ဒီနေ့ ( တနလာင်္ နေ့ )
ပြောစရာရှိတယ် ပြောစရာရှိတယ်ဆိုတာက နည်းနည်းပါ အများကြီးမဟုတ်ဘူးထင်လို့
နည်းနည်းလို့ပြောလိုက်တာ ခင်ဗျား ခြံထဲမှာ ကဗျာတွေ သားထွက်ကောင်းလား
ခင်ဗျားအိမ်က ကဗျာတွေကော လိမ်မာ ရေးခြားရှိရဲ့လား ခင်ဗျားကဗျာတွေ
မိုက်လုံးကြီးတုန်းလား ခင်ဗျားကဗျာတွေ လူတွေကို ဒုက္ခပေးတုန်းလား အဲ့လိုတွေ
ပြောရင် ၀ိုင်းရိုက်လိမ့်မယ် ၂၁ ရာစု ကဗျာဆရာတွေက ကိုယ်ကလည်း လူလည်ပဲ
ဘာလို့ ပြောမှာလဲ ပြောစရာ ဆိုတာက အခြားဟာပါ ဆိုလိုတာက ခင်ဗျား သိမလားပဲ
ဟိုနားဒီနားမှာ မရနိုင်ဘူး လမ်းကြိုလမ်းကြားမှာလည်း
ရှိဖို့မသေချာပြန်ဘူးခင်ဗျား အမြဲပြောတယ်လေ ကျွန်တော့်ကို ကဗျာတွေ
ကောင်းကောင်းရေးပါ ကဗျာတွေကို ကဗျာကယာ မေ၇းပါနဲ့ ကဗျာတွေကို သေချာ ဖန်တီးပါ
ကဗျာတွေကို လူတွေချစ်လာအောင် လုပ်ပါ လူတွေကို ဒုက္ခပေးမယ့် ကဗျာတွေ
မေ၇းပါနဲ့ ကျွန်တော့်နားကလည်း အဲဒီလိုပဲ ခပ်ထိုင်းထိုင်း ဒီဘက်က၀င်
ဟိုဘက်ကထွက် အရေးအသားမဟုတ် ကဗျာမဟုတ် စကားပြေမဟုတ် အလကာင်္မဟုတ်
ဘာမှမဟုတ်တာတွေကို အဟုတ်ကြီး လုပ် နေတတ်တာ ထမင်းသိုးထဲက လောက် တွေလို
ရွစိတက် လုပ်နေတာ ဘယ်ကောင်းမလဲ ကောင်းတာတွေ လုပ်ဦးမှာ ပေါ့ အသက်တွေလည်း
ကြီးနေပြီ အခုထိ အမှန်ကို မမြင် အမှန်က ကောင်းကောင်းမွန်မွန်နေသင့်တာ
အရက်မသောက်နဲ့ ကွမ်းမစားနဲ့ ဆေးလိပ်မသောက်နဲ့ မိန်းမမလိုက်စားနဲ့
စာမဟုတ်တဲ့ စာတွေ မရေးနဲ့ တားမြစ်ချက်တွေလည်း ဖယောင်းလို နွေအပူမှာ
ပျော့ပျောင်းကွေးညွတ် အရည်ပျော်ကျ ဒီလိုနဲ့ ခင်ဗျားလည်း ကျွန်တော့်ကို
စိတ်ပျက် လူတွေလည်း ကျွန်တော့်ကို စိတ်ပျက် ကျွန်တော်လည်း ကျွန်တော့်ကို
ကျွန်တော် စိတ်ပျက် သေချာတာကတော့ ဒါဟာ နောက်ဆုံး ရေးသားခြင်းပဲလား
မလုပ်ပါနဲ့ စိတ်ထဲရှိတာလေးတွေ အလင်္ကာတွေ တင်စားမှုတွေ ဥပမာတွေ မပါဘဲ
ပြောချင်နေလို့ပါ ဒီနေ့ အထိပါပဲ မနက်ဖြန်တောင် မသေချာဘူး သေချာတယ်
မနက်ဖြန်အထိ မပါဘူး ဘယ်တော့မှ ဒီလို အရေးအသားမျိုး ခင်ဗျား စိတ်ထဲကို
လာပြီး အဓမ္မမကျင့်စေရဘူး ရိုးရိုးလေးနေ ရိုးရိုးကြီး ထိုင်
ရိုးရိုးရွရွလေးပဲ ရေးမယ် ဒါဆို သေချာတယ်နော် ရော့ လက်မှတ်ထိုး အို
မလိုပါဘူး ဒီလူနဲ့ ဒီလူ လက်ကို မှတ်ပြီး ဘာလုပ်မှာလဲ ရော့ ဒီမှာ
ကတိငါးဆယ်သား ဖောက်ပြန်တဲ့နေ့ လောက်တက်လိမ့်မယ် နေ့တိုင်း လည်း
ခင်ဗျားဆီကို ကျွန်တော့် အဓိဌာန်တွေ ပို့ပေးမယ် ရရင် အကြောင်းပြန်
အိုကေနော် သစ္စာနော် ကဲ ကိုရင်နင့်အောင် တင်စရာရှိတဲ့စာတွေ တင်လိုက်တော့ ကဲ
ကိုနေလင်းထွန်း ရေးစရာရှိတာတွေ ချရေးလိုက်တော့ ကဲ ကိုဗိုင်းရပ်စ်
စပ်စရာရှိတာ စပ်လိုက်တော့ ကဲ ကိုဗင်းဆင့်  မြန်မြန် ရေး မြန်မြန်တင် ကဲ
ကိုကညွတ် လက်ခုပ်ပဲ တီးမနေနဲ့ ဗျာ ခင်ဗျားရင်ထဲက သစ္စာတွေ ကျွန်တော်လွမ်းတယ်
ကဲ ကို မင်းယုမာန် သစ်စရာတွေ နှေးမနေနဲ့ ဆက်တိုက်သာသစ်လိုက်တော့ ကဲ
ကိုရေချမ်း အလန်းဇယားတွေနဲ့စကားလုံးတွေ ပျံလိုက်တော့ နောက် ဘာနေ
စောင့်နေတယ် ခင်ဗျား စာ တွေ ကြာတယ် နောက် မင်းလုလင် ခင်ဗျားရဲ့ ဆန်းသစ်မှု
စကားလုံး ချုပ်စပ်မှုတွေ စောင့်နေတယ် ကဲ မတယော အမျိုးသမီးမဆန်တဲ့ အရေးအသား
လန်းလန်း ကဗျာလေးတွေ လုပ်ပါဦး ဆက်တိုက် မြန်မြန် ကဲ မကြိုးမဲ့
ကဗျာကြိုးတွေ မမဲ့ဘူးဆိုတာ ကျွန်တော်သိတယ် မိုက်ပြီးရင်း မိုက်တဲ့ ကဗျာတွေ
ချလိုက်ပါဦး ပြီးတော့ ညီမလေး ဟန်မျက် သူက ပိုပြီး အမျိုးသမီးမဆန်ဘူး
ကျွန်တော့်ပါးစပ်ကြီး ဟပြီး ကျန်နေအောင် လက်ဖျားခါ အံ့သြရတဲ့ ကဗျာတွေ
ရေးပါဦး တင်ပါဦး ကိုရင်တာကောကော ဘယ်တွေအလည်လွန်နေလဲ ဒီမှာ
မောင်မိုးအိမ်လူ အဟဲ ကျွန်တော်ကတော့ လစ်ပြီ ဘိုင်ဘိုင်။
မိုးအိမ်လူ