Sunday, October 23, 2011

အိပ်မက်သစ်သီး



တစ်ကြောင်းဆွဲ ပုံရိပ်တစ်ခုနဲ့ 
တစ်ချက်တည်း လဲပြိုသွားတဲ့…

သတိရခြင်းနဲ့ ဖန်ဆင်းရမယ့် ကောင်းကင်နဲ့ 
နေညိုချိန်တိုင်း လွန့် လူးသွားတဲ့…

ကျန်ရစ်ခဲ့တဲ့ မနေ့ ကရဲ့ မနက်ဖြန် နဲ့ 
ငေးရဦးမယ့် သက်တံလေးကြောင့် ကျိုး ပျက်သွားတဲ့…

အပြာရင့်ရင့်သစ်သီးတစ်လုံး
ပျားရည်သုတ်ထားတဲ့ ဓားသွားနဲ့ 
ခပ်ဖွဖွ လေး ဆွဲခြစ်လိုက်တဲ့အခါ……။


မိုးအိမ်လူ

No comments:

Post a Comment