နေ့ ရက်များသည်မတူညီသော အခင်းအကျင်းများဖြင့် လောကကြီးကိုသက်တမ်းရင့်စေခဲ့ပြီ။ တိမ်ထူ
ထပ်သော နေ့ တစ်နေ့ မဟုတ်သလို့ မိုးရွာသော နေ့ တစ်နေ့ လည်း မဟုတ်ပါ။ နေ သာသော နေ့ တစ်နေ့ ဖြစ်ပါသည်။
အနံခံအာရုံသို့ လာရောက်ထိမှန်သော ရနံ့ များတွင် ကောင်းကျိုးရော ဆိုးကျိုးပါ ပါဝင်ကြောင်း သစ်ရွက်ခြောက်က
သတိပေးသည်။ ယနေ့ ထုတ်သတင်းစာတွင်သတိပေး ၊ အသိပေး ကြေငြာချက်များ.. များစွာ တွေ့ ရသည်။ ကမ္ဘာကြီး
ပါးရေနားရေ တွန့် နေခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ နှုတ်က ပြောသည်။ နားက ကြားသည်။ ဦးနှောက်က
ဆုံးဖြတ်သည်။ နှလုံးသားက ခံစားသည်။ စစ်ပွဲများနှင့်ပွဲတော်များ ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိပါသည်။
ရေရောထားသော နေ့ စွဲများ များပြားလာကြောင်း သတိပေးပြောကြာသူ၏ အတိတ်၊ ပစ္စုပ္ပုန်၊
အနာဂတ် နေ့ စွဲများမှာ ရေရောရုံသာမက ရေစစ်စစ်ပီအိတ်ခ်ျဆဲဗင်းများ ဖြစ်နေသည်ကိုအံသြကြီးစွာ တွေ့ လိုက်ရခြင်း
ကြောင့်အနောက်သို့ ဝင်သွားသော နေလုံးကြီးနောက်တွင်ကပ်ပါသွားသော အိပ်တန်းပြန်ငှက်တစ်အုပ်ထဲတွင်လူသိများ
သော ငှက်များပါမပါ ၊ မျိုးတူရိုးတူငှက်များ ဟုတ်မဟုတ် သေချာရေရာစွာ မကြည့်လိုက်ရသည့်အတွက်ဆည်းဆာနေ၀င်
ချိန်သည်သုတမပါ ရသချည်း သက်သက် ဖြစ်နေခဲ့ခြင်းမှာ ရေရောခံရခြင်း၏ ၀ိသေသ လက္ခဏာများဖြစ်ကြောင်း အထက်
ပါလူမဟုတ်သော အခြားလူတစ်ယောက်က မမေးရပါဘဲ လာရောက်ပြောပြနေခဲ့သည်။
အိတ်ကပ်ထဲမှ ဆေးလိပ်ကိုထုတ်သည်။ လှည့်ကြည့်သည်။ ဖတ်ကြည့်သည်။ အမည်ကိုမကြိုက်ပါ။
ပတ်ကြည့်သည်။ မဆိုးလှ။ နှုတ်ခမ်းမှာ တေ့လိုက်သည်။ မီးခြစ်ကို ခြစ်သည်။ မီးညွန့် ထဲသို့ ဆေးလိပ်ကိုထည့်သည်။ ဖင်
စီခံကိုတစ်ချက်ရှိုက်လိုက်သည်။ ဆေးလိပ်မီးစွဲသွားသည်။ မီးခိုးများထွက်လာသည်။ ပါးစပ်ထဲမှမီးခိုးများ ထွက်လာသည်။
အမှိုက်ပုံမီးရှို့ ရာမှမီးခိုးများထွက်လာသည်။ ဖြတ်သွားသော ကား အိတ်ဇောပိုက်မှမီးခိုးများ ထွက်နေသည်။ လူငယ်များ
ထံမှမီးခိုးများ ထွက်နေသည်။ လူကြီးများထံမှမီးခိုးများ ထွက်နေသည်။ မီးခိုးသည်အဖြူရောင်ရှိသလိုညို ညစ်ညစ်
အရောင်ရှိသလိုအပြာမှိုင်းမှိုင်းအေ၇ာင်ရှိသလိုမီးခိုးရောင်ဟူ၍ လည်း ရှိသည်။ ပုံသဏ္ဍာန်အပျက်အယွင်း ဆုံး ဒြပ်မဲ့
ဖြစ်သည်။ အနံ့ မှာ ညှော်နံ့ မှလွဲ၍ အခြားမရှိ။ အရသာသိလိုသော်မီးခိုးထဲတွင်လျှာထုတ်ကြည့်ပါ။
