Monday, October 1, 2012

အချစ်


.


ဇီဝဖြစ်စဉ် ဖောက်ပြန်ခြင်း အားဖြင့်လည်း
မစားဖူးသော သစ်သီး၏ အဆိပ်ကို တောက်လျက်

အင်္ကျီ ပြောင်းပြန်ဝတ် ရာသီဥတု၏ အလှအပအတွင်း၌
မဆိုစလောက် နာကျင်မှုများ၏ အော်သံ ကျယ်ကျယ်လောင်လောင်

သင်တို့နှင့် အဆင့်အတန်းတူ ခရမ်းလွန်ရောင်ခြည် သင့်နေပြီ ဖြစ်ကြောင်း။

                 
                 24.4.12

မိုးအိမ်လူ

Fashion Time Magazine, ဇန်န၀ါရီ၊ ၂၀၁၃

ရေ ထဲမှာ ရေလိုနေပြီး ရေများနေပြီး ရေရေလည်လည်


.



ရေလမ်းကြောင်းကစပြီး ဖောက်လွဲဖောက်ပြန် ဖြစ်လိုက်ပါပဲ။ အစိုင်အခဲ ကိစ္စမပါဘဲ။ အရည်ပျော်ဝင်မှုကနေ တဆင့် မိုးရာသီ အလယ်တည့်တည့် ကောင်းကင်အက်ကြောင်းတလျှောက် ပလာစတာနဲ့ လိုက်ဖာနေဖို့ရာ။ စီးပွားရေးလည်း ရေရေလည်လည် မလည်ပတ်နိုင်တော့ဘူး။ ရေလာမြောင်းပေး ရင်းနှီးမြှုပ်နှံမှု ပေါင်းစုံ။ ကျွန်တော်တို့ ၀မ်းသာဝမ်းနည်း နောင်လာမယ့် ပစ္စုပ္ပန်ဘ၀တွေရဲ့ အလေးအပေါ့။ ဈေးကွက်တွေ တဟုန်ထိုး (…… ) သွားတယ်။ ကောင်းသလား ။ မကောင်းသလား။ ရေလျှံမှ အဆင်ပြေမှာ။ ရေလျှံတဲ့သူက အရာရာမှာ စီးဝင်ပျော်ဝင် ၀င်ဆံ့တယ်။ အရာရာမှာ ထင်ပေါ်တယ်.။ ရေလျှံတော့ ကျွန်တော်တို့ ပြည်သူပြည်သားတွေ ရေမြုပ်တယ်။ ဘယ်သူသိသိ မသိသိ ။ တစ်ခုခုဆို တစ်ခုခုဆိုမယ့် လူအုပ်ကလည်း အဆင်သင့်။ အထက်ပါ အထွေထွေ ကိစ္စများဖြင့် ဖွဲ့စည်းထားသော ၀ါကျများသည် အဆိပ်သင့်နေ၏။ သင်နှင့် သက်ဆိုင်သည်လား။ ကျွန်တော်နှင့် သက်ဆိုင်သည်လား။ ထိုသူနှင့် သက်ဆိုင်သည်လား။ အပ်ပေါက်ရာမှာ ပုဆိန်ရာတွေ ထပ်ကာထပ်ကာ။ လူထု၏ ကျန်းမာရေးအတွက် စိုးရိမ်ရေအမှတ် ရောက်ရှိ။ စာသား ပေသား စစ်စစ် စကားလုံးများမစစ်နိုင်မှု။ မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ ရရှိခြင်း ၂၀၁၂ ခုနှစ်။ ကောင်းသတင်းများ များပြားသော်ငြား သတင်းကောင်းများ လိုအပ်နေဆဲ။ ဆန္ဒတွေများပြီး အခွင့်အရေးတွေ များပြီး မစစ်ထုတ်နိုင်တဲ့ ရေ ဟာ။ လှည့်ကာပတ်ကာ ကွေ့ကာဝိုက်ကာ ဒီရင်ဘတ်က ထွက်ပြီး အဲ  ဟိုရင်ဘတ်မှာ ခိုဝင်စတည်းချ။ အမိုးအကာမလို။ အငွေ့ပျံမှု မရှိ။ စိမ့်ဝင်မှု မရှိ။ တည်ရှိမြဲ တည်ရှိခြင်း သက်သက်ဖြင့် ရေသေကောင်လိုလို။ ဘယ်သူ ပြော / လုပ် သမျှကိုမှ မခံစားနိုင်တော့ဘဲ။ ရေများ ရေရေလည်လည် များပြားနေတယ်။

မိုးအိမ်လူ

အာဟာရ ချို့တဲ့မှု ကနေ စ ပြီး ဇာတ်လမ်း ပြီးတဲ့အထိ မတူမတန် ကိစ္စတွေ ဆိုပြီး…..


