Sunday, October 23, 2011

ရောင်စုံ ပူဖောင်း







ကြက်သွေးရောင် လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံ ခတ်မှု အနုပညာမှာ
ဟိုးကောင်ကင် နယ်နိမိတ်က ကြယ်တွေ စုဝေး ကခုန်နေကြသလို
ရွတ်ဆိုလိုက်တဲ့ စကားစု အတွဲလိုက်တွေက သီချင်းတစ်ပုဒ် ဖြစ်ဖို့ အဆင်သင့်
ဝင်သက်ထွက်သက် ညင်ညင်သာသာနဲ့ ကဗျာတစ်ပုဒ်ဟာ မွေးဖွားလာခဲ့ပြီ

တမ်းတတတ်သူတို့ရဲ့ အတိတ်စွဲရောဂါဟာ တစ တစ ပြင်းထန်လာ
အရှိတရားတွေ ပပျောက်အောင် မိန်းမောနေကြတာ ကျောက်ရုပ်တွေလိုပဲ
ဘယ်အရပ်ဒေသမှာ ပွင့်မယ်မှန်းမသိတဲ့ အဖြူရင့်ရင့် ပန်းတစ်ပွင့်အတွက်
နေ့စွဲတွေက ပြဿဒါး မဟုတ်ပါဘဲ အနီရောင်ပြောင်း
ပင်လယ်မှာ လှိုင်းထန်တဲ့အကြောင်း တောင်ပေါ်သားတွေ မသိခဲ့ကြဘူး

အပျက်ပျက်နဲ့  ပရမ်းပတာ စိတ်ခံစားမှုတွေနောက် သတိကပ်ရင်း
ရောင်စုံခြယ် သက်တန့်တွေဟာ အရပ်မျက်နှာတိုင်းမှာ ပေါ်ထွန်းလာတယ်
စိတ်ပျက်လက်ပျက် ပြောချင်ရာပြောထွက်လာတဲ့ စကားတွေ
မီးပွိုင့်လည်း မရှောင် မျဉ်းကြားလည်း မသိ အကြိမ်ကြိမ် ဒဏ်ရိုက်ခံရင်း
လမ်းတွေဟာ ရှုပ်ထွေးလာသလို ခရီးကလည်း မဆုံးနိုင်

အိပ်မက်ထဲက အတိတ်ကို ကောက်ယူရင်း နှင်းဆီပင်လေးကို ရွှေမှုန်ကြဲ
နိယာမတွေဟာ သစ္စာရှိခဲ့ကြ ၊ သဘာဝတရားတွေဟာ ခိုင်မြဲခဲ့ကြ
တစ်မိုးပြီး တစ်မိုး သောက်ခဲ့တယ် တစ်နေပြီး တစ်နေ ၀င်ခဲ့တယ်
တစ်ရစ်ချင်း အိုဟောင်းရင်း တရွေ့ရွေ့ နဲ့ ဆွေးမြေ့
ကြည်စင်တဲ့ စိတ်အာရုံလေးတွေ ဘောင်ခတ်ဖို့ ကြိုးစားရင်း
သစ္စာသံ မေတ္တာသံတွေ တိမ်ဝင်သွားတဲ့ အရပ်မှာ
ဆင်ခြင်ဥာဏ်တွေလည်း…… …… …… ….. ….. ….. ….။

မိုးအိမ်လူ

No comments:

Post a Comment