Monday, November 19, 2012

တွန့် ကြေ စက္ကူ





အသံတစ်ခု ပြုလုပ်ပြီး အရင်းခံကို ပြန်စစ်ကြည့်တော့ ဆန္ဒ
လိုချင်တပ်မက်မှုပဲလား မချေရာဘူး စိတ်တွေ အုံကြွ ရှုပ်ပွသွားတာပဲ အဖတ်တင်တယ်
အနေဝေး မီးတောက်တွေရဲ့ အပူဟပ်တဲ့ ဒဏ်ကို လူးလိမ့်ခံနေရင်း အခုထိ သုညဇာတ်လမ်း
ဘာမှမသေချာဘူး နောက်ထပ် နှစ် နှစ်လည်း မသေချာဘူး နောက်ထပ်
ကြည့်နေကျ ရုပ်ရှင်တွေကြည့်ပြီး ပြောနေကျ စကားတွေ ပြောပြီး ဖျားနေကျ အဖျားတွေ ဖျားပြီး
ပြောင်းလဲနေတာတွေနဲ့ လျှပ်ကူးပြီး ပြောင်းလဲနေသလား မပြောင်းလဲနေသလား
ဟောဒီ နှစ်တို စီမံကိန်းလေးက နှစ်ရှည်စီမံကိန်း ဖြစ်သွားရတဲ့ အကြောင်းအရင်း
သောက်ရေ မသန့်ဘူး အစားအသောက် မလတ်ဆတ်ဘူး အအိပ်အနေ မမှန်ဘူး
ဝင်ငွေ ထွက်ငွေ မမျှတဘူး လုပ်အားနဲ့ လုပ်ခ မတန်ဘူး ဘာလဲ စိတ်ဓာတ်
ကိုယ်ကောင်းရင် ခေါင်းမရွေ့တဲ့ ကိစ္စ အစစ အရာရာ ရွေ့သွားပြီ
အထပ်ထပ်ပြိုနေတဲ့ တိမ်တွေကိုသာ ငေးကြည့်နေရတဲ့ ဘ၀ရဲ့ အဓိပ္ပာယ်
ခေတ်မီ ဒစ်ဂျစ်တယ် နည်းပညာ ပစ္စည်းတွေ ခေတ်မီ မဟာဗျူဟာမြောက် စီးပွားရေး
မမီမကန်းတွေ များလာတော့ ရုပ်နဲ့နာမ်လည်း မမီမကန်းတွေ ဖြစ်ဖြစ်လာ
၎င်း ထောက်ပို့ တွန်းကန်သံများ ကြားပြီးကတည်းက ကျွန်ုပ် ၏ စိတ်ဓာတ်များလည်း
မကျန်းမမာဖြစ်လျက်ရှိ။

မိုးအိမ်လူ
၁ သြဂုတ် ၂၀၁၂

No comments:

Post a Comment