ဖမ်းဆုပ်မရသော စိတ်ခံစားမှုများဖြင့် နေ့ ရက်များသည်တဖြည်းဖြည်း အရည်ပျော်ကျလာသည်။ကိုယ့်
ကိုကိုယ် ဖျောက်ဖျက်ရင်း ချက်တင်ထိုင်ခြင်း ၊ ဖဲကစားခြင်း ၊ ကွမ်းစားခြင်း ၊ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း အမှုကိစ္စများတွင်
ဦးနှောက်နှင့်နှလုံးသားကိုအားမစိုက်စေဘဲ အရည်မရ အဖတ်မရ စကားလုံးများကို ပေါက်ပေါက်ဖောက်နေခဲ့မိသည်။
လက်ခံခြင်း၊ ငြင်းပယ်ခြင်း များနှင့် ငွေးကြေးကြွယ်ဝလိုခြင်း ၊ အောင်မြင် ပေါက်ရောက်လိုခြင်းများကိုကံစမ်းမဲ နှိုက်နေခဲ့
ခြင်းသည်အခြေအနေကောင်းလှသော ဖြစ်တည်ရှင်သန်မှုတစ်ခုမဟုတ်ခဲ့။ အောင်မြင်ကျော်ကြားလျက်ရှိသော ဘ၀များ
ကိုအားကျမျှော်ကိုးရသည်မှာ အင်မတန်ပင်ပန်းနွမ်းနယ်သော အလုပ်တစ်ခု ဖြစ်ပါသည်။
ဤ၀တ္ထုတွင်အချစ်မပါဝင်ခဲ့ခြင်းအတွက်စိတ်မကောင်းလှပါ။ ဤ၀တ္ထုသည်မည်သူ၏အကြောင်းကို
ရေးဖွဲ့ နေသည်ဟုဆိုဖို့ ရန်မှာ အလွန်ခက်ခဲလှပါသည်။ ဇာတ်ကောင်တစ်ယောက်တည်း ပါဝင်သည်လည်း မဟုတ်ပါ။
ဇာတ်ကောင်များစွာ ပါဝင်သည်လည်း မဟုတ်ပါ။ ပေါ်ပြူလာဖြစ်နေသာ လူတစ်ယောက်၏အကြောင်းလည်း မဟုတ်ပါ။
မည်သူမှမသိသော အညတရ အကြောင်းလည်း မဟုတ်ပါ။ လောကကြီး၏အကြောင်းလည်း မဟုတ်ပါ။ ကမ္ဘာကြီး၏
အကြောင်းလည်း မဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံ၊ မြို့ တစ်မြို့ ၏အကြောင်းလည်းမဟုတ်ပါ။ အကြောင်းအရာမျိုးစုံကို မွှေ
နှောက်ချိတ်ဆက်စီစဉ်ထားသော ၀တ္ထုလည်း မဟုတ်ပါ။ စာရေးသူ၏အကြောင်းကိုတဖွဲ့ တနွဲ့ တင်ပြထားသော ၀တ္ထု
လည်း မဟုတ်ပါ။ ယခုနာမည်ကြီးလျက်ရှိသော မော်ဒန်၊ ပို့ စ် မော်ဒန်၊ ပို့ စ်ပို့ စ် မော်ဒန် စသော ၀ါဒများ၏ သွတ်သွင်း
ခံလွှမ်းမိုးခံဝတ္ထုတစ်ပုဒ်လည်း မဟုတ်ပါ။ရေးချင်ရာ ရေးနေသော အရူးတစ်ယောက်၏ စာများလည်း မဟုတ်ပါ။
ဤ၀တ္ထုကိုဝတ္ထုမဟုတ်ဟုများစွာသော လူတို့ က သတ်မှတ်ပြောဆိုကြပါလိမ့်မည်။ သေချာသည့်အချက်တစ်ခုမှာ
ဤအရာ သည်ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ အချစ်မပါသော ၀တ္ထုတစ်ပုဒ် ဖြစ်ပါသည်။ အညှီအဟောက်မပါသော ၀တ္ထုတစ်
ပုဒ် ဖြစ်ပါသည်။ လက်ခံချင်သူများ လက်ခံကြလိမ့်မည်။ ငြင်းပယ်ချင်သူများ ငြင်းပယ်ကြလိမ့်မည်။ လက်ခံခြင်းနှင့် ငြင်း
ပယ်ခြင်းသည် ရွေးချယ်ရခက်ခဲသော လူတစ်ယောက်၏ နိစ္စဓူဝ နေ့ လွဲညစာများ ဖြစ်ပါသည်။ အမောဖောက်နေသော လူ
