Saturday, October 22, 2011

ဖြောင့်ချက်

ကျန်ခဲ့တဲ့ ခြေရာတွေကို
လည်ပြန်ကြည့်ရင်း
စိတ်မကောင်းဖြစ်နေမိတုန်း
ငါ့လက်ထဲက
မိုးမိနေတဲ့ အိပ်မက်တွေဟာ
အဖျားတက်လို့နေတယ်
ကောင်မလေးရယ်
အားငယ်တတ်တဲ့ မြို့ လေးပေါ်က
တိမ်တိုက်တွေရဲ့  ညှို့ မှိုင်း ပုံ မျိုးနဲ့ 
ငါ့ ဘ၀ က အလင်း မဲ့တယ်
ရောင်စဉ်တပ်လို့ မရပေမယ့်
သူများတွေပြောသလိုပဲ
မျက်ဝန်းစိမ်းတွေနဲ့  တော့ ငါ့ကို မကြည့်ပါနဲ့ 
မင်း ကို ချစ်တာလေးက လွဲပြီး
အခြား ဘာအပြစ်မှ ငါ မကျူးလွန်ခဲ့ရိုး အမှန်ပါ….။
                                                  မိုးအိမ်

No comments:

Post a Comment