.


ဘယ်သူ ရှိရှိ မရှိရှိ ဒီလို အရေးအသားမျိုး ရေးသားဖို့က
 တောင်ရေးမြောက်ရေး ဘာရေး ညာရေး ဥပါဒါန်တစ်ခုမှ တံဆိပ်မကပ်ဘူး
လက်ဝတ်လက်စား ၀တ်ဆင်လှပဖို့ နေနေသာသာ
လူတွေရဲ့ နေထိုင်မှုနဲ့ ရာသီဥတုဟာ တိုက်ရိုက် အချိုးကျနေပြီး လူတွေဟာ
ရာသီဥတုကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေနဲ့ ရင်းနှီးနေပြီမို့
နှစ်လိုဖွယ်အပြုံးကိုသာ နေ့စဉ်ရက်ဆက်သုံးစွဲပါ
ပေါ်ပင်ကိစ္စများအား ငြီးငွေ့လာခြင်းနှင့်အတူ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို မကြည့်ရတာကြာပြီ
ဘာအတွက်မှန်းမသိ ရိုးသားနေရ ။ ဘာအတွက်မှန်းမသိ ဖောက်ပြန်နေရ။
မြိန်ရာ ဟင်းကောင်း ခင်ရာ ဆွေမျိုးများ ယနေ့အတွက် သံယောဇဉ်တစ်ရစ်တိုး
ဆက်သွယ်မှု ဧရိယာပြင်ပ၌ အပျင်းပြေစေရန် ဖန်ရှင်စုံလင်သော ဟန်းဆက်များအား ကိုင်ဆောင်သုံးစွဲသင့်၏
၎င်း အဖြစ်အပျက်အရ ရွှေနိုင်ငံတော်ကြီး ဈေးကွက် မတည်ငြိမ်သေးကြောင်း
၎င်း ကိစ္စများအပေါ် မှတ်ချက်ပေးမှုများမှာ လက်ကြောမတင်းကြောင်း
စုံစီနဖာ ကျန်းမာရေးချို့တဲ့မှုသည် နိုင်ငံတကာ သတင်းကြည့်ရှုဖို့ရာ
အလားအလာကောင်း မရှိတဲ့ ပုဒ်ထီးပုဒ်မ ပုဒ်ဖြတ်များအား ဖူးလ်စတော့ပ် ချ
မီရာ ရထားဖြင့် မမီမကမ်းဖြစ်ခြင်းကို အဆုံးသတ်ပြီး
ဝတ္ထုထဲက ဇာတ်ကောင်တွေ အဲဒီ ယာဉ်ကြောမှာ ပိတ်မိနေတယ်
ဖလက်ရှ် မလိုဘဲ ယူဆောင်ထားတဲ့ မှောင်ခို ပစ်ချား များအရ သင် မကောင်းဘူး
ပေါ်ပေါ်တင်တင် ရဲရဲတင်းတင်း ညွှန်းဆိုတဲ့ စာသားကလည်း စာရိတ္တညံ့ဖျင်း
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ရင်ဘတ်နှင့် မတန်ပါ။

31.8.12
မိုးအိမ်လူ

တော မဟုတ် မြို့မဟုတ် စိတ်မီးတွေ ပျက် / ပြတ် ပြီးရင်း မှောင်


.

