Saturday, October 22, 2011

အားလုံးမသိတဲ့ ပုံပြင်ထဲက လူ


အားလုံးမသိတဲ့ ပုံပြင်ထဲက လူ

လက်ကျန်အတွေးတစကို မီးစထဲ ထိုးချေ
ဟောင်းမြေ့နေတဲ့ သက္ကရာဇ်မျဉ်းပေါ်မှာ ရယ်သံတွေက အခုထိမတိတ်
ထင်ယောင်ထင်မှား သရဲ ခြောက်တဲ့ ညတွေက တံခါးကို တဒုန်းဒုန်း လာထုတယ်
ဘယ်အချိန် ဘယ်နေရာ ရွေးချယ်ခွင့် အနည်းအများနဲ့ 
မြစ်ကမ်းပါးပေါ်က မြို့ လေးတစ်မြို့ မှာ
လူတစ်ယောက်ရဲ့  ဆာလောင်မွတ်သိပ်သံက ဆူညံ လွန်းတယ်
ကိုယ် ကိုယ်တိုင် ဖြည့်ခဲ့တဲ့ ကျည်ကဒ်နဲ့  ကိုယ် ကိုယ်တိုင် တိုက်ချွတ်ထားတဲ့ သေနတ်နဲ့ 
ကိုယ် ကိုယ်တိုင် အမြတ်တနိုး သိမ်းထားခဲ့တဲ့ အိပ်မက်တွေကို
ကိုယ် မဟုတ်တဲ့လူတွေက ကျည်ကုန် ပစ်ခတ်လိုက်တဲ့ နေ့ တွေ ညတွေ
ဟိုး အရှေ့ ဘက်မှာ ကောင်းကင်သစ်တစ်ခု ကြွေဆင်းနေတယ်
အမှားမှား အယွင်းယွင်းနဲ့  အများသူငါကြိုက်တဲ့ ပြဇာတ်က အတွေးအခေါ်ခေါင်းပါးလွန်းတယ်
ပုံပြင်တစ်ပုဒ်ပဲ မီးရှို့ ပြမှာပါ  တကယ့် ပုံပြင်တစ်ပုဒ်ထဲ
အရပ်သုံးစကားနဲ့ ပြောရရင် ဟတ်ထိ သွားမယ်
သူနေထိုင်ရာ အရပ် နဲ့  ကိုယ်နေထိုင်ရာ အ၇ပ် မတူညီကြတော့
သူရဲ့ ဘာသာစကားနဲ့  ကိုယ့်ရဲ့ ဘာသာစကားလဲ မတူညီကြတော့ဘူး
မတူညီမှုတွေအတွက် ရန်ဖြစ်ရအောင် ကလေးတွေမဟုတ်ကြတော့ပေမယ့်
ဆွေးနွေးညှိနှိုင်းရအောင်ကလည်း အားလုံးက ထမင်းကလွဲရင် ကျန်တာ ဗိုက်ဝတဲ့ အစာလို့ မထင်တဲ့လူတွေချည်း
အတွေးတွေက တွေးရင်း တွေးရင်း ခံစားမှုတွေကို အကြိမ်ကြိမ်သတ်
ကြုံဖူးမှ သိမယ့် ကိုယ်တွေ့ ဖြစ်ရပ်တွေကလည်း အခုခေတ်မှာ အများသား
ရိုးရာ ထမင်းပွဲလေးတွေ တမ်းတရင်း နေ့ ထူးနေ့ မြတ်တွေ ကို ခလုတ်တိုက်မိတဲ့
တစ်ကိုယ်ရေ နေထိုင်ရှင်သန်မှု အတွက်
ဓူဝံကြယ်က မိနစ်ပိုင်းလောက် ကြွေပြချင်ပါတယ်တဲ့..။

                                                                                                                                   မိုးအိမ်လူ

No comments:

Post a Comment