Saturday, December 29, 2012

နံနက်ခင်း မှ သည်


.
အလင်းတွေသာ
တသွင်သွင်
ကြောင်တောင်ကန်းတို့
မှောင်ရည်သောက်လို့ မဝေသေးဘူး

သုညတို့ ဘ၀ သနားဖွယ်။


မိုးအိမ်လူ

Monday, November 19, 2012

အသေးစားများ ဆူညံ



ပြီး တိတ်ဆိတ် ပြီး ငြိမ်သက်ပြီး မှောက်မိုက် ပြီး တိတ်ဆိတ် ပြီး ငြိမ်သက်
အနိမ့်စိုက် လှံတွေ သတ္တလောကထဲမှာ ပုံပြင်တွေ တစ်ပုဒ်ပြီး တစ်ပုဒ်
အခွံချွတ်ထားတဲ့ စနေနေ့။ မိုးမသောက်မီ ရွာခဲ့တဲ့ မိုးစက်တွေကော။
အယ်လ်ကိုဟော အစ အန အနည်းငယ် သွေးကြောထဲကနေ အာရုံကြော အထိကို
အမှန်တရားတွေ သောက်သောက်လဲ မူး။ မိုးခါးရေတွေ မိုးချိုရေတွေ ဖြစ်ပြီး
နောက်တော့ မေ့သွားမယ့် ဒီနေ့ အတိတ် ၀ါးဝါးထင်ထင်။ အနံ့တွေ မကောင်းဘူး ဟုတ်
သီချင်းထဲက ငှက် အပြင်မှာ လာဖြစ်နေတဲ့ အဆိုးအရွားကြီး ။ မီးတောက်တဲ့ အထိ ပျံသန်း။
အခုတော့လည်း အညစ်အကြေးတွေ အထပ်များနေပြီ။
ကံကြမ္မာနတ်ဘုရား ဒဏ္ဍာရီ  အမြင်မှားမှု တွေကို ဒိုင်း လိုကာ
ကျွန်တော်တို့ ခင်ဗျားတို့ နေသာထိုင်သာ ရှိကြပါတယ်။
မလိုအပ်ဘဲ သတ်ထားတဲ့ အဆုံးတွေက။ စ ဖို့ တပြင်ပြင်။ မျက်စိနောက် အာရုံနောက်တယ်။
လောဘတွေ တအား ကြီးတတ်နေပြီပေါ့
နံရံကောင်း မရှိခဲ့သူတွေရယ်။ ခရီးသွားဝတ်စုံ မပြည့်စုံခဲ့သူတွေရယ်။
မဖြူစင်နိုင်တဲ့ အင်္ကျီကိုပဲ ဘုရားသခင်ရှေ့မှာ အခါခါ လျှော်ဖွပ်။ ပြီးတော့လည်း။
ယနေ့ နာရီစင်မှာ မြည်ခဲ့တဲ့ အချိန်သံတွေထဲမှာ ခင်ဗျားပိုင်တာ တစ်ခုမှ မရှိဘူး။
ကျွန်တော် ပိုင်တာ တစ်ခုမှ မရှိသလို။ မီးဘေးရှောင် မလောင်ခင်တား။
မီးတားလမ်းတွေ ဖောက်ထားပါလျက် လောင်နေတဲ့ မီးက ဘာမီးလဲ။
ယနေ့ည ဆယ့်နှစ်နာရီ တိတိတွင် ခင်ဗျားရရှိထားသော အလင်းကို ပြန်လည် ရုတ်သိမ်းမည်။


မိုးအိမ်လူ

၃ မတ် ၂၀၁၂

အလင်းကွက်





တစ်ခုတည်းသော
နှစ်ဆယ့်လေးနာရီမှာပဲ
သင်းထုံမယ့် အလင်းရောင်
ကိုယ့်ကိုယ်ကို ကြက်ခြေခတ် ပစ်ရတာကိုက
သဘာဝ အလှတရား တစ်ခု။


