Saturday, October 22, 2011

ငြင်းပယ်ခွင့်


ငြင်းပယ်ခွင့်


နေ့ ရော ညရော အရူးအနှမ်းစိတ်နဲ့  ပြေးလွှား
မှန်ထဲမှာတောင် ကိုယ့်ကိုယ်ကို ပြန်မတွေ့ နိုင်တဲ့ ဘဝ
ချောက်နက်နက်ထဲက အိပ်မက်တွေကို
မျှားခေါ်ရင်း အရာရာဟာ ဗလာ ဆိုတာထက် ပိုတဲ့ ဗလာ
မျှော်လင့်ရင်း ဝေးကွားသွားတဲ့ တောင့်တ မှုတွေ အတွက်
သူကော ငါကော မင်းကော ခင်ဗျာကော ၀မ်းနည်းဖူးမှာပါ
တစ်ဦးတစ်ယောက်အတွက် မီးရှို့ ခဲ့ရတဲ့ အခြား တစ်ဦးတစ်ယောက်ရဲ့ အချိန်တွေ
နောက်ဆုံး ဇာတ်ပေါင်းလိုက်ရင် အမှားကပဲ ဇာတ်လိုက် ဖြစ်ဖြစ်နေတာ ခက်တယ်...။


                                                                                                                 မိုးအိမ်လူ

No comments:

Post a Comment