Monday, November 19, 2012

အသေးစားများ ဆူညံ



ပြီး တိတ်ဆိတ် ပြီး ငြိမ်သက်ပြီး မှောက်မိုက် ပြီး တိတ်ဆိတ် ပြီး ငြိမ်သက်
အနိမ့်စိုက် လှံတွေ သတ္တလောကထဲမှာ ပုံပြင်တွေ တစ်ပုဒ်ပြီး တစ်ပုဒ်
အခွံချွတ်ထားတဲ့ စနေနေ့။ မိုးမသောက်မီ ရွာခဲ့တဲ့ မိုးစက်တွေကော။
အယ်လ်ကိုဟော အစ အန အနည်းငယ် သွေးကြောထဲကနေ အာရုံကြော အထိကို
အမှန်တရားတွေ သောက်သောက်လဲ မူး။ မိုးခါးရေတွေ မိုးချိုရေတွေ ဖြစ်ပြီး
နောက်တော့ မေ့သွားမယ့် ဒီနေ့ အတိတ် ၀ါးဝါးထင်ထင်။ အနံ့တွေ မကောင်းဘူး ဟုတ်
သီချင်းထဲက ငှက် အပြင်မှာ လာဖြစ်နေတဲ့ အဆိုးအရွားကြီး ။ မီးတောက်တဲ့ အထိ ပျံသန်း။
အခုတော့လည်း အညစ်အကြေးတွေ အထပ်များနေပြီ။
ကံကြမ္မာနတ်ဘုရား ဒဏ္ဍာရီ  အမြင်မှားမှု တွေကို ဒိုင်း လိုကာ
ကျွန်တော်တို့ ခင်ဗျားတို့ နေသာထိုင်သာ ရှိကြပါတယ်။
မလိုအပ်ဘဲ သတ်ထားတဲ့ အဆုံးတွေက။ စ ဖို့ တပြင်ပြင်။ မျက်စိနောက် အာရုံနောက်တယ်။
လောဘတွေ တအား ကြီးတတ်နေပြီပေါ့
နံရံကောင်း မရှိခဲ့သူတွေရယ်။ ခရီးသွားဝတ်စုံ မပြည့်စုံခဲ့သူတွေရယ်။
မဖြူစင်နိုင်တဲ့ အင်္ကျီကိုပဲ ဘုရားသခင်ရှေ့မှာ အခါခါ လျှော်ဖွပ်။ ပြီးတော့လည်း။
ယနေ့ နာရီစင်မှာ မြည်ခဲ့တဲ့ အချိန်သံတွေထဲမှာ ခင်ဗျားပိုင်တာ တစ်ခုမှ မရှိဘူး။
ကျွန်တော် ပိုင်တာ တစ်ခုမှ မရှိသလို။ မီးဘေးရှောင် မလောင်ခင်တား။
မီးတားလမ်းတွေ ဖောက်ထားပါလျက် လောင်နေတဲ့ မီးက ဘာမီးလဲ။
ယနေ့ည ဆယ့်နှစ်နာရီ တိတိတွင် ခင်ဗျားရရှိထားသော အလင်းကို ပြန်လည် ရုတ်သိမ်းမည်။


မိုးအိမ်လူ

၃ မတ် ၂၀၁၂

No comments:

Post a Comment