Saturday, October 22, 2011

မိုးတိမ်နေ့ စွဲများ

မိုးတိမ်နေ့ စွဲများ


ပုံရိပ်ယောင်တွေရဲ့ 
လှည့်ဖြားမှုတွေနဲ့ 
အများပိုင် နေ့ စွဲတွေထဲမှာ
ကိုယ်ပိုင် နေ့ စွဲမရှိတာ
ရင်နာစရာ
သူသူ ကိုယ်ကိုယ် တောက်စားမှုလေးတွေ
ရှိကြပေမယ့်
တစ်ကိုယ်ရေ ထွန်းတောက်မှုတွေ
နည်းနည်းလာတာ
ဘာကြောင့်လဲ
ဆွဲခေါ်နေကြတဲ့
အိပ်မက်သေတွေ
လမ်းလွှဲနေတဲ့
ပေးကမ်းမှု အတုအယောင်တွေ
မေ့လိုက်ကြပါ
မေ့သွားကြပါ
မတူမတန်တဲ့ အကြည့်တွေနဲ့ 
ကြည့်သွားကြပါ
မထိအပ်တဲ့ အရာတစ်ခုလို့ 
ရှောင်ရှားကြပါ
အဖြူရောင်နေ့ စွဲမှာ
ဘယ်လို ပုံစံနဲ့ ဖြစ်ဖြစ်
လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားကြတာပေါ့….။


မိုးအိမ်လူ

No comments:

Post a Comment