Tuesday, October 18, 2011

လူညံ့


လူညံ့
 

နေရာတကျ ထိန်းသိမ်းထာတဲ့ ယုံကြည်မှုအတွက်
တိုက်စားခံလိုက်ရတဲ့ နေ့  တွေ ညတွေထဲမှာ
ရွှေချထားတဲ့ အိပ်မက်အချို့  အလူးလူ အလိမ့်လိမ့် တွန်
့ကြေပါသွားခဲ့
ကိုယ်ပဲသိ သူများဇာတ်ကွက် အချို
့ရင်နာစရာတွေအတွက်
အိပ်မရတဲ့ညတွေက မီးစာမပြတ်ခဲ့ဘူး
ကိုယ့် ရှေ့မှာ လမ်းခွဲတွေက များပြားလွန်းနေတယ်
ဘယ်သူတွေရဲ့ စေစားမှုနဲ့ ပွင့်လင်းခဲ့လဲမသိ
စီဆင်းခဲ့သမျှဟာ ချော်ရည်ထက်
အရည်အသွေးမနိမ့်ခဲ့သလို
အိုး ညတွေက မှောင်မိုက်လွန်းလှချည်လား
လမင်းနဲ့ ကြယ်တွေကို ဘယ်သူပြန်ပေးဆွဲသွားသလဲ
အနက်စစ်စစ်ကို အရည်ဖျော် သောက်သုံးရင်း
ကိုယ်ကိုယ်တိုင် ပျောက်ဆုံးဖို့  ကြိုးစား
မျဉ်းဖြူ တစ်စက်လည်းမလိုဘူး
ကောင်းကင် အက်ကြောင်းလဲ မလိုဘူး
အလိုမရှိတဲ့ လောကတစ်ခုအတွက်
မလိုအပ်တော့တဲ့ ဘ၀တစ်ခုကို
ဖျောက်ဖျက်မြှုပ်နှံရင်း
ကိုယ်လေ သစ္စာတရားကို သစ္စာဖောက်တော့မယ်..။

မိုးအိမ်လူ