Monday, November 19, 2012

နှင်းဆီ ……..ပြာ






ကိုယ့်ရင်ထဲမှာတော့ အဲဒီ နှင်းဆီ ဆိုလား အဲဒီ ပန်းတွေ ရနံ့ထွက်ကုန်တာပဲ
အဲ့ဒါ အချစ်ပေါ့ ဆို
တူညီတာတွေ မျှတတာတွေ ကြေးမများဘဲ ရင်ဘတ်ထဲ သူ့ဘ၀ကြီး
လာထည့်သွားတဲ့အ ခါမျိုးမှာ အပြာရောင်တွေ အခိုးတလူလူ ထွက်
မတွေ့နိုင်တာကိုက အဓိပ္ပာယ်ကြီးတစ်ခုလို ဖြစ်နေတဲ့ ယုံကြည်ရာ
ယုံကြည်မှုများနှင့်။ ပစ်ပေါက်သွားတဲ့ စကားလုံးတွေများ
ပျားရည်လိုလည်း ချို၏.။ အက်ဆစ်လိုလည်း ချဉ်၏။ ဘေစ့်လိုလည်း ခါး၏.။
ဂျိုကာလို အမျိုးမျိုး လိုရာ သုံးမရတာကလွဲလို အခုထိလည်း မဒေါင်းနိုင်သေးတဲ့။
အဒီ စ မိတဲ့ မျက်လုံးကကို မဟုတ်တာ။
ဘ၀တွေ တစ်ရွက်ပြီး တစ်ရွက် လှန် ၊ ထင်ထင်ရှားရှားတွေ မထင်မရှား တွေ
ဆိုလိုချက်တွေ နား ဝေး တဲ့ အခုလို အချိန်အခါ မှာ ခေတ်ပေါ် အဆိုတော်တွေ လို
ဂစ်တာလေး ခပ်ရွရွ ခေါက် လေသံအေးအေးလေးနဲ့ပဲ
ဘ၀ကို ခပ်ချမ်းချမ်း ပြာ ပေးလိုက်ပါတယ်။


မိုးအိမ်လူ

No comments:

Post a Comment