Monday, February 13, 2012

လက်ကလေးလှုပ်ရုံ ရှိသေး စကားလုံးတွေက နောင်တ ပုံ ဖော်တော့ ကဗျာ မဟုတ်တဲ့ ကဗျာ တစ်ပုဒ်



လက်ကလေးကို လှုပ်တယ် ဆော၇ီး မှားသွားတယ် စိတ်ကလေးကို လှုပ်တယ် လက်ကလေးကို လှုပ်တယ် မျက်လုံးကလေးကို လှုပ်တယ် ပြည်ထောင်စုနေ့ တို့မမေ့ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ လက်ကလေးကို လှုပ်တယ် စိတ်ကလေးကို လှုပ်တယ် စကားလုံးတွေ ပျောက်နေတုန်း ကဗျာတွေ အလျားလိုက် ဒေါင်လိုက် ရောင်စဉ်မျိုးစုံ ဖြာထွက် စိတ်တွေ လည်း ထပ်တူ လက်ကလေးကို လှုပ်တယ် စကားလုံးတွေ ပြန်ခေါ်တယ် မရသေးဘူး စိတ်ကလေးကို ပြန်လှုပ်တယ် အချစ် ဘ၀ လောကဓံ စုံစီနဖာ လူဖြစ်ခြင်း အိပ်မက်တွေ မဟုတ်သေးဘူး ဒုက္ခတွေ စုံစီနဖာ လက်ကလေးကို လှုပ်တယ် စိတ်ကလေးကိုလှုပ်တယ်

ဖိတ်ကျကုန်ပြီ။ ခမ်းခြောက်ကုန်ပြီ။ အချို့တွေ။ မပျော်တော့ဘူး။ အချို့တွေ ပျော်နေတုန်း။ အချို့တွေ။
ဘယ်မှာလဲ။ စကားလုံးတို့ရယ်။ နောက်နောင် ဘယ်တော့မှ နဲဗား။ ရှာမရတဲ့အဆုံး။ အဆုံးသတ်လိုက်ရမယ့်။
ဒီလိုနဲ့။ ကဗျာအဖြစ်က သားလျှောမှုတွေ။ မဆိုလိုဘူး။ ကျွန်တော်။ ခင်ဗျား။ မပါဘူး။ အကုန် ဖြတ်လျှောက်။
ခင်ဗျား ကဗျာမှာ ကျွန်တော်။ စကားလုံးတွေ ပေးပါ။ စကားလုံးတွေ ပေးပါ။ ကဗျာတွေ ။ ဘယ်မှာလဲ။ နှင်းမဲ့ ဆောင်း။
ဘာတဲ့။ အမှောင်ဟာ ပျော်နေ။ တုန်း။ တုံး တုံး လာတဲ့ အသိဥာဏ်။ ဒါဟာ ကဗျာ မဟုတ်ခြင်း ကဗျာ။

နေ့တစ်နေ့ဟာ နေ့တစ်နေ့ထက် မပိုခြင်း နှစ်ဆယ့်လေးနာ၇ီထဲ
ကျွန်တော်တို့ ဘာတွေကို ထူထဲနေကြတာလဲ
နေ့တစ်နေ့ဟာ ပူလောင်ခြင်း အပြည့်နဲ့ အငွေ့ပျံမှုထဲ
ကျွန်တော်တို့ ဘာတွေ လောင်ကျွမ်းနေချင်ကြတာလဲ
နေ့တစ်နေ့ဟာ အမှောင်သား အပြည့်နဲ့ အလင်းအယောင်ဆောင်မှုထဲ
ကျွန်တော်တို့ ဘာတွေ ထင်သာ မြင်သာစေချင်နေကြတာလဲ

ခင်ဗျားဖတ်ဖို့ မသင့်တဲ့ အရေးအသားမျိုးနဲ့ ရေးချွတ်ထားတဲ့ ကဗျာတွေထဲက ကဗျာတစ်ပုဒ်ဟာ ခင်ဗျားရဲ့ ယောင်မှားစွာ ရွေးချယ်မှုနဲ့ ခင်ဗျားရှေ့ကို ရောက်လာတဲ့ အခါမျိုး ဒါဟာ လောကဓံပဲလို့ သိလိုက်ရတဲ့ အခါမျိုး ဒါဟာ မဖြစ်သင့်မှုပဲလို့ သိလိုက်ရတဲ့ အခါမျိုး ခက်တယ်ဗျာ နောင်တ ဆိုတဲ့ ခပ်ပိန်းပိန်း စကားလုံးကြီးက ခင်ဗျားရင်ထဲကို အလုံးအရင်းနဲ့ ပိတ်ဆို့ပြီးနှင့်ပြီ။ ကဲ ဘယ်လို လုပ်မလဲ။

