အထီးကျန်ဆန်မှု ရဲ့ မရေမရာ အတွေးတွေကြား
ငါ လဲလျောင်းခဲ့ရပေါ့
နွေဦးမှာ မြင်းစီးထွက်ခဲ့ကြတဲ့
ငါ့ ရဲ့သူရဲကောင်းတွေ..
သင်တို့  ဘယ်အရပ်ကို ရောက်ရှိနေပြီလဲ..။
ရွှံ့ နွံထဲမှာ နစ်မြုပ်
ရွှံ့ စေးတွေ ထဲ အခါခါ ချော်လဲ
မိုးရေ နဲ့  ချွေးမသဲကွဲတဲ့ …ငါ
ညစ်ပတ်နွမ်းနယ်နေတယ်
နောက်တစ်ခါ ရွာမယ့် မိုးနဲ့ 
ငါ ဆေးကြောပြီး ခရီးဆက်ခဲ့ မယ်
ဟော…. မိုးတွေ အုံ့ လာပြီ
ချုံနွယ်ဆူးခက်တွေ ရဲ့ ငြိတွယ်မှုကို
ငါ့ ရဲ့ ဓားသွားနဲ့ ဖြတ်တောက်
လမိုက်ညမှာ
ငါ့ရဲ့ မြင်း… ခွာလိပ်ခဲ့ပြီ
ဂူသင်္ချိုင်းတွေကြား ဖြတ်သန်း
ငါဟာ လေပွေထဲက အောက်စီဂျင်ကို
ရှုရှိုက်ရင်း သွေးသားတွေကို
လန်းဆန်းစေခဲ့တယ်
တစ်နေ့ နေ့ မှာ ရောက်ရှိမယ့်
ငါ့ ရဲ့ ရဲတိုက်မှာ
သင်တို့ ကို ညစာကျွေးမွေးရင်း
ငါ့ရဲ့ ကောင်းကင်မှာ
ကြယ်စင်တစ်သောင်း ခညောင်းစေမယ်
ချစ်သူရေ..
မြို့ ရိုးပေါ်မှာ
မီးအိမ်ကိုင်ဆောင်ရင်း
ကိုယ့်ရဲ့ မြို့ အ၀င်တံခါးကို
ဖွင့်လှစ်ပေးလှဲ့ ပါကွယ်…။
မိုးအိမ်လူ
No comments:
Post a Comment