Sunday, October 23, 2011

ခေတ်လွန် နေ့ စွဲများ


တောင်းဆိုနေကြတဲ့အသံတွေ အော်သံတွေ ရဲ့အဝေး
နောက်ပြန်ဆုတ်ဖို့ ကြိုးစားရင်း အရှေ့ ကိုပဲ ရွေ့ ရွေ့ နေတဲ့ ခြေလှမ်းတွေ
အသံတိတ်နေ့ စွဲ တွေရဲ့ ခြောက်လှန့် မှုအရိပ်တွေကြား
ဝင်သက်ထွက်သက်မှာ အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ခဏခဏ မှား
အတွေးလွန်ရုပ်ကိုလှုပ်နိုးရင်း ကိုယ်ပိုင်နံပါတ်ပျောက်နေခဲ့တဲ့မိုးရာသီ
အိပ်မက်ဟာ အိပ်မက်ပဲလို့ ကိုယ့်ကိုကိုယ် ပြန်ချော့ရင်း
မြေနိမ့်သက်တံမှာ ကိုယ့်နာမည်ကို စိတ်ကူးနဲ့ ရေထိုး
အရောင်တွေ စုံတာ လှပေမယ့်ပူလောင်လွန်းတယ်ထင်ရတယ်
ဘာပဲဖြစ်ဖြစ်စိတ်ကူးသက်သက်တစ်ခုအတွက်နဲ့ 
ဦးနှောက် ချွေးမထွက်အောင်ထိန်းသိမ်းရင်း
အတိတ်မဲ့ပစ္စုပ္ပန်တစ်ခုကိုလက်ယက်ခေါ်
ဒီနေ့ ဘာ နေ့ လဲ
အတွေးကိုယ်စီစီးမျောရင်း ဘ၀တွေဟာ ရယ်သံငိုသံတွေ ဆူညံ
သူများ အသံပဲ ကြားတတ်တဲ့ဘ၀ အချို့ ရဲ့စိတ္တဇက
အရွယ်အိုသစ်ရွက်တွေလို တောက်လောင်မှုကို ရှောင်ရှားရင်း
ကမ္ဘာခြား စိတ်ကူးတွေ အကြိမ်ကြိမ်ရွက်လွှင့်
နေ့ ဟာ နေ့ ဖြစ်ကြောင်း သက်သေ အထောက်အထားတွေ လိုလာသလို
ညကလည်း ည စစ်စစ် ဖြစ်ဖို့ ဝန်ခံကတိတွေ အကြိမ်ကြိမ်ပေး
အဖြစ်ဟောင်းတွေ ပေါလာသလိုအသစ်ပြုသူတွေလည်း မရေတွက်နိုင်
နေ့ + ည နေ့ တစ်နေ့ အတွက်နာရီတွေဟာ အရာ မ၀င်ချင်တော့ဘူး။


မိုးအိမ်လူ

No comments:

Post a Comment