Tuesday, October 13, 2015

နွေ သတင်းဟာ သီချင်း မဖြစ်





မသာမယာ သတင်းတွေ မပြတ်
စိတ်အာရုံက ဒေါသတရားအတိုင်း
နွေရောက်ပြီဆိုတော့လည်း
အပူလှိုင်းတွေ တလိမ့်လိမ့်တိုက်ဦးမှာပေါ့

ကျွန်တော်ရဲ့ ချည်အင်္ကျီလေးလည်း နွမ်းလျော့နေခဲ့ပြီ
စကားဓားတွေလား
ဓားစကားတွေလား
ထိတွေ့ဆက်ဆံမိသမျှဟာ ကြမ်းတမ်းမြိရှ

ကျွန်တော်ရဲ့ သည်းခံစိတ်လေးလည်း ကွဲ
ကြေမွလျနေခဲ့ပြီ

မီးခိုးတန်းတွေရဲ့ ရုန်းကြွမှုဟာလည်း
တကယ်တော့ အထီးကျန်စရာ
မေတ္တာ တရားအခြေခံတဲ့ သတင်းတစ်ပုဒ်လောက်တော့
နေ့စဉ် ရှူရှိုက်ချင်သေးရဲ့

ရနံ့ကောင်းတို့ သေလွန်ခဲ့တဲ့အကြောင်း
ကျွန်တော့်အိပ်မက်လေးကို
အိပ်မက်လေးအတိုင်းပဲ ဖြစ်စေချင်ပါတယ်။


မိုးအိမ်လူ
၁၆၀၃၂၀၁၅

No comments:

Post a Comment