့အဖွဲ့ အစည်းအတွက်ဤ၀တ္ထုသည်အဆိပ်အတောက်တစ်ခုမဟုတ်ကြောင်း အာမခံပါသည်။
ကမ်းကပ်နားခိုလျက်ရှိသော တိမ်တိုက်များသည်မိုးရွာသွန်းရန်မဟုတ်။ ဆွဲငင်တတ်သော အရာများ
ထဲတွင်ကမ္ဘာကြီးသည်အရိုးသားဆုံးဆွဲငင်သူ ဖြစ်သည်။ လက်အချို့ လေထဲတွင် ဝေ့မြောက်နေသည်။ ဦးခေါင်းအချို့ 
ငိုက်စိုက်ကျနေသည်။ ဒူးခေါင်းအချို့ မြေကြီးနှင့်နမ်းရှိုက်နေကြသည်။ ဖြစ်ရိုးဖြစ်စဉ်များဖြစ်ပျက်နေကြသည်။ အဆက်
မပြတ် ဖြစ်ပျက်နေသည်။ဖြစ်ရိုးဖြစ်စဉ်များဟုသိကြသော်လည်း ငိုတဲ့သူများက ငိုနေမြဲ။ ရယ်တဲ့သူများက ရယ်နေမြဲ ။
မောတဲ့သူများက မောနေမြဲ။ နာကျည်းတတ်သူများက နာကျည်းနေမြဲ။ ကတ်တလောက်ထဲတွင်မပါဝင်သော ခံစားမှုအချို့ 
ညဈေးတန်းတွင်အရောင်းသွက်လျက်ရှိသည်။ အမြို့ မြို့ အနယ်နယ်တွင်အရောင်းသွက်လျက်ရှိသည်။
ရာစုသစ်ကူးလက်ဆောင်အဖြစ်မာရ်နတ်ပေးသော အရာများမှာ ယခုထိမပြီးနိုင်မစီးနိုင်တဆက်
ဆက်ရောက်ရှိလျက်ရှိသည်။ အေ့စ်ရောဂါကူးစက်မှုများ၊ မြေနိမ့်ရာလှံစိုက်တတ်သော သဘာဝဘေးအန္တရာယ်များ ၊ ကြက်
ငှက်တုပ်ကွေး ၊ လူတုပ်ကွေး ၊ ၀က်တုပ်ကွေး ( ဤတုပ်ကွေးသုံးခုမည်ကဲ့သို့ ကွဲပြားခြားနားကြောင်း သို့ မဟုတ်တူညီ
ကြောင်း စာရေးသူ သေချာရေရာစွာမသိပါ။ ) ၊ အိပ်ထောင်ရေး ဖောက်ပြားမှုများ ၊ ဖျော်ဖြေရေး ပစ္စည်းများဖြင့်လူသားတို့ 
၏အနှစ်သာကိုခမ်းခြောက်စေမှုများ ၊ လက်မထပ်ဘဲ အတူတကွ နေထိုင်မှုများ …ကုန်သေးဟန်မတူပါ။ ပြည်စုံသော ဘဝ
တစ်ခုအတွက် ချွေးများ သွေးများ သာမက မျက်ရည်များပါ ရင်နှီးခြင်းသည် ခေတ်သစ်လူ့ အဖွဲ့ အစည်း၏ စတိုင်လ်တစ်ခု
လို ဖြစ်နေခဲ့သည်။တစ်ဦးတစ်ယောက်ချင်းစီ၏ ဦးခေါင်းထက်တွင်အိုဇုန်းလွှာများ ပေါက်ပြဲလျက်ရှိပါသည်။
လမ်းဘေး ဓာတ်တိုင်ရှိ မီးသီး သို့ မဟုတ်မီးချောင်းမှာ ကျွမ်းလျက်ရှိပါသည်။ လျှပ်စစ်အလင်းမလို
သောဘ၀တစ်ခုဓာတ်တိုင်အောက်တွင် ပြိုလဲလျက်ရှိသည်။ အမှားများခြင်းသည်မကောင်းသော်လည်း အမှားနည်းခြင်း
သည်လည်း ပြဿနာများကို ဖြေရှင်းနိုင်စွမ်းလျော့ပါးစေသော အကြောင်းအရင်းတစ်ခု ဖြစ်နေခဲ့သည်။ ၀လုံးတစ်လုံး ရေး
သည်။ အမှားခြစ်သည်။ နောက်ထပ်ဝလုံးတစ်လုံး ရေးသည်။ အမှားထပ်ခြစ်သည်။ နောက်ထပ် နောက်ထပ်ဝလုံးများ
ရေးသည်။ အမှားများ ထပ်ကာထပ်ကာ ခြစ်ချသည်။ ၀ လုံးသည်ပုံသဏ္ဍာန်မဖော်ပြအပ်သော နတ္ထိ ဖြစ်သည်။
