Saturday, October 22, 2011

မိုးရေ၀ပ်သော ညများ

မိုးရေ၀ပ်သော ညများ



အချိန်လွန် အိပ်မက်လေးတွေ
ရွေးနှုတ် ဖျက်သိမ်းရင်း
မျှော်လင့်ချက်တွေက
မိုးရေတွေထဲမှာ
ဖျတ်ဖျတ်လူးလို့ 

နောင်တတရားကို
ရွှေချ ထားမိတဲ့ ညများ
ရက်လွန်နေတဲ့
တိမ်တိုက်တွေရဲ့ 
အော်ညည်းသံ တဂျိန်းဂျိန်း
လ မသာလို့  အိပ်မရတာ မဟုတ်ခဲ့ပါဘူး

လမ်းကြုံရင် ပြောလိုက်ပါဦး
နာရီဒိုင်ခွက်ထဲက
တစ်ကိုယ်ရေ စကားလုံး ခြောက်သွေ့ တွေ
နေ မရှိ လ မရှိ ကြယ်မရှိ  ကောင်းကင် မရှိ
ကြက်ခြေခတ်တွေ များလာတာမဆန်းတော့ပေမယ့်
ဒဏ်ရာတွေ ရင်ထဲမှာ များများလာတာ
နည်းနည်းများ ပိုနာလာသလို..။


                                                                             မိုးအိမ်လူ

No comments:

Post a Comment