မိုးအိမ်လူ

မွေးနေ့ အတွက် ပြောချင်တာက ဒီနေ့ဟာ ဒီနေ့ ထက် ပိုတယ်



အသေအလဲ နာကျင်မှုတွေ ရဲ့ မြစ်ဖျားခံ မုန်းတီးမှု မနာလိုမှု အသားညှပ်ပေါင်မုန့်လို ကိုက်ဝါးပြီး စိတ်ထဲရှိတဲ့ အတိုင်း ပစ်လွှတ်လိုက် ခြင်း ဘရင်းဂန်းများနှင့် အလင်း မှိတ် ကျည်ဆန်များ အားလုံးဟာ ဟိုး အတိတ် ဟိုး ဟိုး အတိတ်ထဲမှာ အနစ်နာခံမှုတွေ မွေးဖွားပေးလိုက်ခြင်းက စ လို့ ဒီနေ့ အထိ ကျွန်တော်တို့ မမေ့နိုင်ခြင်း လွမ်းဆွတ်ခြင်း ဆင်ခြင်တုံတရား အပြင်ဘက် ထွက်ပြေးပြီး လှမ်းမျှော်ကြည့် ရင်ထဲက ပီတီ သီချင်းတွေ ပြန်ဆို အနီးကပ် နေ့စွဲများမှာ အပျော်ကြူးနေကြတဲ့ နှစ်ဆယ့်တစ်ရာစု သားရွှေဥတွေ အပြုံးတွေ အပြုံးတွေဟာ မဆီမဆိုင် နေ့စွဲ အနီးကပ် နေ့စွဲကိုပဲ အပြုံးတွေ ပြဲ မေ့နေခြင်းလား သတိမရခြင်းလား ဘ၀ထဲက နှုတ်ပယ်ထားခြင်းလား အစ ရှိသဖြင့် ဒါဟာ နိုင်ငံရေး ဖြစ်လာနိုင်သလို ဖြစ်လည်း ဖြစ်နေခဲ့တဲ့ ဒီနေ့ ကျွန်တော်တို့ ပျော်ရွှင်ရမှုတွေဟာ လွန်ခဲ့သော 1915 ခုနှစ်က ကြယ်တံခွန်ရဲ့ အလင်းဖြာဝေမှုနဲ့ ဆိုတာ ဒါဟာ မဆိုသင့်ခြင်း တေး တွေ မဆိုစေခြင်း နဲ့ ဆက်စပ် ရှင်းလင်း သတိရကြပါ အောက်မေ့ကြပါ ဒီနေ့ဟာ ဒီနေ့ပဲ ဆိုပေမယ့် ဒီနေ့ဟာ ဒီနေ့ထက် အေ၇ာင်တောက်ခဲ့တဲ့ ဒီနေ့ မမေ့ကြပါနဲ့ မနက်ဖြန် ချစ်သူရဲ့ အပြုံးလေးကိုမှ မြင်ချင်တယ်ဆို ဒီနေ့မှာလည်း ကျွန်တော်တို့ရဲ့ လမ်းပြ ကြယ် ကြီး အတွက် ကျွန်တော်တို့ တစ်ခဏ တစ်မိနစ် ဖခင်ရဲ့ အပြုံးကို ပြန်လည် အောက်မေ့ ဘာမှ အရေးမပါဘူးဆိုလည်း ဘာမှ အရေးမပါသလို အရေးပါခဲ့ရင်လည်း အားလုံး အရေးပါနေသလို ရုန်းမထွက်နိုင်ခြင်း နေ့စဉ်ဘ၀ထဲမှာ အမှတ်ရပါ ဒီနေ့ဟာ ခင်ဗျားတို့ ထင်သလို အရှေ့ဘက်က နေထွက်ပြီး အနောက်ဘက်ကို နေ၀င်တာထက် ထူးခဲ့တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ဖူးတယ်ဆိုတာ...။

မိုးအိမ်လူ