Saturday, October 22, 2011

ရှတခြင်း ကင်းဝေးသော စကားလုံးများ

ရှတခြင်း ကင်းဝေးသော စကားလုံးများ


( က )

           နေ့ တစ်နေ့  ၊ ည တစ်ည နှင့် လွဲမှားခဲ့သော အမြင့်ပျံငှက်များ၏ ရှင်သန်မှု များ အတွက် နွေရာသီ သည် စောလျင်စွာ ရောက်ရှိလာခဲ့သည်..။ နွေရာသီရောက်ရှိလာခြင်းသည် ဆောင်းရာသီ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သင်နှင့်  သင်၏မိတ်ဆွေများ အထူးတလည် ပြောဆိုကြမည်မဟုတ်သော အကြောင်းအ၇ာတစ်ခု ဖြစ်သည်..။ သို့ သော် ဆောင်း ကို လွမ်းသော တေလေငှက်များ ကတော့ သတိရတိုင်း ပြောဆိုကြမည် ဆိုတာကိုတော့ လက်ခံပေးကြပါ..။
( ခ )
           ခံစားမှုများ၏ နယ်နိမိတ်စည်းမျဉ်းများကို မည်သူ၏ ထိန်းချုပ်မှုဖြင့် ကန့် သတ်ထားပါသနည်း။ လေပြည်ထဲတွင် ပန်းရနံ့ များအပြင် လူအဖွဲ့ အစည်း၏ ပုပ်အဲ့ အဲ့ အနံ့ များလည်း ပါဝင်လာနိုင်ကြောင်း သင် နှင့် သင်၏ မိတ်ဆွေများ သတိရှိသင့်သည်.။ ထို့ ကြောင့် အပြင်ထွက်လျှင် လက်ကိုင်ပ၀ါ ဆောင်ပါဟု မပြောလို ပါ..။ လက်ကိုင်ပ၀ါေ၇ာင်းသောသူများ အချောင် စီးပွားမတက်စေချင်သော မနာလို မရှုစိတ်ကြောင့်ဖြစ်ကြောင်း ရိုးသားစွာ ၀န်ခံပါသည်..။ ပြတ်ရွေ့ ကြောင်းများနှင့် ဝေးကွာနေသော မြို့ တစ်မြို့ ၏ ကျန်းမာရေးကို မည်သူမျှ အလေးထားလိမ့်မည်မဟုတ်..။ နေ့ များ ညများ ၀တ်စုံမဲ့ ပျံသန်းသွားကြသည်..။
( ဂ )
         ဆောင်းရာသီတွင် နှင်းများ ကျဆင်းခြင်းသည် အဆန်းမဟုတ်ပါ..။ သို့ သော် ထို မြို့ လေးတွင် နှင်းများမကျပါ..။ မြူများတော့ ဆိုင်းပါသည်..။ နှင်းနှင့် မြူ သည် မတူညီပါ..။ ဘယ်သို့  ဘယ်ပုံ မတူညီကြောင်းကိုတော့ ရေရေရာရာမသိပါ..။ သူများ အလိမ်မခံရရုံ သာ လေ့လာထားခြင်းဖြစ်ပါသည်။ ပညာရှင် ဖြစ်ဖို့  မရည်ရွယ်သောကြောင့် ထိုမျှသာ သိစေခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်..။ အတတ်ကျူးလျှင် အရူးဖြစ်တတ်ကြောင်း သင်နှင့် သင်၏ မိတ်ဆွေများ သိပါလိမ့်မည်..။
         ဆောင်းရာသီတွင် နှင်းများကျဆင်းနေပါသည်..။ မှားသွားပါသည်..။
         ဆောင်းရာသီတွင် မြူနှင်းများကျဆင်းနေပါသည်..။
