Friday, December 2, 2011

ကဗျာ





ကဗျာဖတ်ဖို့ သင် ရောက်လာပြီပေါ့
ကြိုဆိုပါတယ်ဗျာ

ဒါဟာ ကဗျာတစ်ပုဒ်ပေါ့
ကဗျာဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာလေးတစ်ပုဒ်ပေါ့


ဒါကို ကဗျာမဟုတ်ဘူးလို့  သင် တွေးထင်နေသလား
တကယ့်တော့ ဒါဟာ ကဗျာဆိုတဲ့ ကဗျာလေး တစ်ပုဒ်ရယ်ပါ
အခြား ဘာမှ မပါဝင်တဲ့ ကဗျာ သီးသန့် ကဗျာလေး တစ်ပုဒ်ရယ်ပါ
သင် က အချစ်ကဗျာလို့ မျှော်လင့်ထားတာလား
သင် က ဘ၀ကဗျာလို့ မျှော်လင့်ထားတာလား
မဟုတ်ရပါဘူး ဒါဟာ အခြား လောကရဲ့ ဖြစ်တည်မှုတွေ တစ်ခုမှ
ရောစပ်ထားခြင်းမရှိတဲ့ ကဗျာလေးတစ်ပုဒ် သက်သက်ရယ်ပါ

သင် က မော်ဒန် ကဗျာလို့ ထင်ထားတာလား
သင် က ပိုစ့် မော်ဒန် ကဗျာလို့ ထင်ထားတာလား
မဟုတ်ရပါဘူး ဒါဟာ သတ်မှတ်ချက် ဘောင်တွေ ဗေဒတွေ တစ်ခုမှ
စွန်းထင်းခြင်း မရှိတဲ့ ကဗျာလေးတစ်ပုဒ် သက်သက်ရယ်ပါ

ကဗျာဆိုတဲ့ ကဗျာလေးကလွဲပြီး
အခြား
ဘာမှ မရှိတဲ့ ကဗျာလေးတစ်ပုဒ်ပေါ့

သင့်ရဲ့ မျှော်လင့်ခြင်းတွေကို
ကောင်းစွာ မဖြည့်ဆည်းပေးနိုင်တဲ့အတွက်
ဝမ်းနည်းပါတယ်
ဘာပဲဖြစ်ဖြစ်
သင် ကဗျာ ဖတ်လိုက်ရပြီပဲ မဟုတ်လား

ဒါဟာ ကဗျာဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကလွဲပြီး
အခြား ဘာမှ မဖြစ်နိုင်တော့တဲ့
ကဗျာလေးတစ်ပုဒ်ရယ်ပါ.။

မိုးအိမ်လူ