Monday, November 19, 2012

ကြက်သွန်





ဘာလဲဆို ခြစ်ချလိုက်တော့ စိတ်သက်ပြင်းသံတွေသာ ဟိုတညံ ဒီတညံ
တောင်ပေါ်သီချင်းတွေ မြေပြန့်ယဉ်ကျေးမှုတွေ လှပခြင်း ရက်စက်နေပုံ
မျဉ်းကြောင်းအတိုင်း မောင်းနှင်ထားရတဲ့ ယန္တရား နေ့စဉ်ရက်စွဲများ
မကျွတ်လွတ်နိုင်သော ဆင်းရဲခြင်းများ ၊ ပျော်ရွှင်ခြင်းများ ကြိုဆိုပါ၏
တနလာင်္ နံနက်စာများအား လည်ကောင်း သဒ္ဒါပျက်သော ခံတွင်းဖြင့်။
ချို့ယွင်းနေသော ရာသီဥတု ၊ ဆုတ်ယုတ်နေသော စိတ်ယဉ်ကျေးမှု
ပြန့်နေတဲ့ မျက်နှာပြင်မှာ အရာရာ ပျော်ဝင်သွားပုံက အက္ခရာစဉ်ပျောက်
ည ည ပူလောင်တဲ့ အသံတွေနဲ့ အိပ်မက်တွေ တစ်ထည်ပြီး တစ်ထည်
အသက်ရှူကျပ်ပြီးရင်း ကျပ် ၊ မမြင်နိုင်သော မျက်လုံးများကိုလည်း
စာနာပါ၏ ။ ဒီလို မိုးသံလေသံ ခြိမ်းခြိမ်းညံ နေ့လည်ခင်းကြီးမှာ
ကော်ဖီခါးခါးတွေ မူးယစ်နေပုံ ၊ စွဲလမ်းတမ်းတခြင်းတွေ အာသာမပြေပုံ
ပြီးတော့လည်း ပြီးတာပါပဲ။ အဲဒီ သတင်းဆိုးတွေကိုပဲ အခါခါ ဖတ်
စိတ်ကျန်းမာရေး အရ နာနာကျည်းကျည်း အခွံချွတ်ခံနေရ။


မိုးအိမ်လူ

No comments:

Post a Comment