Monday, November 19, 2012

ထိုအခါ အလွမ်း၏ အရောင်သည် အပြာရောင် ဟု ကျွန်ုပ် ခံစား မိလေရာ







တိတ်တိတ် ဆိတ်ဆိတ် ကြေကွဲသွားခြင်း အလွမ်းပြာနေ့များ။ ပြာ အဖြစ်လည်း။ အငွေ့ တဝေေ၀ ။. မကြားရတဲ့ သတင်းအတွက် မျက်ရည်ကျနေတယ်။ သတင်း ကြား၇တော့ ဒေါသထွက်တယ်။ အပြန်အလှန် မချိတ်ဆက်နိုင်ခြင်း ရင်ခုန်သံများအတွက် စိုးရိမ်။ ဆွေးရ၏။ တစ်ကိုယ်ရည် တစ်ကာယ ဖြစ်တည် ရှင်သန်ခြင်းအပေါ် စွက်ဖက် နှောက် ယှက်မှုများ ။ ရိုရိုကျိုးကျိုး ။ ကျိုးကျိုးနွံနွံ။ လမင်းပြာ၏ နှုတ်ခမ်းဝယ် သစ်ရွက်ပျိုတို့ လွမ်းလျ။ စကားလုံးတွေ မစီနိုင်တဲ့ မအားလပ်ခြင်း ဘ၀။ ကဗျာလည်း ကဗျာအလျောက်။ စကားပြေလည်း စကားပြေ အလျောက်။ ကုန်းတွင်း မုန်တိုင်း ကြိုတင် သတိပေးကြေငြာချက် လေးဆယ့်ရှစ်နာရီအတွင်း။ ဖုန်းမရလျှင် ဖုန်းဖြင့်ဆက်ပါ။ ကောင်းမှုမြတ်နိုး ကောင်း အောင်ကြိုး၍ ကောင်းကျိုး ကိုယ်၌ တည်စေမင်း။ အတိအကျ စာသားဖြစ်မှု မဖြစ်မှု။ ဘီယာကို အလျဉ်းသင့်သလို သောက်ပြီး။ ကွမ်း ကို အသက်ရှုသလို စားတယ်။ ကင်ဆာ။ ကဗျာမလိုဘူး။ စကားလေးတော့ ချန်သင့်တယ်။ တစ်ယောက်စိတ်ကို တစ်ယောက် ကျစ်အောင် ထုပ်ပြီးမှ။ စိမ်းလန်းသော ကမ္ဘာမြေဆိုတာ ဒီနေရာမှာ ဇာတ်ကောင် မဟုတ်။ ပုသိမ်-မုံရွာ လမ်းမကြီး ပေါ်ကို ခဏ ခဏ ရောက် မဲဇလီမြောင်းဘောင်ပေါ်ကို ခဏခဏ ရောက်။ စိတ်နဲ့။ ရှေ့ကြိုတင် သက္ကရာဇ်အတွက် အစီအစဉ် အတိအကျ မရှိခြင်း ခေတ်  လူ  ပီသမှု ဟာလည်း။ အများအားဖြင့် ဒီနေရာ မှာ ဘရိတ်ပေါက်တတ်ကြတယ်။ အမှောင် အလင်း မလိုဘူး။ နေမွန်းတည့် မိုးမှောင်တဲ့ ညနေလို အချိန်ကြီးပေါ့။ အချစ် ၏ ပစ္စုပ္ပန်ဖြင့်သာ အနာဂတ်ကို မေ့ထားပါ။ အသံတောင် မကြား၇ဘူး။ မီးတောက် ရှိုက်ထုတ် မြိုချ။ ဘယ်သူမှ မသိ လည်း Homesick ။ ဘယ်သူ အားပေး အားပေး Homesick ။ ဘာဒဏ်ရာမှ မရှိတာကြီးကို ဒဏ်ရာလို့ မညာချင် တော့ဘူး။ အမှန်တကယ် Homesick ။ ဆိုက်ကို တစ်ခုခု ရဲ့ နာမည်မှာ ထပ်တူကျမယ့် စိတ်အနေအထား။ ကိုယ် ထင်လိုက်တာကတော့ ငှက်…..ပြာ…..ပြာ…..တွေ။

မိုးအိမ်လူ
၁၁ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment