်နဲ့ 
ငှက်တစ်ကောင်ဟာ
အပျံစ သင်တယ်

မုန်တိုင်းတို့ 
နွေးထွေးစွာ
ဆီးကြိုပွေ့ ဖက်
အနာတရတွေနဲ့  ခန္ဓာကို
ဆီးကြိုပွေ့ ဖက်
နွေးနွေးထွေးထွေး။

(၄)

အမုန်းတရားကို
စာလုံးပေါင်းတတ်အောင်
ငါ မသင်ဘူး
ဘယ်တော့မှ။

(၅)

အစိမ်းရင့်ရင့် လွင်ပြင်ကြီးမှာ
အနီရောင် ပန်းတစ်ပွင့် ပွင့်လာတယ်
ဒီ နံနက်။

သဘာဝတရားကြီးဟာ
ဘက်လိုက်တတ်သူ
မဟုတ်ဘူး
ငါယုံတယ်။

(၆)

အိမ်မက်အကြောင်း
မပါရင်
ဒါဟာ အချစ်မဖြစ်ဘူး

စီးဆင်းဆဲ မြစ်နဲ့ အတူ
ငါ
သီချင်း သံပြိုင် သီဆိုခဲ့တယ်။

(၇)

ချစ်နေတဲ့ အကြောင်း
ပန်းကလေးကို
ငါ
နေ့ တိုင်း ပြောတယ်

ရနံ့ တွေဟာ
သင်း သထက်သင်း
မွှေး သထက် မွှေး
နေ့ စွဲတွေဟာ
ရှက်သွေးတွေ ဖြာလို့ 
အပျိုဖြန်းလေးလို။

(၈)

ကြယ်သာ မကြွေခဲ့ရင်
ညဟာ
ဒီလို လှပလာမှာ မဟုတ်ဘူး။

ငါပျော်တယ်။

(၉)

အချစ်သာ
အဝေးထွက်မပြေးခဲ့ရင်
အလွမ်းက
ရောက်လာမှာ မဟုတ်ဘူး

အခုတော့
ချစ်တဲ့ အကြောင်းကို
လွမ်းတသသ ပြောနေရတာကိုက
အချစ်ဖြစ်နေတော့တယ်။

(၁၀)

သမုဒယဟာ
မီးလို ပူတယ်။

မီးကို
လူတိုင်း နေ့ စဉ် အသုံးပြုတယ်
မီးမရှိရင်
လူတွေ မနေတတ်ကြတော့ဘူး။

(၁၁)

လှိုင်းမထရင်
ပင်လယ် ဂုဏ်သိက္ခာ ကျသတဲ့
လှိုင်းထန်လိုက်ပါ…..ပင်လယ်ကြီးရေ
ရင်တစ်ခုလုံး ပြောင်းပြန်လန်သွားအောင်။

(၁၂)

အလင်းတစ်ပွင့်နဲ့ 
ငါခရီးနှင်ခဲ့တဲ့ အကြောင်း
ပြောပြီးခဲ့ပြီ။

သတင်းစကားတွေဟာ
ရောက်ခဲလှရဲ့  ။

(၁၃)

မှောင်မိုက်ရမယ်
ဆိုရင်လည်း
အနက်စစ်စစ်နဲ့ ပဲ
ငါ
မှောင်မိုက်ချင်တယ်။

(၁၄)

ရွေ့ လျားနေတယ်
တိမ်တိုက်တွေ

အတူတကွ
ငါ
ရွေ့ လျားနေတယ်

ဒြပ်မဲ့
အစိုင်အခဲ ကြီးမားစွာနဲ့ 
ငါ ရွေ့ လျားနေတယ်
ပေါ့ပေါ့ပါးပါး ။

(၁၅)

မုန်တိုင်းတွေဟာ
ရပ်တန့် ဖို့ မေ့နေအောင်
အပျော်လွန်နေခဲ့တယ်

ငါ့ညတွေကို
စားသုံးပြီးတော့
ပျော်ပျော်ပါးပါး
သူတို့  ။

(၁၆)

နေခြည်သစ်ပြီ။

ရူးတတ်သူတို့ 
မိုက်မဲစွာ
အနွေးဓာတ် လွန်ကဲ ကြလိမ့်ဦးမယ်။

(၁၇)

ဒါဟာ အချစ် မဟုတ်ဘူး
လို့ 
ငြင်းဆန်လို့ မရလောက်အောင်ကို
အချစ်ဆန်လွန်းနေခဲ့။

အိမ်မက်တွေ
မကောင်းလှဘူးကွယ်။

(၁၈)

ရုပ်ဆန်လွန်းတဲ့
ချစ်ခြင်းတရားတို့ အတွက်
မာယာတို့ 
ရွှေရည်လူးကြပြီ ။

(၁၉)

ပန်းရထားပေါ်မှာ
မျှော်လင့်ချက်တွေ
ခုတ်မောင်း

အလင်းနယ်နမိတ်မျဉ်းမှာ
မျက်ဝန်းတွေ
ရီဝေလို့  ။

(၂၀)

ငါ
လွမ်းနေတဲ့ အကြောင်း
မပြောရသေးခင်မှာပဲ
သူက
သတိရနေတဲ့ အကြောင်း ပြောတယ်

ဒါဟာ ၀မ်းသာစရာ။

(၂၁)

ချစ်ခြင်းတရားတို့ 
နှလုံးအိမ်ထက်မှာ
နစ်ဝင်
အမြစ်တွယ်နေခဲ့ပြီ။

အခုချိန်က စပြီး
ငါ
ပျော်ရွှင်ရင်းနဲ့ 
နာကျင်ရတော့မယ်။

(၂၂)

အချစ်အတွက်
ဖေဖော်ဝါရီ (၁၄) မဟုတ်တဲ့
ရက်စွဲတစ်ခု
ငါ
ခတ်နှိပ်လိုက်ပြီ။

(၂၃)

တိတ်ဆိတ်ခြင်းကို
ရင်ခုန်သံ မြန်မြန်နဲ့ 
သက်ဝင် ခံစား

အဖြူရောင်တွေ
တလက်လက်တောက်ပနေတဲ့
ချစ်ခြင်းတစ်ခုကို
ငါဟာ
တယုတယ ထွေးပွေ့ ။

(၂၄)

မနက်ဖြန်ဆိုတာ
ငါ့အတွက် သေချာရင်
ပန်းကလေးကို
ငါ မြတ်မြတ်နိုးနိုး နမ်းရှိုက်ခွင့်ရလိမ့်ဦးမယ်။

(၂၅)

ကောင်းကင်မှာ
လွှင့်တင်မယ့်
အိမ်မက် မဟုတ်ဘူး

ရနံ့ တစ်စနဲ့ 
ပန်းတွေ ပွင့်မယ့်
အိမ်မက် ။

(၂၆)

သေဆုံးပြီးနောက်
သံသရာသာ
တကယ်ရှိခဲ့ရင်
ဟောဒီ ချစ်ခြင်းကို
ငါ့ရင်ခွင်ထဲကနေ
လွတ်ထွက်ခွင့် မပေးတော့ဘူး

ဒါဟာ ငါ့ရဲ့ သစ္စာ။

*  *   *
 
မိုးအိမ်လူ