Friday, December 9, 2011

တောသီချင်း ( ၃ )











မြို့လယ် လမ်းမကြီးမှာ ကားသံလူသံတွေ စီညံ
ဝူး ဝေါ ကျွီ ကျွိ ဘယ်လို မောင်းနေတာလဲကွ ..×.+..၀..×
ရွာလယ် လမ်းမကြီးမှာ လှည်းသံ လူသံတွေစီညံ
ဂလောင် ဂလောင် ကျိကျီ ဟဲ့ ဟော်

အသံတွေ အရမ်းဆူတယ်ကွာ
ဒီညတော့
နှလုံးသားကို ပိတ်အိပ်မယ်။

မိုးအိမ်လူ

တောသီချင်း ( ၄ )







မြေခွေးတွေလား
ဖျံတွေလား
သွား သွား ရှူး ရှူး

တောခြောက် တောင်ခြောက်တွေလား
အုတ်ရောရော ကျောက်ရောရောတွေလား
သွား သွား ရှူး ရှူး

ခြံစည်းရိုးတွေ သေချာခတ်
သော့တွေ သေချာခတ်
သတ္တ၀ါ အားလုံး ကျန်းမာ ချမ်းသာပါစေ။

မိုးအိမ်လူ