Thursday, December 5, 2013

တစ္ဆေ ၀တ္ထု




လိုချင်တပ်မက်မှု အပြင်းစားတွေ တစိမ့်စိမ့် စားသုံးထားတဲ့ နှလုံးသား ဒါမှမဟုတ် စိတ် တစ်ခုခု နှစ်သာရာယူသုံးနိုင်တယ် အဲဒီအရာကနေ စေခိုင်းသမျှ ကိုယ့်အခန်းဟာ ဘယ်တော့မှ ဂျက်မကျတော့ဘူး နေ့မှာ အလင်းတွေနဲ့အတူ ဖုန်မှုန်တွေ ၀င်တယ် ညမှာ အမှောင်နဲ့အတူ အေးစက်မှုတွေ ၀င်လာတယ် တရွေ့ရွေ့နဲ့ ကိုယ်ဟာ ဘယ်ကိုမှ ရွေ့မနေခဲ့ဘူး သေဆုံးခြင်းလို့ အမည်တပ်လို့ မရတဲ့ ရှင်သန်မှု ရှင်သန်မှုလို့ အမည်တပ်လို့ မရတဲ့ သေဆုံးခြင်း ရှုပ်ထွေးမှုမှာ အားလုံးဟာ ရှင်းရှင်းလင်းလင်း ရှုပ်ထွေးနေတယ် နောင်လာမယ့် စက္ကန့် မိနစ် နာရီ နေ့ရက် တွေမှာ ဘာတွေ ဖြစ်လာမလဲလို့ မျှော်လင့်လို့ မရတာဟာ ကသိကအောက် နိုင်လှပေမယ့် တစ်မျိုးတော့ ရှင်သန်လို့ ကောင်းတယ်လို့ တွေးနေမိတဲ့ အတွေး အိပ်မက်တွေ ဘယ်တော့ အဆုံးသတ်မှာလဲ ကြောက်ရွံစိတ်ဟာ လောဘ ဆီကနေ တမြေ့မြေ့ တက်လာတယ် ပြီးတော့ ကိုယ့်ကို အချိန်ပြည့် ကိုက်ဝါးနေတော့တယ် ကိုယ်ဟာ တစ္ဆေ တစ်ကောင်င မဖြစ်ခဲ့ခြင်းအတွက် ယူကျူံးမရဖြစ်မိတဲ့ ရက်စွဲတွေပဲ ဆိုကြပါစို့ မြေဆီလွှာဟာ ခမ်းခြောက်သထက် ခမ်းခြောက်လာပြီး မြေအောက်ရေကြောတွေ ပြတ်တောက် ရွေ့လျား မကြာတော့ပါဘူး လ ကို မမြင်မှာပဲ လူသားတွေ လစ်ကြရတော့မယ် ဒါဟာ နှစ်ထောင့် ဆယ့်နှစ် မဟုတ်ဘူး နှစ်ထောင့်ဆယ့်သုံး ဒီဇင်ဘာ ပုံပြင်အသစ်ပေါ့။

မိုးအိမ်လူ
၅ ဒီဇင်ဘာ ၂၀၁၃