Monday, November 19, 2012

ပြန်လည်ခေါ်ယူခြင်း ဗျည်းသရများ




မှတ်သားရန်ကျန်သေးသည်ဟု
ထင်သော
ဗျည်းများ သရများ

တိမ်မြုပ်ပျောက်ကွယ်သွားပြီဟု
ထင်ထားသော
ဗျည်းများ သရများ

ဖုံးကွယ်ထားသည်ဟု
ထင်ထားသော
ဗျည်းများ သရများ

အသေသတ် သေဆုံးသွားပြီဟု
ထင်ထားသော
ဗျည်းများ သရများ

လိုအပ်သည်ဟု
ထင်ထားသော
မလိုအပ်သည်ဟု
ထင်ထားသော
ဗျည်းများ သရများ

ဤစာမျက်နှာမှ စတင်၍
ဖော်ထုတ် တိုက်ချွတ် အသက်သွင်း
ပြန်လည်
ခေါ်ယူလိုက်သည်

လွတ်လပ်ခြင်း ရသ အပြည့်ဖြင့်
တောက်ပကြစေချင်သည်
ဗျည်းများ သရများ။

မိုးအိမ်လူ
၂၄ ဖေဖော်ဝါရီ ၂၀၁၂

No comments:

Post a Comment