အိပ်မက်ဦးက
နှင်းဆီဝါ
( ၁ )
အဲဒီညနေက
ဘယ်ရယ်မဟုတ်ပါဘဲ
နှင်းဆီတစ်ပွင့်ကြောင့်
ငါဟာ
အိပ်မက်မြို့ သားဖြစ်ခဲ့ရတယ်
အမှတ်တရက
သွေးစိမ်းရှင်ရှင်ထွက်နေတဲ့
ဒဏ်ရာတစ်ခုလို
ရိုးသာစွာ နေထိုင်ရင်းက
ငါဟာ မာရ်နတ်ရဲ့ စစ်သည်တော်
ဖြစ်သွားခဲ့တယ်
ဝံပုလွေတစ်ကောင်ရဲ့ကောက်ကျစ်မှုမျိုးနဲ့
ငါ ရေးသားခဲ့တဲ့ ပုံပြင်တစ်ပုဒ်က
ကိုယ့်ကိုယ်ကို အဆိပ်ခတ်မိသလို
ဒီလိုနဲ့ ပဲ
ငါရဲ့ ရာဇ၀င်နှင်းဆီဟာ
အစိမ်းရောင်ပြောင်း
….. ….. ….. ….. ….. ……
….. ….. ….. ….. ….. ……
ငါ့ရဲ့နှလုံးသားက
ကျိန်စာမိထားသိလို
ပြာနှမ်းနေပြီ….။
( ၂ )
စစ်မြေပြင်ကို ခြေချမိတာနဲ့ 
ငါဟာ
အားအင်ချိနဲ့ သူ တစ်ယောက်လို
မှော်မိစ္ဆာ ဖန်ဆင်းတဲ့
ပန်းတစ်ပွင့်အလား
ငါ့ ရဲ့ ဆေးတောင်ဝှေးဟာ
အသုံးမ၀င်တော့ဘူး
အလွမ်းခြယ်မှုန်းထားတဲ့
ညနေခင်းက
ငါ့ရဲ့ မိုးစက်တွေကို
ချီးကျူးနေလေရဲ့
ငါ့ကို ငါ ဘာကောင်လဲလို့ 
ပြန်မေးမိတဲ့ အချိန်
ဒုက္ခမိုးရေစက်တွေက
ငါ့ တစ်ကိုယ်လုံး
ရွဲရွဲစိုနေခဲ့ပြီ
ပန်း ရေ
မင်း ရဲ့သူရဲကောင်းတွေ
စစ်ဝတ်တန်ဆာ ပြင်နေကတည်းက
ငါ အလံဖြူ လွှင်ထားခဲ့တာပါ…။
( ၃ )
လောက ရဲ့ မာယာကို
မသိခင်ကတည်းက
ငါဟာ လှည့်စားခံခဲ့ရတာပါ
နံနက်ခင်းနေခြည်သောက်ထားတဲ့
မင်းရဲ့မျက်ဝန်းက
သေသူကို လမ်းလျှောက်စေနိုင်သလို
ဒီလိုနဲ့ ပဲ
ငါဟာ
ဗီးနပ် စ် ထံမှာ
ဒူးထောက်ခဲ့ရတယ်
မျှော်လင့်ခြင်းတွေကို
မီးစာမြှင့်ရင်း
ငါ့ ရဲ့ ဆောင်းတွင်းကို
နွေးထွေးစွာနဲ့  ဖြတ်သန်း
ရွက်ကြွေတို့ ရဲ့ ရင့်ရော်မှုမျိုးနဲ့ 
ငါ ဟာ နွေဦးနဲ့ အပြိုင်
စစ်တုရင် ကစားဖူးတယ်
ဟောင်းမြေ့နေတဲ့
ငါ့ ၇ဲ့ ပန်းနုရောင် ဒိုင်ယာရီဟာ
ခပ်ဆွေးဆွေး အက္ခရာတွေနဲ့ ပြည့်နှက်လို့ 
ဒီလိုနဲ့ပဲ
သက္ကရာဇ်တို့ ရဲ့ တိုက်စားမှုနဲ့ 
အိပ်မက်ကမ္ဘာဟာ
မိုးသောက်တိုင်း
နေရောင်ခြည်ကို မျှော်လင့်တတ်ခဲ့တယ်…။
မိုးအိမ်လူ
No comments:
Post a Comment