Monday, November 19, 2012

အချစ်





ကဗျာတစ်ပုဒ်ထဲမှာ
အနက်တူ သတ်ပုံကွဲ စကားလုံးတွေ
အသံထွက်လွဲ နေသလိုမျိုး

မျိုထားတဲ့ မီးတောက်
ထက်
ကိုယ်ပေါ်ကျတဲ့ မီးပွားတစ်စက
ပိုပူသလိုမျိုး

ဒါဟာ ဒါ မဟုတ်ဘူးဆိုရင်
အခြားအရာလည်း မဖြစ်နိုင်ခဲ့ပြန်ဘူး
ပြောတတ်ကြတယ်လေ
ညတာရှည်လေ အိပ်မက်ဆိုးတွေ ပိုမက်လေ။

မိုးအိမ်လူ
၂၆ ဖေဖော်ဝါရီ ၂၀၁၂


အချစ်ဆိုတဲ့ ခေါင်းစဉ် နဲ့ ကဗျာတွေ ဘယ်နှပုဒ်လောက် ရေးမိမှန်းမသိတော့ပါဘူး။ စိတ်က ဒီ ခေါင်းစဉ် ပေးချင်နေတော့လည်း မငြင်းရက်နိုင်ဘဲ...။

No comments:

Post a Comment