Monday, November 19, 2012

လွင့်ကျ နေ တဲ့ စက္ကူ





ဆုတ်ဖြဲ ပစ်လိုက် ပြီ စက္ကူမှာ သွေးတစိမ့်စိမ့် လောကဓံအပြည့် နံပါတ်များ
အတာပွဲတော် ယဉ်ကျေးမှု ဓလေ့ပွဲတော် ကျရောက်ပြီ ဆိုသော်ငြားလည်းပဲ
ကျွန်တော်က အစ ခင်ဗျားအထိ အရေးမပါတာတွေကို အရာပေးနေတာ မရပ်တန့်
သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့အတူ လွတ်လပ်မှုကို ဘ၀အရ ပိတ်ပင်ထားရ
မရမိလိုက်တဲ့ အနံ့အသက်တွေကို စိတ်မှန်းနှင့်သာ လွမ်းနေရတယ်
နေ့စဉ်နဲ့အမျှ ပျင်းရိလိုက် ကိလေသာ အညှိတက်လိုက် ရမ္မက်ပွက်လိုက်
စက္ကူဖြူလည်း အဖြူရောင်ကို မေ့နေပြီ အကြောင်း
နေ့တိုင်း နားထောင်နေကျ သီချင်းတွေကို နားထောင်ရတာ ရိုးလာပြီဆို
ချိတ်မပါဘဲ ချိတ်ထားတဲ့ စကားလုံး ဗလောင်းဗလဲ ၀ါကျပြိုကြီး
စိတ်ကြိုက်စာရေးဆရာတွေရဲ့ စာတွေကို စိတ်ကြိုက် မဖတ်ရတော့ဘူး
ဒီတစ်နေ၀င် ဒီ တစ်လ ကွယ် ဒီတစ်နေ့ ပြီးသွားတဲ့အခါ ဒီလူ ခဗျာ
ကျွန်သက်သာ ရှည်သွားတယ် လက်ညှိုးကနေ ရေ မထွက်နိုင်သေး
မိုးလင်းရင် မေ့မှာပါ မိုးမလင်းခင်လေး စိတ်အားအပြည့်နဲ့ အညံ့ခံခြင်း သက်သက်။


မိုးအိမ်လူ

၁၂ ဧပြီ ၂၀၁၂

No comments:

Post a Comment