Sunday, October 23, 2011

ကြွပ်ကြွပ်အိတ် လူတန်းစား


ကြွပ်ကြွပ်အိတ် လူတန်းစား


မစားရအညှော်ခံ ကြွယ်ဝမှုတွေ အတွက်
အခြေမကြီး အနေ မကြီးပေမယ့်
ကိုယ်လည်း အထာ ကိုင်ချင်သေးတယ်

ရှေ့ မကြည့် နောက်မကြည့်
လောဘ အလိုဖြည့်မှုတွေ နဲ့ 
စတား မဖြစ်နိုင်လည်း
စတိုင်လ်တော့ ထုတ်ချင်သေးတယ်

အမှောင်ဖုံးနေတဲ့ အသိဥာဏ်နဲ့ 
မည်းနေတဲ့ အသားအရေက
ကိုရီးယားမင်သားလို ဖြူချင်ဖြူ
ပွယောင်းနေတဲ့ နှာခေါင်းက
ကိုရီးယားမင်းသမီးလို နှာတံ ဆင်းချင်ဆင်း

လူတုပ်ကွေးထက် ကြောက်ဖို့ ကောင်းပေမယ့်
စားသုံးကြည့်တော့လည်း
အဲ…မိုက်သဟေ့

အမျှော်အမြင် ရှိစရာ မလို
အပေါ်အပင် ရှိရင် လူကြည့်ကြမယ်
မောဟကို မသိပေမယ့်
အဖုံးမခံနိုင်ဘူးဆိုတဲ့ ….
ကိလေသာကို မသိပေမယ့်
ကပ်သမျှ ငြိပစ်မယ်ဆိုတဲ့ …

နောင် အနှစ်တစ်သန်းကြာတောင်
ဘယ်သောအခါမှ မပျက်စီး မပျောက်ပျက်သော…။

မိုးအိမ်လူ

No comments:

Post a Comment