Sunday, October 23, 2011

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်




မြင်လိုက်ရတဲ့ မြင်ကွင်းက
စိတ်ကို ထုနှက်ရုံတင် မဟုတ်
အတိတ်ကံ ဆိုးရွားမှုကိုပါ လှစ်ဟ ပြလိုက်သေး

ကြားလိုက်ရတဲ့ အသံနဲ့ သတင်းက
ကိုယ့်နားရွက်ကို ကိုယ် ဖြတ်ပစ်ချင်လောက်အောင်
အကုသိုလ် ရေချိန်ကို ထိုးတက်စေခဲ့

လှုပ်ခတ်လွန်းလို့
မုန်တိုင်းလို့ အမည် မတပ်ပါနဲ့
ပင်လယ်ရေမျက်နှာပြင် နဲ့ လည်း
လယ်ဗယ် လာမညှိပါနဲ့
တိုချင်တို ရှည်ချင်ရှည်
ပေတံတွေကို စာရွက်ပေါ်မှာပဲ သုံးကြပါ
လောကကြီးနဲ့ တွဲချုပ်ထားမှတော့
ဒီဘ၀ရဲ့ အစီအစဉ်တွေကို
ကြည်လင်အောင် ဖမ်းမိဖို့ မလွယ်လှဘူး

ဘယ်ဘက်မျက်လုံးမှာ လာငြိတဲ့
ပင့်ကူအိမ်
ညာဘက်လက်ကို လာငြိတဲ့
ဆူးခြုံ
ဘကုန်းကို ကျင်လည်စွာသုံးပြီး
အာဟာရ ဖြည့်တင်းနေရတဲ့ ဒီခေတ်ကြီးမှာ
ဘ၀က ဘုန်းဘုန်းလဲချင်နေပြီ။

မိုးအိမ်လူ

No comments:

Post a Comment