Monday, November 19, 2012

ဆို





သံသရာ အဆက်ဆက် မိုက်တွင်းနက်နက် တူးမယ့် ခေတ်ရှေ့ပြေး အကုသိုလ် တုံးကြီး သဖွယ်။
ယနေ့ည အထိအတွေ့များ မသာမယာ ရှိလှ၏။ များများသိ များများမှား
ဆင်ခြင်ဥာဏ် ကတုံးဆံတောက်နဲ့ လမ်းပြောင်းပြန်မှာ ဘယ်နှကြိမ် ပျော်နေမိ။
ဝစီပိတ် ရွတ်ဆိုမှုမှ မဟုတ်ခဲ့ဘဲနှင့် လည်ကောင်း ။ ဤသို့ဖြင့် လက်မည်းတို့၏ တွဲလက်အဖြစ်။
အလိုလို ပိတ်ကားကျ။
ကံဆိုးကောင်ရဲ့ မိုး ဆိုတဲ့ မိုးတွေ အစင်းလိုက်ရင်ဝမှာ တန်းလန်း ခံပြီး
ရထားတွေ ဖြတ်သွားတယ်။ ကားတွေ ဖြတ်သွားတယ်။ အလင်းတွေ ပြသွားတယ်။ အမှောင်တွေ ပြသွားတယ်။
ပုဂ္ဂလနာမ် မဟုတ်လည်း အများဆိုင်နာမ် မစစ်မှု အတုနဲ့ ပဲ
ကျွန်တော့် သီချင်းကို ခင်ဗျားတို့ ပါးစပ်မှာ တပ်ဆင်ပေးလိုက်ပါတယ်။

မိုးအိမ်လူ

No comments:

Post a Comment