Monday, November 19, 2012

သူသူ ကိုယ်ကိုယ် လူ လူ မ ထူး တကာ့ မထူး ဇာတ်





အဆင်ပြေသလို ဆွေးလိုက်တာပါပဲ ဆန္ဒတွေ သားမပေါက်နိုင်လည်း အဆင်ပြေသလိုပါပဲ
ဆက်စပ်အကြောင်းအရာကို မပြောချင်တော့တဲ့ အခါ မည်သို့ပင် ဖြစ်စေ ဘုရားဟောအရ
ကံ ဟူသည် အလုပ်၊ ကိုယ်မကောင်းခဲ့လို့ ရွေ့နေတဲ့ ခေါင်းတွေပါ
ဘာမဆိုင် ညာမဆိုင် ကောင်းကင်မှာ လှပနေတဲ့ ကြယ်သာတွေကို ငေးရတယ်
အလွမ်းပြေ ခေါ်မလား ၊ အကုသိုလ်က ကြီးမားခဲ့လေတော့ ကုသိုလ်က တိုးလို့ မပေါက်ဘူး
သင် အပါပအ၀င် ဓာတ်ခွဲခန်းထဲက စမ်းသပ်ခံအကောင်တွေ သတ္တ၀ါတွေ အတူတူ
ကိုယ့် တော ကိုယ် ထွက် ၊ ဇာတ်လမ်းပြီးလို့ ပရိတ်သတ်က အိမ်မပြန်နိုင်သေးဘူး
ဝဋ်ကြွေး အရှည်ကြီးနဲ့ ရာသီဥတုဒဏ်ကို မိုးယိုပေါက်က အစ မသိတော့
  ည ခိုး ခိုး ၀င်တဲ့ စကားလုံး တစ္ဆေ ခြောက်လှန့်မှုများအရ မုန်တိုင်း စ လေပြီ
ဒီနေ့ မပြီးတော့ မနက်ဖြန် ဆက် အဆင်မပြေလည်း ပဲ ဒီနွေရာသီကြီးမှာ
သက္ကရာဇ် နံပါတ်က ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်စရာ ရှိတာ ရှေ့ဆက် တိုး တိုး
ငါး ပါး သီလ ကို ခါးဝတ် ခါးပတ်လို တင်းတင်းရစ်ရစ် အကြိမ်ကြိမ ဖြေလျှော့နေရ၏။


မိုးအိမ်လူ

၁၃ ဧပြီ ၂၀၁၂

No comments:

Post a Comment