Monday, November 19, 2012

ကိုယ်တွင်းဖြစ် စစ်ပွဲ




ခုနှစ်ရက်ပတ်လုံး ညအာရုံတွေသေလိုက်ကြတာ အတုန်းအရုန်း
စပ်ထည်ကောင်း မရှိလို့ မလှပခဲ့တဲ့ ကဗျာတွေ ၊ ထိရှနာ မရှိလို့ မတောက်ပခဲ့တဲ့ ကဗျာတွေ
ပျော်ရွှင်စရာ တနင်္ဂနွေနေ့မှာ ကျွန်တော် အမှန်တကယ် ပျော်ရွှင်ခဲ့ပါတယ်
ကမ္ဘာကို မျက်နှာမပြရဲတဲ့ ပန်းပွင့်တွေထက် ကမ္ဘာကို ပုန်းရှောင်ခဲ့တဲ့ ပန်းပွင့်တွေ
လောလောဆယ် အချစ်သီချင်း နင့်နင့်သီးသီးလေးတွေ နားထောင်ပြီး လွမ်းလွမ်းဆွတ်ဆွတ်
ကောင်းကင်ကို မယုံကြည်ခဲ့ပြီးနောက် ရှေးရှေးက ရှေးလူကြီးတွေလို နေ ကို မကိုးကွယ်တတ်
အမှန်တရားမရှိ အကုသိုလ် မရှိ တောင်မှ ခပ်ခါးခါးလေး ဘ၀က ယိုယွင်းတယ်
မနက်ဖြန်ကိစ္စ ရည်မှန်းချက်ကိစ္စ မျှော်လင့်ချက်ကိစ္စ ဦးတည်ချက်ကိစ္စ နဲဗားမိုင်း
အရာရာတိုင်းဟာ နတ္တိပြီးတဲ့အခါ ဇာတ်လမ်းတွေထဲကလို နေပြင်းပူတယ်
အဲဒီ ဇာတ်ရိုးကြီးနဲ့ ကိုယ်ပိုင် ဒုတိယ ၀ိဥာဉ်ကို မေ့ပျောက်
အပူချိန် သုည ဒီဂရီ စင်တီဂရိတ်မှာပဲ အတ္တကိစ္စ ဂိမ်းအိုဗာ သွားတယ်။

မိုးအိမ်လူ

၁၁ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment