ကိုယ်ကို
လွတ်အောင် ရုန်းလိုက်မယ်ဆိုတဲ့ စိတ်ကနေ လွတ်အောင် ရုန်းလိုက်တယ်
အသွေးအသားတွေ
ကြားမှာ ကိန်းအောင်းနေတဲ့ အစိုင်အခဲ သက်တမ်းရင့်တွေ
တစ်ယောက်ရဲ့
သွေးကြောထဲ တစ်ယောက်က ထိုးသွင်း ပျော်ပျော်ရွှင်ရွှင်
မလိုလားအပ်တဲ့
အသားသေမှုတွေနဲ့ အားလုံး မီးခိုစော်နံခဲ့ကြတယ်
ပါးစပ်က
တစ်ပေါက်
အသံက
တစ်သံ
စကားက
တစ်မျိုး
ထောက်ပံ့
ခံစားချက်က တစ်မည်
သီးခြား
တွေ စုစည်း ပေါင်းစပ်ခြင်းအားဖြင့် အသံဗုံးများဖောက်ခွဲကြတယ်
မြင့်တဲ့
အပင်က လေတိုက်ခံရတယ် ပြောပြီး ခပ်တည်တည် မြင့်တက်သွား
နိမ့်တဲ့
အပင်က အနင်းခံရတယ် ပြောချိန်မရလိုက်ဘူး
မြို့က
ရပ်ကွက်တစ်ခုတည်းနဲ့ကို ပွဲစည်နေတော့တယ်
အားလုံး
လမ်းပေါ်ရောက်နေကြပြီ
ဘာကြောင့်
ညာကြောင့်ရယ် မသိဘူး
အားလုံး
လမ်းပေါ်ရောက်နေကြပြီ
လမ်းမှန်ရင်
ဘေးကန်ခံရမယ်
လမ်းမှားရင်လည်း
ဘေးကန်ခံရမယ်
ဘေးကန်ခံရဖို့
အားလုံး
လမ်းပေါ် ရောက်နေကြပြီ။
မိုးအိမ်လူ