Saturday, October 22, 2011

ငါပဲသိတဲ့ သူတို့ ရဲ့ ဧဒင်

ငါပဲသိတဲ့ သူတို့ ရဲ့ ဧဒင်


မြင်မြင်သမျှ ကြားကြားသမျှ
့ပုံရိပ်တွေ အသံတွေက
အဆွေးဓာတ်အပြည့်နဲ့ 
ပျော်ပျော်ကြီးကို လွမ်းနေကြ
ခင်ဗျားတို့  နှလုံးသားတွေ ကျန်းမာရေးကောင်းလှချည်လားဗျာ
လွဲမှားခဲ့တဲ့ အကြောင်းတရားတွေနဲ့ 
သံယောဇဉ်တွေက
ဟောဒီ ဥယျာဉ်တော်ရဲ့  အရိပ်ကနေ ထွက်ခွာမရ
နာကျင်ရတဲ့ အကြောင်း ပြောရတာလည်း မောလှပြီ
စောင့်မျှော်ရတဲ့အကြောင်းပြောရတာလည်းမောလှပြီ
အာဒံ ရေ နောက်ထပ်ပန်းသီးတစ်လုံးလောက်ရှိရင် ပေးပါဦး
ရယ်ရင်း ငိုရင်းနဲ့  ပဲ တန်းဖိုးတွေ မြှင့်ပြကြ ရွံရှာစက်ဆုတ် ပြကြ
အသက်တွေ ဂဏန်းတိုးလာလို့ လည်း  ဆင်ခြင်မှုတေကွ မှန်ကန်မလာခဲ့ကြဘူး
ပျော်ရရင် ပန်းသီးဟာ ချိုတယ်
ငိုရရင် ပန်းသီဟာ ချွဲကျပ်တယ်
ကိုယ်ပိုင် အစွဲအလမ်းလေးတွေနဲ့ 
လိုအပ်မှ ရေလောင်းပေါင်းသင်လုပ်ပြ
ဒီဥယျာဉ်တော်မှာ
ပေါင်းမြက်တွေကို ရှင်သန်ခွင့်မပေးသင့်တော့ဘူး…။
 
 
မိုးအိမ်လူ

No comments:

Post a Comment