Saturday, October 22, 2011

ချည်တိုင်က ကျောက်ရုပ်

ချည်တိုင်က ကျောက်ရုပ်

နေ့ ရက်တွေကို
တစ်ခုချင်း
ဆွဲ ဖျက်ရင်း
လွန်ခဲ့တဲ့ နှစ်က
အနာတရတွေ
ပျောက်သွားမလား


တစ်ကိုယ်ရေ ရူးသွပ်မှုလေးတွေနဲ့ 
မနက်ဖြန်အကြောင်း မစဉ်းစားမိတာ
တော်တော်ကြာခဲ့ပြီ ထင်တယ်
ထားရာနေ စေရာသွား ဘ၀ မဟုတ်ပေမယ့်
နေချင်တဲ့နေရာနေ လို့ မရ
သွားချင်တဲ့နေရာ သွားလို့ မရ
နှောင်ကြိုးတွေက တင်းလွန်းတယ်


အားလုံးကို ပြောပြစရာမလိုပေမယ့် အားလုံးသိသွားတဲ့ တစ်ဦးပိုင် ကံဆိုးမှုများ
နားထင်မှာထောက်ထားတဲ့ သေနတ်ထဲက ဘ၀ကို အဆုံးသတ်မယ့် သံယောဇဉ် ကျည်ဆံတွေ
ဆွဲဖြုတ်လိုက်ပါ ဘယ်သူ့ ရဲ့ ခွင့်ပြုချက်ကိုမှ စောင့်မနေတော့ဘဲ ဆွဲ ဖြုတ်လိုက်ပါ
မိုးရေကျသံတွေက ဒိုရေမီဖာ မလိုဘဲ နားထောင်လို့ ကောင်းပေမယ့်
ဟိုး အတွင်းထဲက တောင့်တမှုတွေက ကီးကြောင်နေခဲ့တဲ့ မိုးည နွေည ဆောင်းည..များ...များ...များ။

မိုးအိမ်လူ

No comments:

Post a Comment