စ တည်ခဲ့တဲ့
နေရာက အမှောင်ကျလွန်းတော့
လွင့်ဝဲလာတဲ့
လှိုင်းတွေဟာ ရောင်စဉ်မမှန်ချင်ဘူးပေါ့
ခံယူတဲ့ လက်ထဲမှာ
ဗလာအပြည့်နဲ့ မျက်ဝန်းတွေမှာ ငတ်မွတ်သံတွေ စီညံ
အရှေ့ဘက်ကုန်းမြေဆီ
ဝပ်တွားနေတဲ့ လခြမ်းနီရဲ့ သောက က ဘာပါလိမ့်
တကယ်တော့
ကလေးငယ်တွေဟာ
ကမ္ဘာကြီးရဲ့ ဖန်ဆင်းရှင်တွေပါ
ရင်ငွေ့ ခမ်းခြောက်မှုတွေနဲ့
ခေတ်ရဲ့ အော်ဟစ်တောင်းဆိုမှုတွေက
ခါးလှဖို့
မတွေးရဲ ၀မ်းဝအောင် မနည်းအသက်ရှူရမှုတွေ နဲ့
အသိုက်အမြုံ
ယိုယွင်းမှုတွေဟာ တစ်စုံတစ်ခုကို ငတ်မွတ်မှုကနေ မြစ်ဖျားခံလာခဲ့
ခေါင်းတွေ
ရမ်းမိတယ် နှလုံးသားတွေ ရမ်းမိတယ် ဦးနှောက်တွေ ရမ်းမိတယ်
မိဘ ဆိုတာ
ကလေး မဟုတ်ဘူးလေ
လှုပ်ခါနေတဲ့
ဆက်ဆံရေးတွေနဲ့ မွမ်းမံထားတဲ့ မိသားစုတွေ
တစ်စုံတစ်ရာကို
နားလည် မပေးနိုင်တာ အပြစ်မဟုတ်ဘူး
အကြောင်းပြချက်တွေ
ရှည်လျားလွန်းနေတဲ့ သချာင်္ပုဒ်စာဟာ
တိကျမှန်ကန်တဲ့
အဖြေ တစ်ခု ထွက်ဖို့လား…… ဒါမှမဟုတ်…..
အိပ်ရာထက်က
သက်ပြင်းရှိုက်သံ အတိမ်အနက်နဲ့
ညတာတွေ ရှည်လာသလို
နေ့တစ်နေ့ကို ရင်ဆိုင်ဖို့လည်း စိုးရွံ့ မိ
အစ… စ ခဲ့
မိတဲ့ အစ တွေဟာ ဘယ်လို သင်းပျံ့တဲ့ ရနံ့တွေ ရှိကြသလဲ
ဘယ်လို ဆွဲဆောင်အားကောင်းခဲ့တဲ့
ပုံရိပ်တွေ ရှိကြသလဲ
သားငယ်ရဲ့
လက်တစ်ဖက် ပြုတ် စူပါမင်း အရုပ်ကလေးရဲ့ အစ
သမီးငယ်ရဲ့
ပုံဆွဲစာအုပ် အနွမ်းလေးရဲ့ အစ
ဒုက္ခသစ္စာရဲ့
မြစ်ခွဲ သောက ကလည်း မီးလို တကယ်ပူတာပါပဲလားကွယ်။
မိုးအိမ်လူ
ဲIdea Magazine,December 2011