Monday, February 13, 2012

လက်ကလေးလှုပ်ရုံ ရှိသေး စကားလုံးတွေက နောင်တ ပုံ ဖော်တော့ ကဗျာ မဟုတ်တဲ့ ကဗျာ တစ်ပုဒ်



လက်ကလေးကို လှုပ်တယ် ဆော၇ီး မှားသွားတယ် စိတ်ကလေးကို လှုပ်တယ် လက်ကလေးကို လှုပ်တယ် မျက်လုံးကလေးကို လှုပ်တယ် ပြည်ထောင်စုနေ့ တို့မမေ့ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ လက်ကလေးကို လှုပ်တယ် စိတ်ကလေးကို လှုပ်တယ် စကားလုံးတွေ ပျောက်နေတုန်း ကဗျာတွေ အလျားလိုက် ဒေါင်လိုက် ရောင်စဉ်မျိုးစုံ ဖြာထွက် စိတ်တွေ လည်း ထပ်တူ လက်ကလေးကို လှုပ်တယ် စကားလုံးတွေ ပြန်ခေါ်တယ် မရသေးဘူး စိတ်ကလေးကို ပြန်လှုပ်တယ် အချစ် ဘ၀ လောကဓံ စုံစီနဖာ လူဖြစ်ခြင်း အိပ်မက်တွေ မဟုတ်သေးဘူး ဒုက္ခတွေ စုံစီနဖာ လက်ကလေးကို လှုပ်တယ် စိတ်ကလေးကိုလှုပ်တယ်

ဖိတ်ကျကုန်ပြီ။ ခမ်းခြောက်ကုန်ပြီ။ အချို့တွေ။ မပျော်တော့ဘူး။ အချို့တွေ ပျော်နေတုန်း။ အချို့တွေ။
ဘယ်မှာလဲ။ စကားလုံးတို့ရယ်။ နောက်နောင် ဘယ်တော့မှ နဲဗား။ ရှာမရတဲ့အဆုံး။ အဆုံးသတ်လိုက်ရမယ့်။
ဒီလိုနဲ့။ ကဗျာအဖြစ်က သားလျှောမှုတွေ။ မဆိုလိုဘူး။ ကျွန်တော်။ ခင်ဗျား။ မပါဘူး။ အကုန် ဖြတ်လျှောက်။
ခင်ဗျား ကဗျာမှာ ကျွန်တော်။ စကားလုံးတွေ ပေးပါ။ စကားလုံးတွေ ပေးပါ။ ကဗျာတွေ ။ ဘယ်မှာလဲ။ နှင်းမဲ့ ဆောင်း။
ဘာတဲ့။ အမှောင်ဟာ ပျော်နေ။ တုန်း။ တုံး တုံး လာတဲ့ အသိဥာဏ်။ ဒါဟာ ကဗျာ မဟုတ်ခြင်း ကဗျာ။

နေ့တစ်နေ့ဟာ နေ့တစ်နေ့ထက် မပိုခြင်း နှစ်ဆယ့်လေးနာ၇ီထဲ
ကျွန်တော်တို့ ဘာတွေကို ထူထဲနေကြတာလဲ
နေ့တစ်နေ့ဟာ ပူလောင်ခြင်း အပြည့်နဲ့ အငွေ့ပျံမှုထဲ
ကျွန်တော်တို့ ဘာတွေ လောင်ကျွမ်းနေချင်ကြတာလဲ
နေ့တစ်နေ့ဟာ အမှောင်သား အပြည့်နဲ့ အလင်းအယောင်ဆောင်မှုထဲ
ကျွန်တော်တို့ ဘာတွေ ထင်သာ မြင်သာစေချင်နေကြတာလဲ

ခင်ဗျားဖတ်ဖို့ မသင့်တဲ့ အရေးအသားမျိုးနဲ့ ရေးချွတ်ထားတဲ့ ကဗျာတွေထဲက ကဗျာတစ်ပုဒ်ဟာ ခင်ဗျားရဲ့ ယောင်မှားစွာ ရွေးချယ်မှုနဲ့ ခင်ဗျားရှေ့ကို ရောက်လာတဲ့ အခါမျိုး ဒါဟာ လောကဓံပဲလို့ သိလိုက်ရတဲ့ အခါမျိုး ဒါဟာ မဖြစ်သင့်မှုပဲလို့ သိလိုက်ရတဲ့ အခါမျိုး ခက်တယ်ဗျာ နောင်တ ဆိုတဲ့ ခပ်ပိန်းပိန်း စကားလုံးကြီးက ခင်ဗျားရင်ထဲကို အလုံးအရင်းနဲ့ ပိတ်ဆို့ပြီးနှင့်ပြီ။ ကဲ ဘယ်လို လုပ်မလဲ။

မိုးအိမ်လူ

No comments:

Post a Comment