နေအပူမှာ အခြောက်လှန်းထားတဲ့ စကားသံ စကားလုံး နဲ့ ၎င်းပုဂ္ဂိုလ်က ကျွန်တော့်ကို ဆက်သွယ်တယ်။ ဆက်သွယ်မှု ဧရိယာ တစ်ဆယ့်သုံးမှာ မိုးကြိုးပွဲတော် ကျင်းပပြီးစီး။ တစ်နေ့ကို သုံးခါ ရူးတယ်။ သူ ရူးတော့ ကိုယ် မူး တယ်။ ရူးချင်စိတ် တင်းပြည့်ကျပ်ပြည့်။ အလကားပဲတင်း ကဗျာဆရာတော့ မဟုတ်။ ဟိုနိုင်ငံက ကဗျာဆရာကြီးတွေ လို ကော်ဖီဆိုင်ထိုင်တယ်။ ဟိုနိုင်ငံက ကဗျာဆရာကြီးတွေလို နိုင်ငံရေး ကို စိတ်မ၀င်စားဘူး။ မြို့ပြမှာ မီးပြတ်တော့ ဖယောင်းတိုင် ထွန်းပြီး လိုအပ်ချက်ကို ပြတယ်။ ကျေးလက်တောရွာမှာ မီး မရတော့ ဆန္ဒပြဖို့ ရာ ဖယောင်းတိုင်ကို ည တွက် တွက်နေရတယ်။ ခွန်အားကြီးသူ ပိုင်ဆိုင်စေပါပဲ။ ဆင်ပိန်ကျွဲလောက် ပြဿနာတွေကို မီးတင်ရှို့နေတဲ့ နိုင်ငံရေး အခင်းအကျင်းကို စိတ်မ၀င်စားဘူး။ အထင်မကြီးဘူး။ နားလည်သလို ဘာသာပြန်နိုင်မယ့် အနုပညာအတွက် ဦးနှောက်တွေ ကပ်စေးကုပ်နေကြတယ်။ အသားမရ။ အစွယ်မရ။တကယ်တော့ ကျွန်တော် လည်း ပြေးလိုက်နေရတာ။ အားလုံးကို အချောသတ်ဖို့ အခုမှ အကြမ်းကိုင်နေရတုန်း။ ပါးစပ်ပေါက သန်းခြောက်ဆယ်မှာ တစ် သောင်းလောက် ကပဲ အားအားယားယား အသံစုံထွက်တယ်။ ကျန်တာ ကြယ်တာရာစစ်စစ်တွေချည်း။ ဘာသာစကားကို ကုလားဖန်ထိုး  ဖို့ သူတို့မှာ အစွမ်းရှိတယ်ဆို ။ ကျွန်တော်က ဘာသာစကားကို ဂျိုကာနဲ့ သတ်မယ်။ နွေဟယ် မိုးဟယ် ကြောက်လန့်တကြား အိပ်မက်ကောင်း မမက်နိုင်တုန်း။ လက်ရှိ အခုချိန်အထိ တွင်းနက်ထဲ ဆင်းနေရ။ အဆင်မပြေဘူးထင်သော ၀ါကျသည် သဒ္ဒါမကျကြောင်း ရဲရဲတင်းတင်း။ ဟုတ်ဟုတ် မဟုတ်ဟုတ် အဟုတ်တကယ် ဖြစ်နေခြင်းက အဓိပ္ပာယ်ပျောက်ဆုံးခြင်း။ ပျောက်ဆုံးခြင်း အဓိပ္ပာယ် ပျောက်ဆုံးခြင်းလည်း ဟုတ်။ စိတ်ကဗျာတွေ ရေးဖို့ ဝေဒနာ အစိုင်အခဲ အပြည့်အ၀ရှိပြီး ဖြစ်ရာ စကားလုံးများပျောက်ဆုံးနေသဖြင့်။ မိုးနှောင်းမှာ မိုးကောင်းမယ်။ ရာသီဖွဲ့ကဗျာမဟုတ်။ စိုးရိမ်ရေအမှတ်ရောက်ရှိရန် ပေသုံးဆယ့်ရှစ်ပေ အ ချိန်အတိအကျ မသိ။ အောက်ဘုံပြီးတော့ အထက်ဘုံ တက်ရတော့မယ်။ ကြားထဲမှာ မမြင်နိုင်ခြင်း ဖြစ်ပျက် ကောင်းဆိုး အမျိုးမျိုး ရှိကောင်း ရှိမယ်။ ရှိချင်မှလည်း ရှိမယ်။ ရှိခြင်း ၊ မရှိခြင်း ဟာ ခံစားချက်ကို ယောင်ယောင်လေးမျှ မကွဲပြားသွားစေဘူး။ ပတ်ဝန်းကျင်မှာ မော်တော်ကားတွေအကြောင်း။ စာမတတ် ပေမတတ် နည်းပညာအသုံးအနှုန်းအသံများ။ တည်ဆောက်ဆဲအရာကိစ္စ များ ခလုတ်မထိ ဆူးမငြိ မုန်တိုင်း မမိပါစေနှင့်။ ကိစ္စတွေ ယာဉ်ကြောပြောင်းသွားပြီ။ တိမ်မီးခိုးတွေနဲ့အတူ ခရီးထွက် နေရ။ လူမှုရေး အရှုပ်အထွေးတွေကြား အုတ်ကြားမြက်များ။ လူတွေနဲ့ ဝေး ဝေး ဝေးတဲ့ နယ်မြေ။ ချစ်ခင်ရပါသော မိတ်ဆွေများအား သတိရခြင်းများစွာဖြင့် အထီးကျန်ပါ၏။ စ လုံးရေ နဲ့ စ ကာစ ဆလိမ်ကို တန်းတွေ့မယ့် အဖြစ်မျိုး။ ဗျည်း သရ အိပ်မက်တစ်လှေကြီး မုတ်သုံနဲ့အတူ ဆုတ်ခွာ။ စိတ်ထဲ ပါသည်ရှိ ။ မရှိ။ အခိုက်အတန့်များ၏ ဆုံးဖြတ် ချက်ဖြင့် အရိုးပေါ် အရေတင်နေသော ဟိုးရှေ့က ဘ၀ သံသရာကြီး။ သင့်ကြောင့် သဘာဝဘေးအန္တရာယ် မထူပြော ပါစေနှင့်။ သူတို့ရဲ့ လှုပ်ရှားသံတွေကို မယုံကြည်ဘူး။ ရေဒီယိုက အစ အင်တာနက် အွန်လိုင်းအထိ အရှိတရားတွေကို အခုထိ ဖုံးဖိပြီး မရိုးသားနိုင်ကြသေးပဲ သူများတွေ သောက်သလိုပဲ ကျွန်တော်လည်း မိုးခါးရေတွေ တဂွတ်ပြီး တဂွတ် သောက်ပြီး ဂွတ်ဒ်ချင်ယောင်ဆောင်ရတာ စိတ်မှောင်နေပြီ။