မိုးအိမ်လူ
၆ ဇူလိုင် ၂၀၁၂

ဘတ်စ်ကားမှတ်တိုင်မှာ လေထုက စပြီး ဘတ်ဂ်ျထဲ ပါသမျှ အတွေးအမျှင်များ ရှုပ်ရှင်း






ဘတ်စ်ကား မှတ်တိုင်မှာ ကုန်ကားကို စောင့်စီးပြီး စိတ်နဲ့ ကူးခဲ့တဲ့ မြို့ပြ နေ့လည်ခင်း
ကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ အမဲလိုက် အက ဘေးက ကြည့်ခဲ့ရတဲ့ အမဲလိုက် အက
ကီလီမန်ဂျာရိုများ။ ပုံပြောသူများ။ ကဗျာပြောင်းပြန်များ။ အမှုတွဲများ။ နာမ်များ။
နေ့စဉ် ဈေးသုံး တွေကို ဈေးမှာ မသုံးနိုင်တဲ့ အခါမှာပေါ့။ နေ့ခင်းကြောင်တောင် အမှောင်။
အင်္ကျီ အပွကြီး ၀တ်ရာကနေ အင်္ကျင်္ီကိုယ်ကျပ်တွေ ပြောင်းလဲ ၀တ်ဆင်ရခြင်း အကြောင်း။
ဖက်ရှင်။ ယဉ်ကျေးမှု။ မီးသေချင်ယောင်ဆောင်ထားတဲ့ မက်စ်ဝါဒ ဆိုပဲ။ ဟုတ် မဟုတ်။
လူဖြူ လူမည်း ပြီးတော့ လူနီ လူဝါ။ အီရတ်ပြီးတော့ အီရန် ။ ရေနံ ပြီးတော့ နျူ။
ဘတ်စ်ကား မှတ်တိုင်မှာ ကုန်တင်လေယာဉ်ကို စောင့်စီးပြီး စိတ်နဲ့ ကူးခဲ့တဲ့ ပစ္စက္ခ အဇ္ဈတ္တ။
အမြီးကို ပြန်မျိုနေသူ မြွေများနှင့်  ထိုမြွေများကို နေ့စဉ်ဖမ်းနေသူ တနလာင်္ အင်္ဂါ ဗုဒ္ဓဟူး။
ပန်းတစ်ပွင့်ရဲ့ သွေးကြောထဲမှာ ဇီဝ မျိုးစိတ်သစ် ဖြစ်ထွန်း ပေါက်ဖွားလာတယ် တဲ့ လား။
ဖတ်ပြီးတော့ ဇက် ကြော တက်တယ်။ ကြည့်ပြီးတော့ မျက်ကြောတတ်တယ်။ ဓာတ်ပြားဟောင်း။
ရှေ့က ခြေရာအတိုင်း နောက်က တစ်ထပ်တည်း ကောက်ကောက်ပါ ဖြစ်ပျက်။
ဘတ်စ်ကားမှတ်တိုင်မှာ ရောဂါ ပိုးမွှားတွေဟာ မော်လီကျုဒ် အက်တမ်တွေလောက် နည်းနည်း / နီးနီး
ကျွန်တော် မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာပေါမှာ အရေအပြား အပျက်အစီးတွေများ
ချီလေ တဲ့ ချီလေ က အစ ယနေ့အထိ။ ဘတ်စ်ကား မှတ်တိုင်မှာ ကားတွေ မပြတ်/ပျက် ဘူး တစ်စီးမှ။
ဒီလို အချစ်ကဗျာများ ရေးသားတဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုး ထွက်နေတတ်တယ်။
နိုဗယ်ဆုရှင်ကြီးတွေလည်း အငြိမ်မနေ ကမ္ဘာကို မျက်စိဒေါက်ထောက် နားစွင့်။ အင်တာနက်က အစ။
ဟောရ ပြောရ တားဆီးရ ပိတ်ပင်ရ အားပေးရ သတိပေးရ တောင်းဆိုရ အဆိုပြုရ
ကလေးတွေလည်း ညည အိပ်မပျော် ဂိမ်းထဲက သရီးဒီ အကောင်တွေကို ကြောက်လန့်နေရ
မပြီးသေးဘူး။ အလိုလောဘတွေ ရှိသ၍ ကျွန်တော် ဒီလူတွေကို ဒေါသ ထွက်ရမှာ မဟုတ်။
ဘတ်စ်ကား မှတ်တိုင်မှာ ဘတ်စ်စောင့်သူ တွေ ဘတ်ဂ်ျ လွယ်ပြီး နေ့စဉ် စိတ်တွေလျှော့။


မိုးအိမ်လူ

၃ မတ် ၂၀၁၂

Death





နိဂုံးအကြောင်း တွေးနေဆဲ
တစ်ခဏ
အများအဆို မိုးတိမ်မည်းကြီးက
ကောင်းကင်မှာ
ဖြူဖြူစင်စင်ကြီး မည်းတက်လာတယ်

ခြောက်အိပ်မက်တွေ မက်ရတော့မှာလား
ယူစရာ ပေးစရာ တွေ စီစစ်ရတော့မှာလား
မှာစရာ စကားလုံးတွေ ပြင်ဆင်ထားရတော့မှာလား

သိပ်တော့လည်း ရေးကြီးခွင်ကျယ် မ၇ှိလှပါဘူး

ဒီအကန့်ပိတ်ပြီး
နောက်အကန့်ထဲ သွား၇မယ့် ကိစ္စ
ဒီအမှောင်ထဲကနေ
ဟိုဘက် အမိုက်ထဲ သွားရမယ့် ကိစ္စ

သိပ်တော့လည်း ရေးကြီးခွင်ကျယ် မရှိလှပါဘူး

နိဂုံး ပြီးတော့လည်း နိဒါန်းဆီသို့ပေါ့။

မိုးအိမ်လူ
၂၈ ဖေဖော်ဝါရီ ၂၀၁၂