Monday, November 19, 2012

ဘတ်စ်ကားမှတ်တိုင်မှာ လေထုက စပြီး ဘတ်ဂ်ျထဲ ပါသမျှ အတွေးအမျှင်များ ရှုပ်ရှင်း






ဘတ်စ်ကား မှတ်တိုင်မှာ ကုန်ကားကို စောင့်စီးပြီး စိတ်နဲ့ ကူးခဲ့တဲ့ မြို့ပြ နေ့လည်ခင်း
ကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ အမဲလိုက် အက ဘေးက ကြည့်ခဲ့ရတဲ့ အမဲလိုက် အက
ကီလီမန်ဂျာရိုများ။ ပုံပြောသူများ။ ကဗျာပြောင်းပြန်များ။ အမှုတွဲများ။ နာမ်များ။
နေ့စဉ် ဈေးသုံး တွေကို ဈေးမှာ မသုံးနိုင်တဲ့ အခါမှာပေါ့။ နေ့ခင်းကြောင်တောင် အမှောင်။
အင်္ကျီ အပွကြီး ၀တ်ရာကနေ အင်္ကျင်္ီကိုယ်ကျပ်တွေ ပြောင်းလဲ ၀တ်ဆင်ရခြင်း အကြောင်း။
ဖက်ရှင်။ ယဉ်ကျေးမှု။ မီးသေချင်ယောင်ဆောင်ထားတဲ့ မက်စ်ဝါဒ ဆိုပဲ။ ဟုတ် မဟုတ်။
လူဖြူ လူမည်း ပြီးတော့ လူနီ လူဝါ။ အီရတ်ပြီးတော့ အီရန် ။ ရေနံ ပြီးတော့ နျူ။
ဘတ်စ်ကား မှတ်တိုင်မှာ ကုန်တင်လေယာဉ်ကို စောင့်စီးပြီး စိတ်နဲ့ ကူးခဲ့တဲ့ ပစ္စက္ခ အဇ္ဈတ္တ။
အမြီးကို ပြန်မျိုနေသူ မြွေများနှင့်  ထိုမြွေများကို နေ့စဉ်ဖမ်းနေသူ တနလာင်္ အင်္ဂါ ဗုဒ္ဓဟူး။
ပန်းတစ်ပွင့်ရဲ့ သွေးကြောထဲမှာ ဇီဝ မျိုးစိတ်သစ် ဖြစ်ထွန်း ပေါက်ဖွားလာတယ် တဲ့ လား။
ဖတ်ပြီးတော့ ဇက် ကြော တက်တယ်။ ကြည့်ပြီးတော့ မျက်ကြောတတ်တယ်။ ဓာတ်ပြားဟောင်း။
ရှေ့က ခြေရာအတိုင်း နောက်က တစ်ထပ်တည်း ကောက်ကောက်ပါ ဖြစ်ပျက်။
ဘတ်စ်ကားမှတ်တိုင်မှာ ရောဂါ ပိုးမွှားတွေဟာ မော်လီကျုဒ် အက်တမ်တွေလောက် နည်းနည်း / နီးနီး
ကျွန်တော် မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာပေါမှာ အရေအပြား အပျက်အစီးတွေများ
ချီလေ တဲ့ ချီလေ က အစ ယနေ့အထိ။ ဘတ်စ်ကား မှတ်တိုင်မှာ ကားတွေ မပြတ်/ပျက် ဘူး တစ်စီးမှ။
ဒီလို အချစ်ကဗျာများ ရေးသားတဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုး ထွက်နေတတ်တယ်။
နိုဗယ်ဆုရှင်ကြီးတွေလည်း အငြိမ်မနေ ကမ္ဘာကို မျက်စိဒေါက်ထောက် နားစွင့်။ အင်တာနက်က အစ။
ဟောရ ပြောရ တားဆီးရ ပိတ်ပင်ရ အားပေးရ သတိပေးရ တောင်းဆိုရ အဆိုပြုရ
ကလေးတွေလည်း ညည အိပ်မပျော် ဂိမ်းထဲက သရီးဒီ အကောင်တွေကို ကြောက်လန့်နေရ
မပြီးသေးဘူး။ အလိုလောဘတွေ ရှိသ၍ ကျွန်တော် ဒီလူတွေကို ဒေါသ ထွက်ရမှာ မဟုတ်။
ဘတ်စ်ကား မှတ်တိုင်မှာ ဘတ်စ်စောင့်သူ တွေ ဘတ်ဂ်ျ လွယ်ပြီး နေ့စဉ် စိတ်တွေလျှော့။


မိုးအိမ်လူ

၃ မတ် ၂၀၁၂

No comments:

Post a Comment