Saturday, October 22, 2011

မနေ့က ဆုံးသွားတဲ့ ပုံပြင်

မနေ့က ဆုံးသွားတဲ့ ပုံပြင်


ဒဏ်ရာတွေက များလွန်းလို့
နာကျင်မှုရဲ့ တည်နေရာကို
အတည်အကျ ရှာမရခဲ့တဲ့
နေ့ ရက်တွေ
ပန်းခင်းတဲ့လမ်းမဟုတ်ရင်တောင်
ကတ္တရာလမ်းလောက်တော့ဖြစ်သင့်တာပေါ့
အခုတော့
နတ်ဆိုးတို့  ကျကျန်ခဲ့တဲ့
တေးတစ်ပိုဒ်နဲ့ ခင်းထားတဲ့ လမ်းတဲ့လေ
ဘယ်သူ ရဲ့ သစ္စာနဲ့ 
ဟောဒီ ဥယျာဉ်တော်က
ပန်းတွေ ပွင့်မှာလဲ
မိုးကျချိန်ကို စောင့်မျှော်မနေပါနဲ့ တော့ … ချစ်သူရယ်
ဒီလူရဲ့ နှလုံးသားနဲ့ ပဲ
မင်း ရဲ့ လယ်ယာမြေကို အထွက်တိုးစေလိုက်ပါတော့..။

မိုးအိမ်လူ

No comments:

Post a Comment