ပြီးဆုံးခြင်းသည်ယခုအချိန်အထိ ရောက်မလာသေးပါ။ ရောက်လာဖို့ လည်း မသေချာပါ။ ပြီးဆုံးခြင်း
ကိုထုဆစ်နေသူများမှာလည်း ခြေကုန်လက်ပန်းကျနေပြီ။ ဘာသာကြီး လေးခုအပါအ၀င်၊ ကမ္ဘာပြားခြင်း ၊ ဒိုင်ယာလက်
တစ်၊ ထွိုင်ယာလက်တစ်၊ မော်ဒန်၊ ပို့ စ် မော်ဒန်၊ ပန့် ခ်၊ အီမို၊ ဘာတွေမှန်းမသိသော အတွေးအခေါ် ဒဿန ၊ ၀ါဒ တို
့ကြားတွင်ပညာရှင်များ မှာ စိတ္တဇရောဂါသည်နှင့်မခြား ။ အရေးကြီးဆုံး ဆိုသည်များမှာ လမ်းဘေးရေမြောင်းထဲတွင် ပေါ်
လောပေါ်လျက်ရှိသည်။
လိုချင်တပ်မက်မှုများ ၏ သက်တမ်းမှာ တိုတောင်းလာပါသည်။ ပျော်ရွှင်ခြင်း သည် လေနှင့်တူသည်။
မုန်တိုင်းအပြီးတွင်သစ်ရွက်စိမ်းတို့ နွမ်းကျေနေပါသည်။ သွေးထွက်သံယိုနည်းပါးလာသည်နှင့် အမျှ စိတ်ဓာတ်အဆောက်
အအုံများမှာ ယိုင်နဲ့ လာပါသည်။ ညသည်အဓိက ဇာတ်ကောင်ဖြစ်လာသည်။ ဆူညံမှုတို့ ဝင်လာပြီ။ ခြေလှမ်းများအတွက်
ဂရန်ဒီပေးထားသော လမ်းများ မရှိ။ မိုးကိုမျှော်ကြသည်။ မိုးရေခံဖို့ မဟုတ်သလိုမိုးရေချိုးဖို့ လည်းမဟုတ်။ သက်တမ်းလွန်
နေသော တိမ်တိုက်အချို့ အပြုံးမပျက်လက်ပြနှုတ်ဆက်သွားကြသည်။
ဒီအချိန်၊ ဒီနေရာမှာ ဒီအသံကိုကြားရသည်မှာ လူ့ စိတ်ကို ပြီးပြည့်စုံစေသည်။ ဘာတေးသံကိုတီး
ခတ်နေသလဲ သေချာမသိပါ။ ရသကိုးပါးတို့ ခုန်ပေါက်ပြေးလွှားလျက်ရှိသည်။ ဖျက်ခနဲ အေးစက်သွားသော လေစီးကြောင်း
တွင်စိတ်ကူးယဉ်ဇာတ်လမ်းအချို့ ကပိုကရိုပါသွားသည်။ နံရံကိုဦးခေါင်းနှင့် ဆောင့်နေသူသည်ယခုထိမသေသေး။ ပိ
တောက်ပင်အိုကြီးသည်လူသားတို့ သတ်မှတ်ချိန်ကိုဆန့် ကျင်ကာ ၀င်းဝါစွာ ပွင့်ဝေလျက်ရှိပါသည်။
မျက်လုံးကိုစူးရှစွာ လာရောက်ထိမှန်သော အလင်းတန်းကိုလက်နှင့်ကာလိုက်သည်။ လက်ကို
ဖြည်းဖြည်းချင်း ဖယ်ကြည့်လိုက်သောအခါ အဖြူရောင်တိမ်တိုက်ကြီးကို တွေ့ လိုက်ရသည်။ မဟုတ်ပါ။ တိမ်တိုက်မဟုတ်
ပါ။ သေချာစွာကြည့်လိုက်သည်။ ရှေ့ သို့ ခြေလှမ်းတစ်ဝက်တိုး၍ ကြည့်လိုက်သည်။ ၀ိဥာဉ်များ…။ အဖြူရောင်ဝိဥာဉ်များ.။
မည်သူ၏ ၀ိဥာဉ်များဆိုတာကို ပြောပြစရာမလိုဘဲ စိတ်က အလိုလိုသိနေသည်။ ၀ိဥာဉ်များက ပြုံးပြကြသည်။ ခဏချင်း
မှာပဲ အပြုံးများ အချပ်လိုက်ကွာကျသွားကြသည်။ ကြောက်ရွံ့ စိတ်၊ ထိတ်လန့် စိတ်တို့ အတင်းဝင်ရောက်လာသည်။
ဘာလဲ။ ဘာတွေလဲ။ ဘာလုပ်ရမှာလဲ။ ဘာအတွက်လဲ။ ဘယ်သူလဲ ။ ဘယ်သူတွေလဲ..။…… ….. …..။

မိုးအိမ်လူ