Monday, November 19, 2012

ဖြစ် / ရှိ ရက်သတ္တပတ်




မယုံကြည်ခြင်း မနက်ဖြန်များ၏ သွေးဆောင်ဖြားယောင်းမှု
ပုံရိပ်ယောင် အထပ်ထပ်ဖြင့် မွမ်းမံထားသော ယနေ့များ၏ အမောဖောက်မှု
ကျောထောက်ဓားများ၏ အသွားထက်မှုဖြင့် ယမန်နေ့များ၏ သွေးလှန့်မှု
ယိမ်းယိုင် တနင်္ဂနွေ တနလာင်္ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ
ငြီးငွေ့ခြင်းများဖြင့်သာ မှိုင်းဝေ
ငါ ပျောက်နေသော ငါ ၏ ဖြစ်ရှိမှု အစစ်အမှန်တရား မှီခိုကာလယန္တရား။

16.7.12

မိုးအိမ်လူ

No comments:

Post a Comment