Sunday, October 23, 2011

ဆန္ဒ နှင့် ဆုတောင်း




ကြီးကြီးကျယ်ကျယ်တွေ မလိုပါဘူး
နေရောင်ခြည် နဲ့ လေကောင်းလေသန့် ရရင်ပဲ တော်ပါပြီ
ဝဋ်ကြွေးတံဆိပ်နဲ့ လောကဓံ ရဲ့ နိုင်ထက်စီးနင်း ဆက်ဆံရေးတွေက
အီရတ်စစ်မြေပြင်ထက်ပိုတဲ့  အပျက်အစီးတွေကို ဖြစ်ပေါ်စေတယ်
သိုလှောင် အလုံပိတ်ခံထားရတဲ့ ဘ၀တစ်ခုအတွက်
နတ်ဘုရားတွေဟာ အပျော်လွန်နေခဲ့တာလား ခရီးလွန်နေခဲ့တာလား
ဗေဒင်ဆရာ ဟောကိန်းက သွေးထွက်အောင် လွဲခဲ့တော့
မျှော်လင့်နေတဲ့ ပျော်ရွှင်မှုတွေလည်း အစအ နပျောက်
ဆန္ဒတွေဟာ ဆန္ဒတွေ အဖြစ်နဲ့ပဲ နှလုံးသားကို ထုရိုက်ရင်းပျောက်ကွယ်သွားခဲ့တယ်
နေ၀င်မိုးချုပ် ရောက်နေကျ အချိန်လေးတွေက
ဆည်းလည်းသံ မထွက်တော့ဘဲ မိုးကြိုးသံ တွေပဲ ကြားနေရ
အသေးငယ်ဆုံး မာနတရားလေးနဲ့ ခန္ဓာကို ထောက်ထားရင်း
ဟောဒီ ငရဲရပ်ဝန်းကို စွန့်ခွာချင်စိတ်က
သွေးသားထဲမှာ မီးတောက်လို့ နေခဲ့တယ်။

မိုးအိမ်လူ

No comments:

Post a Comment