12.9.12
မိုးအိမ်လူ

ငါ နဲ့ ငါ၏ ဆက်စပ်သမျှ မကောင်းတာတွေ စစ်ထုတ်မိခြင်း ကြော်ငြာ


.



ပိတ်ထားတဲ့ သီလ လျော့ရဲရဲနဲ့ ဟောဒီ နှုတ်ခမ်းက မလှုပ် စိတ်က တလှုပ်လှုပ် ကမ္ဘာအကြောင်း ကြားရသမျှ မကောင်းပါ
မြန်မာပြည် အညာစတိုလ် နံနက်စာ ထမင်းကြမ်းမစားဖြစ်တဲ့ ရက်စွဲတွေများဆို နေ့လည်နေ့ခင်း ပူပူလောင်လောင် ဆာလောင်
လောင်မီးမြိုက် ပိုးပေါင်း သောင်းခြောက်ထောင်က ထိုးသုတ် ကိုက်ဖြတ်နေပုံအရ အဲဒါက ဇီဝ လိုအပ်ချက် အစဉ်အတိုင်း
နောက် ငါးနှစ်နေရင် ဘာဖြစ်ရမယ် နောက်ဆယ်နှစ်နေရင် ဘာဖြစ်ရမယ် ကြိုတင်စီမံကိန်း အကြီးစားတွေ မ၇ှိသော်ငြား
မနက်ဖြန်အတွက်တောင် နေခြည် မဖောက်ရသေးတဲ့ ယောင်နန ငနဲ တစ်ကောင် မြေလတ်မြို့တစ်မြို့မှာ ငနီ ဖြစ်နေသလား
ကြက်သွန်ဖြူကို လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ထောင်လောက်က အာရှအလယ်ပိုင်းမှာ စတင်သုံးစွဲတော့
ကိုယ်မှ မကြိုက်ဘဲ သိပ်တော့ စိတ်မ၀င်စားပါဘူး တ၀ူးဝူး တဝေါဝေါ ယန္တရားအသံတွေ လူပါးစပ်က ခိုသံတွေ
နားကိုညည်းလို့ နားကို ပူလို့ နားကို မီးတောက်လို့ နားကို မနားရဘူး နေ့စဉ်ရက်ဆက် ဖေဖေမေမေသိပါစ
ဟုတ်ကဲ့ အဲဒီ အတိုင်းပါပဲ ရှေ့မှာ ခင်းကျင်းထားတဲ့ နေ့ည အဆင်အယင်တွေက စိတ်ပျက်စ ရာ ဆိုမလား စိတ်ညစ်စရာ ဆိုမလား မကောင်းတော့မကောင်းတာအမှန်အတိနှင့် မလှမပ။

6.5.12

မိုးအိမ်လူ