Saturday, October 22, 2011

ပန်းပွင့်လေးတွေလည်း လွမ်းတတ်နေပြီ

ပန်းပွင့်လေးတွေလည်း လွမ်းတတ်နေပြီ

ငါဆိုခဲ့ဖူးတဲ့ သစ္စာက
ငါ့ရင်ကို လာစူးတဲ့နေ့ 
ခရမ်းပြာတွေက
အဲ့ဒီလမ်းမှာ တကယ်ဝေေ၀ဆာဆာကို ပွင့်နေပြီ
သူက နာမည်ကျော် ပြသဒါးတဲ့လေ
ငါ့ရင်ကို ခွဲ
ငါ့နှလုံးသားကို
အပြုံးတစ်ချက်မပျက် ထုတ်ယူသွားတဲ့
နတ်ဘုရားမရဲ့ အောင်ပွဲခံ နေ့တစ်နေ့တဲ့
ချစ်သူရယ်…
နင်နဲ့ပတ်သက်သမျှ
ကြက်ခြေခတ်တွေပဲ တံဆိပ်ကပ်ခံခဲံ့ရပေမယ့်
ငါ လေ
အသက်တစ်ချက်ရှူတိုင်း
သွေးကြောတွေ လှုပ်ခတ်သွားတိုင်း
နင့်ကိုပဲ သတိရရနေတယ်


မိုးအိမ်လူ

No comments:

Post a Comment