Wednesday, September 19, 2012

ဖြစ်စဉ်အတိုင်း ဖြစ်ပျက်နေခြင်းမှ လှမ်းမြင်ရတဲ့ ရှုမျှော်ခင်း

.
မသာမယာ နွေလယ်မိုးကြီးထဲ ဘာတွေ ရွာကျပြီး ဘာတွေ အငွေ့ပျံသွားသ  လဲ ရေ
ဆိုနေကျမဟုတ်ဘူး နားထောင်နေကျ ကြားနေကျ သာယာနာပျော်ဖွယ် အသံတွေ
မပျော်လည်း နေ ပျော်လည်း နေ နေမသာလည်း နေသာအောင် နေ နေရတဲ့ အသက်ရှုထုတ်မှု ဖြစ်စဉ်
ယနေ့ မှ စ၍ မုန်တိုင်း ခြေသံများ အား ကျယ်လောင်စွာ နားဆင်ရန် ပြင်ဆင်ထားကြပါ
လိုအပ်သည်ရှိ မလိုအပ်သည်ရှိ တောကြီး တောင်ကြီး မဟုတ်လည်း စိတ်မရှိတော့ အုံ့မှိုင်းနေရ
ကမ္ဘာကြီးလည်း ကမ္ဘာကြီးအတိုင်း ကဗျာလည်း ကဗျာအတိုင်း
ဝန်ရိုး တစ်လျှောက် ဗျည်းသရတွေ လည်ပတ်နေပုံ ဆော့ကစားနေပုံ အငွေ့ပျံနေပုံ ပွင့်ထွက်လာပုံ
ကောင်းကင်ကြီး တစ်လျှောက် မျက်စိတစ်ဆုံး အိပ်မက်တွေ လှမ်းလှမ်း မျှော်ကြည့်
ပုံပြင်တွေ နားကုန်ပြီ အစစ်အမှန်တရားတွေ ကန်းကုန်ပြီ အိပ်ရာဝင်သီချင်းတွေ မျိုးသုဉ်းကုန်ပြီ လား
လူသားအားလုံး ဒီလိုပဲ မျဉ်းကြားကူးနေရတဲ့ သံသရာ ယာဉ်သွားလမ်းမကြီး ထက်
ခင်ဗျား အပါအ၀င် ကျွန်တော်တို့အားလုံး နေပူကျဲတဲကြီး အငွေ့ပျံနေရပုံ.။

28.4.12

မိုးအိမ်လူ