Monday, November 19, 2012

အမှန်တရား ဆို လား





                                  
နေ့မကျ ညမကျ နာရီ ဒိုင်ခွက်ထဲမှာ တို့လို့တန်းလန်း တွဲချိတ်နေတဲ့
ကာလ တရားတစ်ခုခု အသံတွေသာ တဆက်ဆက် ကျလာ မပြည့်သော အသံများလည်း
ထိုနည်းတူ လမ်းမကြီးထဲ ရပ်နေသလား ရွေ့နေသလား
ဘယ်သူမှ မသေချာမှုထဲ သူ့ဘ၀က ကိုယ့်လာလာငြိ ဟိုဘ၀က လာလာကပ်
ဘ၀က ဘ၀ကို ဘ၀မှန်း မရေရာချင် သူလို ကိုယ်လို မောင်ဝဏ္ဏတွေချည်း
မဆီမဆိုင် ဘ၀တွေ အထပ်တစ်သောင်း ချုပ်တွဲပြီး မီးတောက်တွေ ကစား
စားနေကျတွေ မစားရတဲ့ အဲဒီမှာ ၀ါကျထဲကနေ ပြေကျသွားတဲ့ စကားလုံး အချို့

                 ရား    ဆိုလား   
မှန်                                   မှန်
                 မှန်                 
ရား   ဆိုလား                       ရား

မျဉ်းဖြောင့် အတိုင်း မရွေ့နိုင်ခြင်း လူပီသမှုနှင့် ။
ဥတုသုံးလီ ဖောက်ပြားနေရသော်ငြား ထိုလူအများ ဖောက်ပြားခြင်းမှ ပြန်လည် မဖောက်ပြားနိုင်ကြ။


မိုးအိမ်လူ

No comments:

Post a Comment