          မြို့ ကလေး၏ ပုံ၇ိပ်မှာေ၀၀ါးနေပါသည်..။ေ၀၀ါးနေသော ပုံ၇ိပ်တစ်ခုနှင့် မြို့ ကလေးတစ်မြို့  ဆောင်းရာသီ၏ မြူနှင်းများကြားတွင်ရှိပါသည်။
( ဃ )
         အိပ်တန်းပြန်ငှက်တို့ အကြောင်း ပြောချင်ပါသည်။ သင်နှင့် သင်၏မိတ်ဆွေများ အိပ်တန်းပြန်ကြပြီးလား..။ အိပ်တန်းပြန်နေကြပြီလား..။ အိပ်တန်းပြန်ပြီးခဲ့ပြီလား..။ ငှက်တစ်သိုက် ယောင်နနဖြင့် အိပ်တန်းရှာနေကြသည်..။ ရယ်မောဖွယ်ရာ မဟုတ်သော်လည်း အားပါးတရ ရယ်မောမိခြင်းသည် ကျန်းမာရေးကို အထူးကောင်းစေပါသည်..။ အိပ်တန်းပြန်ငှက်တစ်သိုက် သည် ခေတ်ပေါ် ရောဂါများ ပြင်းထန်စွာ စွဲကပ်ခံစားနေရသည်..။ မည်သို့ သော ဆေးဝါးမျိုး နှင့်  ရောဂါ ကို ပျောက်ကင်းစေမည်ကို မည်သူမျှ ဂရုတစိုက် စိတ်ဝင်တစား မရှာဖွေကြပါ..။ ရောဂါ ရှိခြင်းသည် ဂုဏ်ယူစရာ ဖြစ်သည်ဟု ကြောင်တောင်တောင် အတွေးမျိုးကို တွေးတတ်သူများထဲတွင် ထို ငှက်တစ်သိုက်ပါဝင်သည်..။
ေ၀၀ါးနေသော မြို့ ကလေးထဲသို့  အိပ်တန်းပြန်ငှက်တစ်သိုက် တိုးဝင်ပျံသန်းသွားကြသည်..။
( င )
      တစ်ရံတစ်ခါများ ၀တ်စုံပြည့် ၀တ်ဆင်ပြီး အိမ်ပြင်ထွက်နေကြသည်..။ ချစ်ဦးသူတို့ အား လွမ်းဆွတ်နေသူတို့ မှာလည်း လမ်းဘေးဓာတ်တိုင်သဖွယ် ရပ်တည်ရှင်သန်နေသည်မှာ ရက်ရှည်ကြာခဲ့ပြီ…။ နွေတွင်မပွင့်သော ပန်းများ ဆောင်းတွင် ပွင့်ကြသည်..။ နွေတွင် မပွင့်သော ပန်းများဆောင်းတွင် မပွင့်ကြပါ..။ ပန်းသည် ရနံ့ မဲ့သော ပန်းဖြစ်သည်..။ ပန်းတစ်ပွင့်၏ ဂုဏ်သရေကင်းမဲ့လွန်းသော ပန်းတစ်ပွင့်ဖြစ်ကြောင်း သင်နှင့် သင်၏မိတ်ဆွေများကို အသိပေးအပ်ပါသည်..။ တစ်စုံတစ်ရာ ရှိမလား ဟု မျှောင်လင့်ခြင်းသည် သင်နှင့် သင်၏မိတ်ဆွေများ၏ လောဘ သက်သက်သာ ဖြစ်ပါသည်..။
    ထိုလောဘအတွက် မည်သူ၏ထံတွင် အပြစ်ရှိကြောင်း ဖော်ကောင် မလုပ်လိုပါ..။ အကြောင်းတရားအားလုံးသည် ခိုင်မာသော ၀တ်စုံများဖြင့်သာ လူသားတို့ ထံ လာတတ်ကြပါသည်..။ ပြောလျှင်ယုံမည်မဟုတ်..။ ကြုံဖူးလျှင်သိသွားပါလိမ့်မည်.။
ဤအရာသည် သင်နှင့် သင်၏မိတ်ဆွေများ မည်သူ့ ထံမှ မည်သည့်  ထောက်ခံစာမလိုဘဲ စိတ်ကြိုက်အမည်နာမ  သတ်မှတ် နိုင်ကြောင်း
အသိပေး ထောက်ခံအပ်ပါသည်..။


မိုးအိမ်လူ

No comments:

Post a Comment