Monday, November 19, 2012

ကိုယ့်စိတ်ကူးနဲ့ ကိုယ် နှင်းဆီတောထဲ





အချိတ်အဆက်တွေ ပြတ်တောက်နေလည်း အဆက်အစပ်တွေ မပြတ်တောက်သေးရတဲ့ အကြောင်း
အရင်းခံက ဘာတဲ့ ရင်ဘတ်ချင်း နှလုံးသားချင်း တံတားထိုးထားတယ် ဆိုရမလား
နှင်းဆီပန်းတွေ နံနက်ခင်းမှာ လှလှပပ မပေးဖူးပေမယ့် အိပ်မက်ထဲမှာတော့
အခါခါ ရူးမိုက်ရင်း ခေတ်ပေါ် အချစ် ဇာတ်လမ်းတွေထက် ရိုမန့် ပိုဆန်နေသေးတယ်
သူ့နေ့စွဲ ကိုယ့် နေ့စွဲ ဆွဲညှိပြီး အီကွေးရှင်း ဖြစ်ဖြစ်မြောက်မြောက် မရပေမယ့်လည်း
အချိန်တန်ရင် အချိန်တန်ရမယ့် ကိစ္စတွေကလည်း ရှိသေးတယ်
ပြန်လည် ပြုပြင်ရသည် ဖြစ်စေ မဖြစ်စေ မင်္ဂလာသတင်းက မင်္ဂလာသတင်းပဲ
နောက်ပိုင်း ဇာတ်ထုပ် သူ့ဘာသာ သူ ဘယ်လို က က
ရလေ လိုလေ အိုတစ္ဆေ မဟုတ်ရပါကြောင်း သစ္စာတိုင်ထည်ထားသော်ငြားလည်း
ကိုယ့်ဘက် စာမျက်နှာက ပုစ္ဆာမှ ခက်သလား အောက်မေ့တယ် သူ့ဘက်က
စာအကြောင်း ပေအကြောင်း ပြောဆို နားမထောင်ရတာကြာပြီ ဖြစ်တဲ့ ဒီအသွေးအသား
ဘယ်လို စကားလုံးတွေ ဘယ်လို အကြောင်းအရာတွေ ပြောပြနေသလဲ နားမလည်နိုင်ဘူး
မပျက်ယွင်းသရွေ့ ချိုးငှက် မပေါ်မယ့် နာမ် အစုအပေါင်း တစ်ခု
ဒါပါပဲ ဒီနေ့အတွက်ကော မနေ့က အတွက်ကော ဒါပါပပဲ စိတ်ကောင်းစရာကော
စိတ်မကောင်းစရာကော သိပ်ခြားခြားနားနား မခံစားဘဲ ဒါပါပဲ။


မိုးအိမ်လူ

၂၇ ဇွန် ၂၀၁၂

No comments:

Post a Comment